Exit print mode Print Data A+ A- Undo all

Monstrum (2018)

Monstrum (2018)Monstrum (2018)

Synopsis:

Monstrum ဟာ ဘုရင်ဂျောင်ဂျုံလက်ထပ် ၁၅၇၂ ခုနှစ်မှာ 

တော်ဝင်နန်းတော်ကိုခြိမ်းခြောက်ခဲ့တဲ့  ထူးဆန်းတဲ့သတ္တ၀ါဆိုးကြီးအကြောင်းကို

442

မှတ်တမ်းမှတ်ရာတွေကို ပြန်လည်ရိုက်ကူးတင်ပြထားတဲ့ ကိုရီးယားနန်းတွင်း

ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်…

ဘုရင်က အဲဒီသတ္တ၀ါကြီးကို အမဲလိုက်ဖို့သူ့လူယုံတွေကို

စေခိုင်းခဲ့တဲ့အကြောင်း သမိုင်းမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်…

ရုပ်ရှင်ဒါရိုက်တာ Heo Jang-ho က 

”ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်သတ္တ၀ါအကြောင်းကို ပုံဖော်ထားပါတယ်….

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်ပုံစံကို 

အခြေခံထားတဲ့ သတ္တ၀ါတစ်ကောင်ကို ဖန်တီးခဲ့ပါတယ်…

ဒါပေမယ့် ကွဲပြားချက်ရှိနေတာက ကျွန်တော်တို့က သမိုင်းမှတ်တမ်းတွေကနေ

အိုင်ဒီယာယူထားတာလည်း ဖြစ်ပါတယ် ” လို့ သြဂုတ်လ ၁၆ ရက်နေ့က

ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်…

ဝါရင့်သရုပ်ဆောင် ကင်မြောင်မင်းက ဘုရင်ကိုထီးနန်းကနေ

ဖယ်ရှားဖို့နဲ့ အန္တရာယ်ပေးနေတဲ့ သတ္တ၀ါဆိုးကြီး နောက်ကိုထပ်ကြပ်မကွာ

လိုက်သွားခဲ့တဲ့ ဘုရင့်ရဲ့လူယုံတော် Yoon Gyeom အဖြစ်

ပါဝင်သရုပ်ဆောင်ထားပါတယ်….

မင်းသား Kim In-kwon ကတော့ရှာဖွေရေးအဖွဲ့ထဲက

Yoon ရဲ့ညာလက်ရုံး Seong-han အဖြစ်သရုပ်ဆောင်ထားပါတယ်…

နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Girl – Day မှအဆိုတော် သရုပ်ဆောင်

Hyeri က Yoon ရဲ့သမီး Myeong အဖြစ်လည်းကောင်း

မင်းသား Choi Woo-Sik ကဘုရင့်အမိန့်တော်ကို လာရောက်ပေးအပ်တဲ့

တပ်မှူးအဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်…

 

မင်းသား Kim Myung-min က ”ဇာတ်ညွှန်းကစိတ်ဝင်စားဖို့ကောင်းပြီး

ထူးခြားပါတယ်…မမြင်ရတဲ့ရန်သူကို တိုက်ခိုက်ရမယ်ဆိုတဲ့အချက်က

ကျွန်တော့ကိုစိတ်ဝင်စားစေပါတယ်…ပြီးတော့ ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့

စိတ်ကူးယဉ်နဲ့တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းကိုအခြေခံထားလို့လည်း

စိတ်ဝင်စားဖို့ကောင်းပါတယ်..’

Yoon အဖြစ်နဲ့သမိုင်းနောက်ခံဒရာမာတွေမှာ သရုပ်ဆောင်ခဲ့တဲ့ 

ဇာတ်ကောင်တွေအားလုံးကို မြင်တွေ့နိုင်မှာပါ…ကျွန်တော်အရင်တုန်းက

သရုပ်ဆောင်ခဲ့တာတွေနဲ့လည်း ဆင်တူပါတယ်…

ပြီးတော့ ဇာတ်ကောင်ကို ကျွန်တော်ပေါ့ပေါ့ပါးပါးရော

လေးလေးပင်ပင်ရော မဖြစ်အောင်ဖန်တီးထားပါတယ်…” လို့

ပြောကြားခဲ့ပါတယ်….

အခုရုပ်ရှင်ဟာ မင်းသမီး Hyeri အတွက်တော့ ပထမဆုံး ရုပ်ရှင်လည်းဖြစ်ပါတယ်….

သူက ဂျိုဆွန်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ သတ္တ၀ါအဆန်းကြီးအကြောင်း

ဖြစ်တဲ့အတွက် ရုပ်ရှင်ကပိုပြီးဆွဲဆောင်မှု့ရှိမယ်လို့  

ကျွန်မခံစားရပါတယ်…

ကျွန်မအတွက်စီနီယာကျတဲ့ သရုပ်ဆောင်ကောင်းတွေနဲ့ 

အလုပ်အတူလုပ်ရတာ ဂုဏ်ယူမိတယ် ” လို့

ပြောဆိုခဲ့ပါတယ်…

သူ့အတွက်ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပေမယ့်

ရုပ်ရှင်ရိုက်ကူးနေစဉ်နဲ့ မြှားပစ်လေ့ကျင့်ရေးတို့မှာလည်း

ပျော်ရွှင်ခဲ့ရတဲ့အကြောင်းလည်း

ပြောဆိုခဲ့ပါတယ်…

ဒီကားဟာ Rating 6 ရရှိထားပြီးတော့ Action ကားတွေကြိုက်တဲ့

လူတွေအတွက် ဇာတ်ကားအစပိုင်းမှာ အရသာပေါ့သလိုခံစားနိုင်ပေမယ့်

နောက်ပိုင်းတွေကစပြီးတော့ အပြီးထိကြည့်ချင်စိတ်ကို

ဆွဲခေါ်သွားစေနိုင်မယ့် ကားဖြစ်ပါတယ်….

(ဒီကားရဲ့ ရုပ်ရှင် အညွှန်းကိုတော့ Burma.Irrawaddy ကကူးယူဖော်ပြထားပြီးတော့

မြန်မာဘာသာပြန်အနေနဲ့ CM မှ Tartee Poe မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်…)

 

File Size : (909 MB) and (307 MB)
Quality : 720p HDRip
Running Time :1hr 45min
Format : Mp4
Genre : Action , Horror , Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Translated by Tartee Poe
Encoded by Moe Myint Lwin

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Jakseoui Byeon
Director
Huh Jong-ho
Stars
Choi Woo-shik, Kim In-kwon, Kim Myung-min, Lee Do-gyeong, Lee Hye-ri, Lee Kyu-bok, Lee Kyung-young, Park Hee-soon, Park Sung-woong
Release Date
12 September 2018 (South Korea)
Rated
15
Runtime
1 hr 45 min
Awards
N/A
Country
South Korea
Popularity
1.4
Status
Released
ID IMDb.com
tt4374286
IMDB Rating
6.0
IMDB votes
205
ID Themoviedb.org
523593
TMDb Rating
6
TMDb votes
1