Monster’s Ball(2001)
A lifetime of change can happen in a single moment.

Synopsis:
Monster’s Ball ဆိုတဲ့စကားလုံးဟာ ရှေးအင်္ဂလိပ်အသုံးအနှုန်းတစ်ခုဖြစ်တယ်။ သေဒဏ်ကျလူတစ်ယောက်ရဲ့ နောက်ဆုံးည ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒီကားတစ်ကားလုံးရဲ့ ဇာတ်ရှိန်နဲ့ အဖြစ်အပျက်တွေကလည်း အဲဒီညကနေ အစပြုတယ်။
ပါဝင်တဲ့ဇာတ်ကောင်တစ်ကောင်ချင်းစီဟာ သူ့ကျရာဇာတ်ရုပ်နဲ့ လုံးဝသွေဖီခြင်းမရှိလောက်အောင်ထိကို ကောင်းလွန်းခဲ့တယ်။ ကျွန်တော်အကြိုက်ဆုံး ဇာတ်ကောင်ကတော့ Heath Ledger နဲ့ Halle Berry ရဲ့ ဇာတ်ကောင်တွေပဲ။ ဒီရုပ်ရှင်ဟာ Heath Ledger ရဲ့ သရုပ်ဆောင်ဘဝ အစပိုင်းကို အရောင်တင်ပေးခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့တယ်။ Halle Berry အတွက်လည်း အော်စကာဆုကြီးကို ပိုင်ပိုင်နိုင်နိုင် ဆွတ်ခူးနိုင်စေခဲ့တဲ့ကားဖြစ်တယ်။
ဒီကားရဲ့ ဇာတ်လမ်းကို ပြောပါဆို ကျွန်တော်ပြောတတ်မှာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်း မင်းသားနဲ့ မင်းသမီးညားကြတဲ့ကားဆိုပြီး ပြောလိုက်ရင် ဒီရုပ်ရှင်ကို စော်ကားရာကျသလိုဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကြည့်ပြီး ရလာတဲ့ ခံစားချက်တွေကတော့ တစ်ပတ်လောက်ထိ ဆက်ရှိနေမှာ အသေအချာပါပဲ။
ဒါပေမယ့် ဇာတ်လမ်းကို သေချာပိုင်းခြားလိုက်ရင် နှစ်ပိုင်းတော့ ထွက်လာနိုင်တယ်။ Hank ရဲ့ ဇာတ်လမ်းနဲ့ Leticia ရဲ့ ဇာတ်လမ်းပေါ့။ ဒီလူနှစ်ယောက်ဟာ ဇာတ်လမ်းအဆုံးထိ ဘယ်သူက ဘယ်သူမှန်း သေချာတောင် သိသွားခဲ့ကြတာမဟုတ်ဘူး။ ဒါပေမယ့် ဒီလူနှစ်ယောက်ကို ဆုံတွေ့ရအောင် ဖန်ပေးခဲ့တဲ့ ကံဇာတ်ဆရာကတော့ အတော်လေးကို ရက်စက်လွန်းခဲ့တယ်။
ရုပ်ရှင်ရဲ့ တချို့နေရာတွေမှာ ခင်ဗျား ငိုမိကောင်း ငိုမိလိမ့်မယ်။ တချို့နေရာတွေမှာတော့ မှင်သက်ပြီး ငူငူကြီး ဖြစ်သွားရင်ဖြစ်သွားလိမ့်မယ်။ အဲဒီလို ဖြစ်ရအောင်လည်း ဇာတ်ညွှန်းဟာ သိပ်ကိုပြီးပြည့်စုံလွန်းပါတယ်။ ဇာတ်ကောင်တွေတိုင်းရဲ့ လုပ်ရပ်တိုင်းမှာ အဓိပ္ပာယ်ရှိတယ်။ ဒီလူ ဘာအကြောင်းကြောင့် ဒီလိုလုပ်လဲဆိုတာကို ကြည့်တဲ့သူကို အတင်းမစဉ်းစားခိုင်းထားဘူး။ ဖြေလည်း မဖြေရှင်းပြထားဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ တဖြည်းဖြည်းနားလည်လာတယ်။ အဲဒါဟာ ဒီရုပ်ရှင်ရဲ့ လှပမှုပဲ။
ဒီအညွှန်းကိုဖတ်ပြီး ဘာတွေမှန်းမသိဘူးလို့ တွေးမိရင်တော့ ကျွန်တော်တောင်းပန်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းဟာ ပြောပြရတာထက် ကိုယ်တိုင်ကြည့်လိုက်တာက ပိုပြီး ခံစားမိစေလို့ပါ။ ခင်ဗျားတို့လည်း ကြည့်ပြီးရင် ထုတ်မပြောတတ်တဲ့ ခံစားမှုတစ်ခုခုကျန်ခဲ့မှာ အသေအချာပါပဲ။
File size…(1.8 GB)/ (900 MB)/ (352MB)
Quality…Bluray
Format…mp4
Duration….01:51:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….d3mon
Translated by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။