Money Shot: The Pornhub Story (2023)
~ Rotten Tomatoes – 69% ~
(အပြာ ဝက်ဆိုဒ် ပွန်းဟတ်အကြောင်းရိုက်ပြထားတာကြောင့် ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ တပုံကြီးပါတာကြောင့် ၁၈ နှစ်ပြည့်မှ ကြည့်စေလိုပါတယ်)
ကမ္ဘာပေါ်မှာလူကြည့်အများဆုံး ၁၀ခုမြောက် ဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ ပွန်းဟတ်ရဲ့ ဖြတ်သန်းလာရတဲ့ အခက်အခဲတွေကို Netflix က မှတ်တမ်းရုပ်ရှင်ရိုက်ထားတာပဲဖြစ်ပါတယ်။
ကုမ္ပဏီစစထောင်ချင်းကတော့ နည်းပညာပိုင်းဆိုင်ရာကုမ္ပဏီပေမယ့် နောက်ပိုင်း လူတွေ အပြာဓါတ်ပုံတွေ ဗီဒီယိုတွေ ဝေမျှဖို့ ဝက်ဆိုဒ်လုပ်ရင်း အဲ့ဒီကရတဲ့ ကြော်ငြာခတွေကနေ ချမ်းသာလာပြီး ကမ္ဘာလူအကြည့်အများဆုံးဝက်ဆိုဒ်တစ်ခုဖြစ်လာတဲ့ပွန်းဟတ်…
တစ်ဖက်မှာလည်း ပွန်းဟတ်ပေါ်မှာ ဘယ်အရာမဆို ကန့်သတ်ချက်မရှိ ဝေမျှလို့ရတဲ့အချက်ကြောင့် လူဝင်များလာတဲ့အလျောက် ကလေးသူငယ်ဆိုင်ရာ လိင်အကြမ်းဖက်မှုတွေ မုဒိမ်းကျင့်တဲ့ဗီဒီယိုတွေ ဝက်ဆိုဒ်ထဲ အမည်မသိပဲ တင်လာကြတဲ့အခါ… ပွန်းဟတ်အတွက် ဘယ်လိုနစ်နာမှုတွေဖြစ်လာစေလဲ ဘာတွေရင်ဆိုင်ရမလဲဆိုတာတွေ…
၂၀၂၀ နှောင်းပိုင်းမှာ လိုင်လာဆိုတဲ့အမျိုးသမီးစတင်လိုက်တဲ့ ပွန်းဟတ်ဖြုတ်ချရေး ကမ်ပိန်းကရော ပွန်းဟတ်ကို ဘယ်လောက်ထိရိုက်ခတ်သွားလဲ၊ ဘာတွေပြောင်းလဲပေးလိုက်ရလဲဆိုတာတွေ …
ရုတ်တရက် အသစ်ထွက်ရှိလာတဲ့ဥပဒေတွေ၊ ကမ်ပိန်းတွေကြောင့် ဒါကို မှီခိုနေရတဲ့ လိင်လုပ်သားတွေအပေါ် ဘယ်လောက်ရိုက်ခတ်သွားလဲ၊ သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ၊ ဒီလိုဖြစ်သွားတာတွေအပေါ် သူတို့ အမြင်ကရောဘာတွေ… ဆိုတာကို ဘက်ပေါင်းစုံကနေ ရိုက်ပြထားတဲ့ မှတ်တမ်းရုပ်ရှင်ကောင်းတစ်ခုပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 1.8GB, 800MB
Quality – 1080p, 720p
Format – mp4
Duration – 1H 35Min
Genre – Documentary
Subtitle – Myanmar Subtitle (Hardsub)
Translated by DB
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။