Money Heist: The Phenomenon (2020)


Synopsis:
Money Heist လို့ ခေါ်တဲ့ စပိန်စီးရီး ဟာ
လက်ရှိမှာ အရမ်းအောင်မြင်ပြီး တစ်နှစ်မှာ Season တစ်ခုထွက်ဖို့
လူတိုင်းစောင့်မျှော်နေရတဲ့ အရမ်းအောင်မြင်တဲ့ ဇတ်လမ်းတွဲဖြစ်ပါတယ်
အဓိက ဇတ်ကောင်တွေ ဖြစ်တဲ့ ပရော်ဖက်ဆာ ၊ ဘာလင် ၊ ဒန်ဘာ ၊ တိုကျို ၊ နိုင်ရိုဘီ
တို့ဆို မသိသူမရှိသလောက် ချစ်ကြတဲ့ သူတွေ များပါတယ်…
ဒီလို မအောင်မြင်ခင်က ပိတ်ကားနောက်ကွယ်ကို ကြည့်မယ်ဆိုရင်
ဒီ ဘဏ်ဓါးမြတိုက်တဲ့ စီးရီးကို ၂၀၁၇ က စပိန်နိုင်ငံရဲ့ ဖရီးရုပ်သံလိုင်းမှာ
ပြသခဲ့တာ ဖြစ်ပြီး စစပြချင်းတော့ စပိန်နိုင်ငံအဝှမ်းကြည့်ရှု့သူများပါတယ်
ဒါပေမဲ့ Season 2 ကို အရောက် ကြည့်ရှုသူ နည်းခဲ့ပြီး ရိုက်ကူးရေးကို
လုံး၀ ရပ်ဆိုင်းပစ်ခဲ့ရပါတယ်…
ပြောရရင် ရှုံးနိမ့်သွားခဲ့တဲ့ ဇတ်လမ်းတစ်ခုပါပဲ
ဒီလိုပြောရင် ခင်ဗျားတို့က ရယ်နေမှာပဲ ဟာ ဖြစ်နိုင်ပါ့မလားပေါ့…
ဒီလို နဲ့ Netflix ဟာ သူ့ရုပ်သံလိုင်းမှာ ပြသဖို့ စပိန် ရုပ်ရှင် နဲ့ ဇတ်လမ်းတွဲတွေကို
ဝယ်တဲ့ အခါ ဒီ Money Heist စီးရီးကိုပါ ဝယ်ယူပြသခဲ့ပါတယ်…
ဒီအခါမှာ ပရိုဂျူဆာ ၊ ဒါရိုက်တာ နဲ့ သရုပ်ဆောင်တွေ အားလုံးဟာ
ချက်ချင်းဆိုသလို လူသိများပြီး နာမည်ကြီးသွားခဲ့ပါတယ်…
နောက်ဆုံး Money Heist ရဲ့ အရှိန်ကြောင့် Netflix က
Money Heist ရဲ့ နောက်ဆက်တွဲတွေကို ဆက်ရိုက်ဖို့ အတွက်
ကမ်းလှမ်းခဲ့တာကြောင့် ကျနော်တို့ Season 3 နဲ့ Season 4 ကို
ဆက်ကြည့်ခဲ့ကြရတာ ဖြစ်ပါတယ်….
ကျနော် တို့ ကြည့်ခဲ့ရတဲ့ မြင်ကွင်းတွေ ဟာ လွယ်ကူပေမဲ့
ရိုက်ကွင်းနောက်ကွယ်က အခက်အခဲတွေကို ဒီဗီဒီယိုလေးမှာ
ပြန်ကြည့်ရင်း Money Heist အဖွဲ့သားတွေ နဲ့ Netflix ကို
ကျေးဇူးတင်မိကြမှာပါ…
ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး
ကမ္ဘာတဝှမ်း အရမ်းအောင်မြင်တဲ့ သူတို့ရဲ့
နောက်ကွယ်မှာ ဘာတွေ ဖြစ်ခဲ့ကြသလဲ ဆိုတာ
ကြည့်လိုက်ရအောင်လားဗျာ….
ဒီ မှတ်တမ်းရုပ်ရှင်ကို ဘာသာပြန်ပေးထားတာကတော့
Lampard ဖြစ်ပြီး
Thit San Khant မှ အညွှန်းရေးပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။