Miracles From Heaven (2016)

Synopsis:
Base on the incredible story တဲ့
ဒီဇာတ်လမ်းထဲမှာ
မယုံကြည်နိုင်စရာ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး
ရိုက်ကူးတာပါ ဇာတ်လမ်းအကျဉ်းကတော့ ဘာသာရေး
သက်ဝင်ယုံကြည်လိုက်စားတဲ့ ဘီးမ်း မိသားစုမှာ
ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတယ်
မိသားစုထဲက သမီးငယ်လေး အန်နေဘယ် ဘီးမ် မှာ ကုသလို့
မဖြစ်နိုင်တော့တဲ့ ရောဂါတစ်ခု စွဲကပ်လာတာပါ
မိသားစုထဲက သမီးငယ်လေး ရောဂါစွဲကပ်လာတဲ့အခါ
မိခင်ဖြစ်သူဟာလည်း အပူပင်ကြီးစွာနဲ့ ဆောက်တည်ရာမရပဲ
ရသမျှ နည်းလမ်းရှာကြံကာ ကုသဖို့ ကြံပါသော်လည်း
မြို့မှာရှိတဲ့ အတော်ဆုံးပါလို့ပြောတဲ့ ဆရာဝန်ကိုယ်တိုင်က
လက်လျော့လိုက်ရတဲ့ အခြေနေပါ
ဒီဇာတ်လမ်းထဲမှာ
မိဘတွေရဲ့ မေတ္တာတရားကြီးမားပုံကို မြင်တွေ့ရမှာ ဖြစ်သလို
ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးထားလို့ ဇာတ်ကားတစ်ကားကို
ကြည့်နေရသလို မဖြစ်ပဲ အပြင်မှာ တကယ်ကြုံတွေ့နေရတဲ့
မိသားစုလေးကို ကြည့်နေရသလို ဂရုဏာသက်မှုမျိုးလည်း
ခံစားမိစေပါတယ် Rating ကလည်း 7 အထိ ရရှိထားတာကြောင့်
ကြည့်ရှုဖို့တန်တဲ့ကားလေးတစ်ကားပါ ဇာတ်လမ်းကိုသိချင်စိတ်အရမ်းဖြစ်ပြီး
နောက်ဆုံးကို ကျော်မကြည့်ဖို့တော့ ကြိုပြောထားပါရစေ
(ဘာသာပြန်သူကတော့ Poe Thinzar Kyaw ဖြစ်ပါတယ်ဗျ )]
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။