Exit print mode Print Data A+ A- Undo all

Monster Mash ( 2024 )

Monster Mash ( 2024 )Monster Mash ( 2024 )

Synopsis:

ဒီရုပ်ရှင်ဟာဆိုရင်တော့ ဒရက်ကူလာ၊ ကိုယ်ပျောက်လူသား၊ မံမီ၊ သမန်းဝံပုလွေ၊
ဖရန်ကင်စတိုင်း၊ အစရှိတဲ့ ဒဏ္ဍာရီတွင်တဲ့ သတ္တဝါကြီးတွေ၊
ဇာတ်လမ်းတွေ အကုန်လုံးကို ပေါင်းထားတာပါ။
Hotel Transylvania ရုပ်ရှင်ထဲကလိုမျိုးပါပဲ။
Tom Cruise ရဲ့ The Mummy ရုပ်ရှင်နဲ့အစပြုလို့
Universal Studio ကနေ တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး
မအောင်မြင်ခဲ့တဲ့ Dark Universe ရဲ့ ဖြစ်လာသင့်တဲ့ ပုံစံမျိုးလို့ ပြောရမှာပါ။

ဒါပေမယ့် ဒါကတော့ low budget အမျိုးအစားဖြစ်လို့ တချို့နေရာတွေမှာ
လိုအပ်ချက်တော့ ရှိနေမှာပါ။ အတည်ပေါက်လုပ်ထားပေမယ့်
တချို့ ကြောင်တောင်တောင် အကွက်တွေ ပါနေတာမျိုးကိုတော့ သည်းခံကြည့်ရမှာပါ။
ဒါပေမယ့် ရှေးဟောင်းစတိုင် Horror ရှပ်ရှင်ပုံစံမျိုး
ရိုက်ကူးထားတာမို့ ကြည့်ရတာ တော့ တစ်မျိုးဆန်းနေမှာပါ။

442

ဇာတ်လမ်းအကျဉ်းကတော့ ကန်ဒယ်ဝုဒ်ရွာလေးရဲ့ တစ်နေရာတွေဆီမှာ
ဒရက်ကူလာ၊ မံမီ၊ သမန်းဝံပုလွေနဲ့ ကိုယ်ပျောက်လူသားတို့ဟာ အသီးသီး
လူသားတွေနဲ့ ဝေးရာမှာ ပုန်းကွယ်ကြီးနေကြပါတယ်။
ဖရန်ကင်စတိုင်း ဖန်တီးထားတဲ့ သတ္တဝါကြီးဟာ ဒရက်ကူလာရဲ့ သမီး
အယ်လီဆာဘက်တာ့ကို ဖမ်းသွားပါတယ်။ ဒါပေမယ့် ဖရန်ကင်စတိုင်းဟာ
အဲမှာတင် ရပ်မနေဘဲ ရွာနားတစ်ဝှိက်မှာရှိနေတဲ့ သတ္တဝါအားလုံးကို
ပစ်မှတ်ထားပြီး သူတို့ဆီကနေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ လုယူဖို့ ကြိုးစားပါတယ်။

ဒရက်ကူလာလည်း သူ့သမီးအဖမ်းခံရပြီး တခြားသတ္တဝါတွေ
တိုက်ခိုက်ခံရတာကို လိုက်စုံစမ်းရင်း မံမီ၊ သမန်းဝံပုလွေ၊
ကိုယ်ပျောက်လူသားတို့နဲ့ အဖွဲ့ကျသွားပါတယ်။ ဖရန်ကင်စတိုင်းရဲ့
ရည်မှန်းချက်ကဘာလဲ၊ ဒရက်ကူလာတို့အဖွဲ့ကရော
ဖရန်ကင်စတိုင်းနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မှာလားဆိုတာကိုတော့ ဆက်လက်ကြည့်လိုက်ပါဦး

Quality : WEB-DL 1080p , 720p
Format : mp4
Genres : Horror , Action , Fantasy
Runtime : 1h 30 min
Subtitle : Myanmar Subtitle ( Hardsub )
Translated & Reviewed By Leonard Lin
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Jose Prendes
Stars
Adam Slemon, Emma Reinagel, Ethan Daniel Corbett, Gabriel Pranter, Maddie Lane, Michael Madsen, Michelle Bauer
Release Date
2024
Runtime
1h 25 min
Popularity
30.659
Status
Released
ID IMDb.com
1265647
IMDB Rating
5.8
IMDB votes
4
ID Themoviedb.org
1265647
TMDb Rating
5.8
TMDb votes
4