Miss Granny (2014)


Synopsis:
CM ပရိတ်သတ်တွေထဲမှာ ကိုးရီးယားဇာတ်လမ်းကိုမှ နှစ်ခြိုက်ပြီး စွဲစွဲမြဲမြဲအားပေးနေတဲ့သူတွေရှိလား…
ဒီတခေါက်တင်ဆက်ပေးချင်တဲ့ ကိုးရီးယားဇာတ်လမ်းကတော့ ပျင်းလဲမပျင်းရဘူး ရယ်နေရမယ် ငိုရမယ့်ဇာတ်ဝင်ခန်းလဲပါမယ်..
စိတ်ဝင်စားဖို့လဲကောင်းမယ်
ဒီဇာတ်လမ်းကို Chinese က Remake ပြန်လုပ်ထားတဲ့ version တောင်ရှိပါတယ်…
ကဲ စိတ်ဝင်စားသွားကြပြီထင်ပါတယ်..
ဇာတ်လမ်းနာမည်ကတော့ “Miss Granny”တဲ့..
အညွှန်းလေးကို ဖတ်ကြည့်ပါဦး..
အသက် ၇၄ နှစ်အရွယ် အဖွား အိုမယ်ဆွန်းဟာ တစ်ကိုယ်တည်း ရပ်တည်ပြီးသားဖြစ်သူကို ပြုစုပျိုးထောင်ခဲ့သူပါ..
သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်
ကံဆိုးချင်တော့ သူချစ်ရတဲ့ ခင်ပွန်းဟာလဲ စစ်တိုက်ရင်း စစ်ပွဲကျကာ အသက်ငယ်ငယ်နဲ့ မုဆိုးမ ဖြစ်သွားပါတော့တယ်…
ကလေးတစ်ယောက်နဲ့ အားကိုးမယ့်သူမရှိ ငွေကြေးကလဲအဆင်မပြေ အသက်ကလဲငယ်သေးတော့ မယ်ဆွန်းအတွက် ဘဝဟာခက်ခဲပင်ပန်းခဲ့ပါတယ်..
သူ့ရဲ့ ငယ်ရွယ်မှုတွေ ဝါသနာတွေကို သားလေးအတွက် မြှုပ်နှံပေးဆပ်ခဲ့ပါတယ်…
သူ့ရဲ့ သားလေးအပေါ်သွန်သင်ဆုံးမမှုတွေက အချည်းနှီးမဖြစ်ခဲ့ပါဘူး..
သားဖြစ်သူဟာ ပါမောက္ခတစ်ယောက်ဖြစ်ခဲ့ပြီး အိမ်ထောင်ကျကာ သမီးတစ်ယောက် သားတစ်ယောက်ပိုင်ဆိုင်ခဲ့ပါတယ်..
မယ်ဆွန်းဟာ အဖိုးကြီးအဖွားကြီးထုံးစံအတိုင်း ချွေးမဖြစ်သူကို နေ့စဉ်ပွစိပွစိ ပြောတတ်ပါတယ်..
ချွေးမဖြစ်သူဟာ ကျန်းမာရေးကောင်းမွန်သူတော့မဟုတ်ပါဘူး
ယောက္ခမ ပူညံသံကတစ်မျိုး ကျန်းမာရေးက တမျိုးနဲ့ တစ်နေ့အိပ်ရာထဲလဲပါတော့တယ်.
.ယောက္ခမ ကြောင့်စိတ်ဖိစီးနေတဲ့ ချွေးမဟာ မယ်ဆွန်းအဖွားကြီးကို မတွေ့ချင်တော့တဲ့အထိဖြစ်ခဲ့ရပါတယ်..
ဒါကိုသိတဲ့ အဖွားမယ်ဆွန်းဟာ သူ့သားဖွင့်ပေးထားတဲ့ ကဖေးဆိုင်မှာသာ သွားနေပါတော့တယ်…
တစ်နေ့ မယ်ဆွန်းဟာ ချုံချွန်းဓာတ်ပုံစတူဒီယိုဆိုပြီး ဆိုင်တစ်ဆိုင်ကိုတွေ့ခဲ့ပါတယ်..
ဓာတ်ပုံဆိုင်က ထွက်လာချိန်မှာတော့ သူဟာ အသက် ၂၀ ၂၁ အရွယ် မိန်းမပျိုလေးအဖြစ် ပြောင်းလဲသွားပါတော့တယ်…
ဒီနောက်ပိုင်းဘာတွေဆက်ဖြစ်မလဲ CM ပရိတ်သတ်တွေကပဲ ကြည့်ရှုခံစားကြပါဦး..
File Size : (950 MB) and (370 MB)
Quality : Blu-Ray 720p
Running Time : 2hr 4min
Format : Mp4
Genre :Comedy, Fantasy, Music
Subtitle : Myanmar Subtitle (Hard Sub)
Source : BluRay 720p DTS.x264-CHD
Translated by Maybe & Novely
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။