Martin Luther King (2023)


Synopsis:
Martin Luther King(2023)”ချုံကြားမှ ဘုံဖျားသို့”
IMDb-7.3/10
ကျေးရွာဥက္ကဋ္ဌဖြစ်ဖို့အရေး ရွာရဲ့ တောင်ပိုင်းသားနဲ့မြောက်ပိုင်းသားတို့ အပြိုင်မဲဆွယ်ကြပုံကို
ဟာသနှောရိုက်ကူးထားတဲ့ တလဂူးလ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
မာတင်လူသာကင်းဆိုတာ 1968ခုနှစ်က ဆုံးပါးသွားခဲ့တဲ့ အာဖရိကန်-အမေရိကန်လူမျိုး သင်းအုပ်ဆရာတယောက်ဖြစ်ပြီး
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတယောက်ပေါ့။ သူ့ကို လူ့အခွင့်အရေးသင်္ကေတအဖြစ် အခုခေတ်ထိ
ရည်ညွှန်းပြောဆိုလေ့ရှိကြတယ်။
မာတင်လူသာကင်းလို့ နာမည်ပေးထားတဲ့ ဒီဇာတ်လမ်းက အဲဒီလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအကြောင်းတော့မဟုတ်ပါဘူး။
တံဆိပ်ခေါင်းပေါ်က မာတင်လူသာကင်းကိုမြင်ပြီး နာမည်အစစ်မရှိသေးတဲ့ ဖိနပ်ချုပ်သမားလေးကို
မာတင်လူသာကင်းလို့ နာမည်ပေးရာကစခဲ့တဲ့ဇာတ်လမ်းလေးပေါ့။
တောင်ပိုင်း မြောက်ပိုင်းကွဲနေတဲ့ရွာကို သူကြီးဖြစ်သူ အခုခေတ်လိုဆို ဥက္ကဋ္ဌပေါ့၊အဲဒီဥက္ကဋ္ဌက တောင်ပိုင်းသူတစ်ယောက်နဲ့
မြောက်ပိုင်းသူတစ်ယောက်ကို ပေါင်းသင်းလက်ထပ်ပြီး ကျေးရွာကိုပေါင်းစည်းစေနိုင်ခဲ့တဲ့သူ။
ရွေးကောက်ပွဲပြန်လည်နီးကပ်လာတဲ့အချိန်မှာတော့ ဥက္ကဋ္ဌကြီး နာမကျန်းဖြစ်ရာကနေ
နိုင်ငံရေးကတစ်ဆင့်ရမယ့် အကျိုးအမြတ်တွေကို မျှော်ကိုးပြီး မယားတစ်ယောက်ဆီက သားတော်မောင်နှစ်ကောင်
ဥက္ကဋ္ဌနေရာကို ဝင်ပြိုင်ကြပါတော့တယ်။
သူ့ထက်ငါ မဲအသာစီးရရေးအတွက် အမျိုးမျိုးအဖုံဖုံ စည်းရုံးရေးဆင်းကြရင်း နှစ်ဖက်လုံး မဲအရေအတွက်တူညီနေချိန်မှာတော့…။
တစ်ရွာလုံးရဲ့ခိုင်းဖက် ရွာရဲ့အနှိမ်ခံ ဖိနပ်ချုပ်သမားလေး မာတင်လူသာကင်းရဲ့ အသဲကြားကမဲတစ်ပြားဟာ အရေးပါလာပါတော့တယ်။
အဲဒီကနေစလို့ မာတင်လူသာကင်းတစ်ယောက် ဘယ်လိုဒုက္ခသုခတွေရင်ဆိုင်ရမလဲဆိုတာ…။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)
File size…2.28GB / 1.11GB
Quality…1080p WEB DL /720p
Format…mp4
Duration….2h 26m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။