Midnight Sun(2006)
A girl hated by the sun ... A miracle given by the night

Synopsis:
Midnight Sun(2006)
တချို့သောသူတွေမှာ မွေးရာပါပင်ကိုယ်ဗီဇအရ ဓာတ်မတည့်မှုတွေရှိပါတယ် များသောအားဖြင့်
တိရစ္ဆာန်တွေနဲ့ဓာတ်မတည့်တာ အစားအသောက်တွေနဲ့ပတ်သက်ပြီး ဓာတ်မတည့်မှုတွေပါ ဒီလိုဓာတ်မတည့်မှုတွေထဲကမှ
ရှားပါးဖြစ်စဉ်တစ်ခုကတော့ Xeroderma Pigmentosum(XP) လို့ခေါ်တဲ့ နေအလင်းရောင်နဲ့ဓာတ်မတည့်မှုပဲ ဖြစ်ပါတယ်…
ယခုတင်ဆက်ပေးတဲ့ Midnight Sun ဇာတ်ကားလေးထဲမှာတော့ ကာအိုရူဆိုတဲ့မိန်းကလေးဟာ XP ရောဂါခံစားနေရတဲ့သူလေးတစ်ဦးပါ
သီချင်းဆိုရတာကို အရမ်းဝါသနာပေမဲ့ နေရောင်ခြည်နဲ့ဓာတ်မတည့်မှုကြောင့် ညအခါမှသာ အပြင်ထွက်ရသူလေးပါ
ကိုယ်ပိုင်သီချင်းလေးတွေရေးစပ်ပြီး ညဘက်တွေမှာတော့ ဂစ်တာလေးနဲ့လှည့်လည်သီဆိုပါတယ်…
ဒီ့နောက်မှာတော့ ကိုဂျီဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး
ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမှာလဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါ ….ဒါ့အပြင် ကာအိုရူအဖြစ်သရုပ်ဆောင်ထားတဲ့
ယူကီဟာ အပြင်မှာလည်း အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး Guitar နဲ့ Piano တွေကိုလည်း ကျွမ်းကျင်စွာတီးခတ်နိုင်သူတစ်ယောက်ပါ
ဒီဇာတ်ကားဟာ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ် ….ဇာတ်လမ်းထဲမှာပါဝင်တဲ့သီချင်းလေးတွေဟာလည်း
သူ့ရဲ့ကိုယ်ပိုင်သီချင်းတွေဖြစ်ပြီး အရမ်းနားထောင်ကောင်းတဲ့ သီချင်းလေးတွေဖြစ်တာကြောင့်
သင်တို့အတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်…..ရင်ခုန်စိတ်လှုပ်ရှားပြီး ကြည်နူးဆွတ်ပျံဖွယ်စိတ်ကူးယာဉ်ကမ္ဘာငယ်လေးထဲကို
တစ်ဒင်္ဂ ခိုနားချင်ရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ …
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ပဲဖြစ်ပါတယ်….
စကားမစပ် မင်းသမီးလေးက အရမ်းကိုလှလွန်းတယ်…..
File Size : (800 MB) and (349 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:59:00
Genre : Drama, Romance |
Subtitle : Myanmar Subtitle (Hard Sub)
Translated by Lyric Lynn Khant
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။