Miss Saigon: 25th Anniversary (2016)

Synopsis:
UNICODE
ဒီဇာတ်ကားလေးက သီချင်းပြဇာတ်လေးတစ်ခုပဲဖြစ်ပါတယ်
တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ Miss Saigon ပြဇာတ် ၂၅ နှစ်ပြည့်
အထိမ်းအမှတ်အနေနဲ့ လန်ဒန်မြို့မှာ ပြန်လည် ကပြတာပဲ ဖြစ်ပါတယ်
ပြဇာတ်ဆိုပေမဲ့ ပေးနိုင်တဲ့ရသက အထူးကိုကောင်းမွန်ပြီးတော့
ဇာတ်အိမ်ကောင်းမွန်တာကိုတွေ့ရပါတယ်
ဇာတ်လမ်းကိုတော့ အမေရိကန် ဗီယက်နမ် စစ်ပွဲ အဆုံးသတ်ခါနီး
အချိန်လောက်မှာဇာတ်အိမ်တည်ထားပါတယ်။ထိုစဉ်အခါက ဗီယက်နမ်မှာ
စစ်ပွဲဒဏ်ကြောင့် ပြည်သူတွေကလဲ ဆင်းရဲမွဲတေမှု့ကို ခံစားနေရတဲ့အချိန်ပါ
စစ်ပွဲကြောင့် မိသားစုနဲ့ကွဲ မိဘတွေ သေဆုံး ဖြစ်ရရှာတဲ့ အမျိုးသမီးလေးတွေဟာ
အမေရိကန် စစ်သားတွေကို ဖျော်ဖြေရတဲ့ ပြည့်တန်ဆာလေးတွေ ဖြစ်လာပါတော့တယ်
ကင်မ်ကလဲ သူတို့ထဲက တစ်ယောက်ပါ … အသက် ၁၇ နှစ်သာ ရှိသေးတဲ့ မိန်းမပျိုလေးက
မိဘတွေ စစ်အတွင်းမှာ သေဆုံးပြီးတော့ ဆိုင်ဂုံမှာရှိတဲ့ ပြည့်တန်ဆာခန်းကိုရောက်ရှိခဲ့ပါတယ်
အဲ့ဒီပြည့်တန်ဆာခန်းမှာရှိတဲ့ မိန်းမပျိုတိုင်းရဲ့ အိပ်မက်ကတော့ အမေရိကန် စစ်သားတွေက
သူတို့ကို တစ်ချိန်မှာ အမေရိကန်ကိုခေါ်သွားပြီး သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းဖို့ပါ
ကင်မ်ကို တော့ ခရစ် ဆိုတဲ့ စိတ်သဘောထားကောင်းတဲ့ စစ်သားလေးက
ဂရုဏာ သက်ဝင် ချစ်ခင်မိသွားပြီးတော့ အမေရိကန်ကို ခေါ်သွားဖို့ကြံပါတော့တယ်…
ဒါပေမဲ့ မမျှော်လင့်တဲ့ အခြေအနေဆိုတာ အချိန်ခါအတိုင်းမှာဖြစ်လာတက်ပါတယ်
အမေရိကန်ကို မခေါ်သွားနိုင်ခဲ့ပဲ နှစ်များစွာကြာပြီးတော့မှ အိမ်ထောင်ကျနေတဲ့
အခြေတကျဖြစ်နေတဲ့ ခရစ္စမှာ ကင်မ် သက်ရှိထင်ရှားရှိနေသေးကြောင်း
သူနဲ့ ရထားတဲ့ သားတစ်ယောက်ရှိနေကြောင်း သိလိုက်ရတဲ့ အခါမှာတော့…..
ဒီဇတ်ကားကို အညွှန်းရေးပေးထားသူကတော့ Tariq L Walker ဖြစ်ပါတယ်…
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။