Matriarch (2022)
The mother of all evil.

Synopsis:
Horror ကားကြိုက်တဲ့ ပရိသတ်ကြီးအတွက်
စားသောက်နေတုန်း မကြည့်သင့်တဲ့ကားလေး လာပါပြီ။
တော်ရုံ သရဲကားတိုင်းမှာ ကြည့်ဖူးနေကျ Jump Scare တွေမပါတာတစ်ခုတော့ သဘောကျမိတယ်။
ဇာတ်လမ်းကတော့ အင်္ဂလိပ်ရိုးရာပုံပြင်ကို စိတ်ကူးပုံဖော်ထားပြီး ဖြည်းဖြည်းချင်း ဇာတ်ရှိန်တက်သွားတဲ့ horror ဇာတ်လမ်းမျိုးပါပဲ။
မြို့ပေါ်မှာ တစ်ကိုယ်တည်းနေတဲ့ လော်ရာဆိုတဲ့ အမျိုးသမီးက ဆေးလွန်ပြီးသေတော့မလို ဖြစ်ခဲ့ပေမယ့် ထူးဆန်းတဲ့အရာတစ်ခုရဲ့ ကယ်တင်မှုကြောင့် အသက်ပြန်ရှင်လာခဲ့ပါတယ်။
ဘာမှန်းမသိတဲ့ ရှုပ်ထွေးမှုတွေကို အဖြေရှာမရတဲ့အချိန်မှာ သူ့ကို အနှစ် ၂၀ လုံးစွန့်ပစ်ခဲ့တဲ့ အမေဖြစ်သူဆီက ဆက်သွယ်လာပြီး အိမ်ပြန်လာဖို့ နားချခဲ့တာကြောင့် လော်ရာတစ်ယောက် သူ့ရဲ့ဇာတိရွာလေးကို ပြန်လာတဲ့အချိန်မှာတော့ ထူးဆန်းမှုတွေ တစ်ခုပြီးတစ်ခု ကြုံလာရပါတော့တယ်။
ပထမဆုံးကတော့ လူတွေက အသက်မကြီးသွားကြတာပါပဲ။သူ့အမေ ကတောင် သူနဲ့မတိမ်းမယိမ်း ဖြစ်နေပြီး ကျန်တဲ့ ရွာထဲကလူတွေ အားလုံးကလည်း သူ ငယ်ငယ်တုန်းက အတိုင်းပဲ အိုမင်းသွားခြင်းမရှိဘဲ နုပျိုနေကြတဲ့ မူမမှန်တဲ့ကိစ္စကြီးနဲ့ စတင် ကြုံတွေ့ရပါတော့တယ်။
တဖြည်းဖြည်းနဲ့ သူ့ရောဂါအဆန်းကြီး ပြန်ထလာတာကြောင့်ရော ရွာရဲ့ မူမမှန်တာတွေနဲ့ ကျောချမ်းစရာအဖြစ်အပျက်တွေကြော င့်ရော မြို့ကို ပြန်ဖို့လုပ်ခဲ့ပေမယ့် သူ့အမေကတော့ ခါးခါးသီးသီးတားမြစ်ပြီး
ဆက်ဆွဲထားခဲ့တယ် ။
အဲလိုနဲ့ ရွာမှာဆက်နေဖြစ်ရင်း သူ့ရဲ့ အဖြေရှာမရတဲ့ ရောဂါရဲ့အရင်းအမြစ်နဲ့ ဒီရွာရဲ့ထာဝရ နုပျိုနေရခြင်းရဲ့ အော့နှလုံးနာစရာ လျို့ဝှက်ချက်ကြီးကို သိလိုက်ရတဲ့အခါမှာတော့….
(*ဖြဲခြောက်တာတွေ မပါပေမယ့် သတ်တာဖြတ်တာနဲ့ သွေးသံတရဲရဲအခန်းတွေ ပါတာကြောင့် အသည်းငယ်သူများ ကြည့်ဖို့မသင့်ပါကြောင်း)
File size…(1.27GB) / (656MB) / (313MB)
Quality…. Web 1080P / 720p / 480p
Format…mp4
Duration….01:25:00
Genre…Horror
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Robin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
Popularity
447.874
Status
Released
ID IMDb.com
tt17202326
IMDB Rating
4.4
ID Themoviedb.org
1024535
TMDb Rating
5.216
TMDb votes
37