Monsterz (2014)


Synopsis:
2014 ကထွက်ရှိထားတဲ့ ဂျပန်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက Drama နဲ့ Sci fi ကားလေးဖြစ်ပြီး Death Note ဇာတ်ကားနဲ့နာမည်ကြီးလာပြီး မြန်မာပရိတ်သတ်တွေနဲ့ရင်းနှီးခဲ့တဲ့မင်းသား တက်ဆုယာ က ခေါင်းဆောင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီး Japan မှာ ဒီကားက ၂၀၁၄ အတွက်ဝင်ငွေစံချိန်တွေချိုးထားပါသေးတယ်
မန်း ဆိုတဲ့လူတစ်ယောက်ကသူ့ရဲ့မျက်လုံးနဲ့တခြားလူတွေကိုကြိုးကိုင်ခြယ်လှယ်နိုင်တဲ့စွမ်းအင်ကိုရရှိခဲ့တယ်။အဲ့ဒီစွမ်းအင်ကြောင့်ပဲသူ့အမေကိုအရှက်ရအောင်လုပ်တဲ့သူ့ရဲ့ရိုင်းဆိုင်းကြမ်းတမ်းတဲ့အဖေကိုသူကိုယ်တိုင်သတ်ပစ်ခဲ့တယ်။အခုတော့သူ့ဘဝကမြို့ကြီးရဲ့အမှောင်ထုဘက်ခြမ်းမှာနေထိုင်နေရတယ်။
အဲ့ဒီအချိန်မှာပဲ ရှုအိချိ တာနကာ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပေါ်လာတယ်။သူကလည်းမိသားစုမရှိဘူး ဒါပေမယ့် သူငယ်ချင်းတွေနဲ့နေတယ်။သူကဆင်းရဲနေတာတောင်သူ့ဘဝကသာသာယာယာပါပဲ။
တစ်နေ့မှာ အဲ့လူနှစ်ယောက်ကဆုံခဲ့ကြတယ်။မန်း ကစိတ်ရှုပ်လာတယ် ဘာလို့လဲဆိုတော့ ရှုအိချိ တာနကာ ကိုသူ့ရဲ့ကြိုးကိုင်ခြယ်လှယ်လို့မရဘူးဖြစ်နေတယ်….
နောက်ပိုင်း မန်း နဲ့ ရှုအိချိ တာနကာ ဘယ်လိုတွေတိုက်ခိုက်ကြမလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့…..
Qty – 720p HDTV
Duration – 1hr 45min
Gern – Drama / Sci – Fi
Subtitle – Myanmar
Translator – Ken
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။