Exit print mode Print Data A+ A- Undo all

Min & Max (2016)

Min & Max (2016)Min & Max (2016)

Synopsis:

Min & Max 2016 Movie

“ပုတု နဲ့ လောရှည်”

442

ဒီတစ်ခါမှာတော့ ၂၀၁၆ တုန်းကထွက်ရှိထားတဲ့ Movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
လောကကြီးမှာ ဆန့်ကျင်ဘက်တွေအများကြီးရှိနေတဲ့ထဲ ချစ်စရာကောင်းတဲ့ ဆန့်ကျင်ဘက်ဆိုတာလည်း ရှိနိုင်ပါတယ်နော်။

“ချစ်စရာကောင်းတဲ့စုံတွဲ” လို့ပြောလိုက်တာနဲ့ အရပ်ခပ်ပုပုကောင်မလေးနဲ့ အရပ်ခပ်မြင့်မြင့်ကောင်လေးကို မြင်ယောင်မိကြမှာပေါ့။

ဟုတ်ပါတယ် “Min & Max” လို့အမည်ရတဲ့ စိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းလေးမှာ ထိုကဲ့သို့ ချစ်စရာကောင်းတဲ့ စုံတွဲလေးကို အဓိကထားပုံဖော်ထားပါတယ်။

တက္ကသိုလ်တစ်ခုလုံးမှာရှိတဲ့ မိန်းကလေးတွေရဲ့ အသည်းကိုဖမ်းဆုပ်ထားတဲ့ အရပ်ခပ်မြင့်မြင့် ဘွဲ့လွန်ကျောင်းသား စွဲညှို့ရှင်မင်းသားလေး ကျန်းရှောင်… သူက သိပ်တော်တဲ့ ဓာတ်ပုံဆရာပီပီ မိန်းမလှလေးတွေက သူ့နားမှာအမြဲဝိုင်းနေတတ်တယ်။

So World လို့အမည်ရတဲ့ ဂိမ်းပြိုင်ပွဲမှာ ပထမဆုကို လေးကြိမ်တိုင်တိုင် ရထားဖူးတဲ့ ရှားရှီးလင်း… သူမလေးကတော့ ဒုတိယနှစ်ရဲ့ စိတ်ပညာမေဂျာက လူကောင်သေးသေး ကောင်မလေးလို့ လူသိများတယ်လေ။
ရင်းနီးတဲ့ သူငယ်ချင်းတချို့ကတော့ ရှားမင်လို့ ခေါ်ကြပါတယ်။

တစ်နေ့မှာတော့ စွဲညှို့ရှင်မင်းသားလေး ကျန်းရှောင်နဲ့ လူကောင်သေးသေး ကောင်မလေး ရှားမင်တို့ မတော်တဆဆုံတွေ့ဖြစ်ကြပြီးတော့ ဘတ်စကက်ဘောနဲ့တိုက်ကွမ်ဒို ကစားနည်းနှစ်မျိုးကို တစ်ဦးချင်း ယှဉ်ပြိုင်ဖြစ်ခဲ့ကြပါတယ်။

ကောင်းကင်ပေါ်က နတ်သကြားအပေါင်း သူတော်ကောင်းတွေက ဘယ်လို မစလိုက်လဲတော့ မပြောတတ်တော့ဘူး… သေးငယ်လွန်းတဲ့ ရှားမင်က သူ့ထပ်နှစ်ဆလောက်ကြီးတဲ့ ကျန်းရှောင်ကို ကစားနည်းနှစ်မျိုးလုံးမှာ အနိုင်ရသွားပါလေရော။

ကယ်… ကံကြမ္မာကဖန်တီးပေးလိုက်တယ်ပဲ ပြောရမလား ပြိုင်ပွဲကို ကြည့်နေကြတဲ့ ပရိတ်သတ်တွေက ရှားမင်နဲ့ကျန်းရှောင်တို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်လွန်းတဲ့ အရပ်တွေကို ဟာသအမြင်နဲ့ ဓာတ်ပုံရိုက်ပြီးတော့ တရုတ်စာမျက်နှာ Weibo မှာ တင်လိုက်တာပေါ့နော်။

အဲ့သည်လိုနဲ့ ရှားမင်နဲ့ကျန်းရှောင်တို့က တက္ကသိုလ်တစ်ခုလုံးသာမက အပြင်လူတွေပါသိကြတဲ့
“ပုတု နဲ့ လောရှည်” ဆိုတဲ့ ဆန့်ကျင်ဘက်စုံတွဲလေး ဖြစ်လာခဲ့ပါတယ်။
ကျန်းရှောင်က တဖြေးဖြေး ရှားမင်ကို သဘောကျမိလာပေမဲ့ ရှားမင်မှာက အဝေးရောက်နေတဲ့ချစ်ရသူ ရှိနေခဲ့ပါတယ်။

“ပုတု နဲ့ လောရှည်” အတွဲလေး ဘာတွေဆက်ဖြစ်ကြမလဲ မိမိတို့ဘာသာ ကြည့်လိုက်ကြပါတော့နော်…

(ဇာတ်ညွှန်းနဲ့ ဇာတ်ကားဘာသာပြန်ပေးသူက Nway Htwe Aung ဖြစ်ပါတယ်)

Native Title: 最萌身高差
Also Known As: 爱在2.5次元 ,
Genres : Friendship, Comedy, Romance
Release Date: Nov 25, 2016

 

File size__( 760 MB) and ( 300 MB)
Quality__ 720p
IMDb Rating__5.7/10
Format__mp4
Duration__01:28:41
Type__Comedy, Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by Nway Htwe Aung
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Min & Max
Stars
Godfrey Gao, Wang Shuilin
Release Date
27 Nov 2016
Rated
N/A
Runtime
95 min
Awards
N/A
Country
China
Popularity
0.919
Status
Released
ID IMDb.com
tt6446772
IMDB Rating
5.6
IMDB votes
27
ID Themoviedb.org
435680
TMDb Rating
7.5
TMDb votes
2