


Manual of Love 2 (2007) Manuale d’amore 2 (or) Capitoli successivi
အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ဒုတိယဇာတ်ကားဖြစ်ပါတယ်။
အီတလီ အချစ်ဇာတ်လမ်းလေးတွေဖြစ်ပြီးတော့ တစ်ကားမှာ အပိုင်းလေးတွေခွဲပြီး တင်ဆက်တဲ့ကားပါ။ တစ်ကားတည်းမှာပဲ ဇာတ်လမ်း လေးပုဒ်လောက် ပါရှိတာပါ။ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ချစ်ကြ မုန်းကြ ခံစားကြ ငိုယိုကြ လွမ်းဆွေးကြ ပျော်ရွှင်ကြ၊ ခံစားမှုပေါင်းမျိုးစုံနဲ့ လောကဇာတ်ခုံ အဖုံဖုံပေါ့လေ။
ယခု အမှတ် (၂) ကားကို ဒါရိုက်တာ Giovanni Veronesi ရိုက်ကူးတင်ဆက်ထားပြီး ဇာတ်လမ်းလေးခု ပါရှိပါတယ်။ ကျွန်တော်တို့ရဲ့ မမ Monica Bellucci ရဲ့ ညှို့အားပြင်း ဆွဲဆောင်ခြင်းတွေကို အသည်းတယားယား မြင်တွေ့ရမှာပါပဲ။ Elsa Pataky ရဲ့ ပျိုမြစ်တဲ့ ဗီးနပ်စ်ရှုံးအလှကလည်း မိန်းမောစရာပဲပေါ့။
ပထမဇာတ်လမ်းကတော့ ယာဉ်မတော်တဆ ဖြစ်ခဲ့ရတဲ့ သွေးသားဆူကြွတဲ့အရွယ် လူငယ်လေးတစ်ယောက် ခြေတောက်ပြန်လည်သန်စွမ်းဖို့ ဆေးရုံတက်ရတဲ့အချိန် လုံးကြီးပေါက်လှ ကာယဆရာမ Monica Bellucci ရဲ့ အညှို့ဓာတ်ကို ပြားပြားဝပ် အရှုံးပေးလိုက်ရတဲ့ အဖြစ်ေပါ့ဗျာ။ မမ ကလည်း လက်ထပ်ရမယ့်သူရှိ၊ မောင်လေးကလည်း ရည်းစားငုတ်တုတ်နဲ့။ နှစ်ယောက်သား စိတ်ကစားတဲ့ တစ်ညတာ ဆားငန်ရေတွင်းလေးအကြောင်းပါပဲ။
ဒုတိယဇာတ်လမ်းလား။ သူကတော့ လင်မယားချစ်ကို ကျော်လွန်လို့ သားသမီးချစ်ပေါ့။ သားသမီးသာဆိုတယ်။ မမွေးရသေးပါဘူး။ ရဖို့ကြိုးစားနေတုန်းပါ။ ပန်းသေနေတဲ့ ခင်ပွန်းကိုမှ မပစ်နိုင် ချစ်နေရတဲ့ ဇနီးသည်ခင်မျာ ဆေးရုံပေါင်းများစွာကိုသွားလို့ ကလေးရဖို့အရေး လုံးပမ်းရပုံပါပဲ။ အတူနေရုံနဲ့ ကလေးမရနိုင်တဲ့အခါမှာ ဖခင်ရဲ့သုတ်သွေးနဲ့ မိခင်ရဲ့ မျိုးဉကိုပေါင်းစပ်ပြီး မိခင်ရဲ့ သားအိမ်ထဲ ထည့်သွင်းသန္ဓေအောင်ဖို့ ကြိုးစားကြပုံလေးပါ။
တတိယမြောက် ဇာတ်လမ်းလား။ အမျိုးသားနဲ့ အမျိုးသမီး ချစ်ကြတာနဲ့ လူသားတွေက အားမရနိုင်ပါဘူး။ အမျိုးသားချင်းရော ချစ်လို့မရဘူးလား။ ရပါတယ်လေ။ ချစ်ခြင်းဆိုတာ အပြစ်ကင်းတာမျိုးပဲ။ ဒါပေမဲ့ ဘေးလူတွေရဲ့ အမြင်ကိုတော့ ရဲရဲကျော်ဖြတ်ဖို့ လိုသပေါ့လေ။ အမျိုးသားချင်း ချစ်မိရှာတဲ့ သူတို့နှစ်ယောက်ဟာ မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်ဒဏ်ကို ကြံ့ကြံ့ခံလို့ လက်ထပ်နိုင်ဖို့ ကြိုးစားကြပုံလေးပါ။
လေးခုမြောက်ဇာတ်လမ်းကတော့ ရိုးသလိုလိုဆန်း၊ ဆန်းသလိုလိုနဲ့ရိုးတာမျိုး။ စလာကတည်းက ယဉ်သကို ဆိုတာမျိုးပါပဲ။ အိမ်ထောင်သက် ရင့်နေပြီဖြစ်တဲ့ “ရင့်ကျက်တဲ့ ကိုကြီး” က ငယ်သေးပေမယ့် ပင်လယ်ကူးမယ့် ပုဇွန်ဆိတ်မလေးကို အကြည့်လေးတွေ ခ,လိုက်တာ ဒီဇာတ်လမ်း ဖြစ်တော့တာပါပဲ။ ကလေးလေးတစ်ယောက်ကိုပိုက်လာတဲ့ အမျိုးသမီးလေးတစ်ယောက်။ သူ့ဖခင်ကို သိပေမယ့် မြင်သာမြင်ရ ဖွင့်မပြောရဲတဲ့အဖြစ်ပါ။ သူ့သားလေးကို သူ့အဖိုးနဲ့ တွေ့ဆုံပေးချင်ပေမယ့် ဖခင်ဖြစ်သူကို မခေါ်ရဲတဲ့ ညငှက်မလေး Elsa Pataky ဟာ ရင့်ကျက်တဲ့ ကိုကြီးရဲ့ ရင်ခွင်ကို ခရီးသွားဟန်လွှဲ ဝင်ခိုသွားပါတယ်။ ထူးဆန်းတာက သူတို့ရဲ့ နောက်မီးလင်းတဲ့အဖြစ်ကို မိန်းမလုပ်သူက ပြုံးပြုံးလေး ခွင့်လွှတ်သတဲ့။ အဲဒီမှာတင် ကိုကြီးတစ်ယောက် ပေါက်ကွဲတော့တာပဲ။ သူ့မိန်းမနဲ့ အကြီးအကျယ် ပြဿနာရှင်းရမယ်ထင်ပေမဲ့ သူ့မိန်းမရဲ့ အပြုအမူဟာ သူ့ကို စိတ်ရှုပ်ထွေးသွားစေပါတယ်။ အစက တောင်းပန်ခြင်းနဲ့ အိမ်ထောင်ရေးဆက်မယ်စိတ်ကူးပေမဲ့ သူ့မိန်းမရဲ့ ခွင့်လွှတ်ခြင်းက သူ့အပေါ် ချစ်ခြင်းမရှိ ငွေကြေးတစ်ခုနဲ့ မှီခိုချင်တယ်ထင်ခဲ့ပြီး အိမ်ပေါ်က ဆင်းသွားပါတော့တယ်။ ပြီးတော့ ဘာဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော်။
အီတလီစကားပြောများကို အင်္ဂလိပ်လိုပြန်၊ အင်္ဂလိပ်မှ မြန်မာလိုပြန်ရတဲ့အတွက် ဘာသာပြန်သူအနေနဲ့ အချိတ်အဆက်မိဖို့နဲ့ ပြေပြစ်ဖို့ အားထုတ်ခဲ့ရပါတယ်။ အီတလီစကားကို ကျွမ်းကျင်မှုမရှိပေမဲ့ တစ်ခုသိလိုက်တာက သူတို့ဟာ စကားတစ်ခွန်းပြောဖို့အတွက် အသံတွေ အများကြီး ထွက်ရတယ်ဆိုတာပဲ။ တစ်ခါတလေ တစ်ခွန်းတည်းကိုပဲ နှစ်ခါ နှစ်ခါ ပြောကြပြန်ရော။ ဒီတော့ စာတန်းထိုး တိုပေမဲ့ သူတို့ပြောနေတာ အကြာကြီး ဖြစ်နေပါတယ်။ ဒါပေမဲ့ ချန်ခဲ့တာမရှိ အားလုံးကို ဘာသာပြန်ပေးထားတယ်ဆိုတာ သိစေချင်ပါတယ်နော်။
ဒီဇာတ်လမ်းတွေဟာ 18+ မဟုတ်ပါဘူး။ ဒါပေမဲ့ မိသားစုနဲ့လည်း မတူမကြည့်သင့်ပါဘူး။ အမေရိကန်ကားတွေလို အပြောအဆို ယုတ်ရင့်နေတာမျိုးမဟုတ်ပေမဲ့၊ အဖော်အချွတ်တွေ မပါသလောက် ထည့်မထားပေမဲ့ လိင်စိတ်ကြွလာစေတဲ့ အကြောင်းအရာတွေကို ငြိမ့်ငြိမ့်ညောင်းညောင်း တင်ဆက်ထားလို့ တစ်ယောက်တည်း အိပ်ယာထက်မှာ Feel ရမယ့် ပုံစံလေးပါ။ ရှင်းခနဲ ဗွင်းခနဲ မြင်ရပြီး အချိန်တိုအတွင်း ကြည့်ပြီးသွားမဲ့ဇာတ်လမ်းမဟုတ်လို့ ကြိုတင်သတိပေးပါရစေ။
အီတလီတို့ရဲ့ ရုပ်ရှင်မြင်ကွင်းဟာ နာမည်ကြီးသလို ကြီးသလောက်လည်း လှပလွန်းပါတယ်။ Cinematography အတွက် ဒါရိုက်တာတစ်ယောက် သပ်သပ်ထားတာနဲ့တင် အထင်ကြီးလောက်ပါတယ်လေ။ သူတို့ဟာ ချစ်ခြင်းကို တင်ဆက်ရာမှာ ဂုဏ်သတင်းမွှေးသလို ဇာတ်ကားနာမည်ကိုက အချစ်ကျမ်းစာ ဆိုတော့ …။ ကဲ ဘာလိုသေးလဲဗျာ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှတင်ဆက်ထားပါတယ်။)
Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.to/?s=manual+of+love မှာကြည့်ပါ။
File size…(1.5 GB)
Quality…BluRay 720p
Format…mp4
Duration….02:05:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Arr Khun Winchester
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



![[18+] Late Bloomer (2024)](https://www.channelmyanmar.to/wp-content/uploads/2024/05/MV5BYzYxYjYwYjktYzRhYy00YzFiLWEwZWQtN2U4OGMzMTE4OTRhXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_-133x200.jpg)
![[18+]The Body Is Willing(China Scandal: Exotic Dance) 1983](https://image.tmdb.org/t/p/w185/zFjbD3apBG0TpIqi64pEkbdjvGL.jpg)
![[18+]Showgirls(1995)](https://image.tmdb.org/t/p/w185/atjtGFIIt9QMGf9ELyboq5cl466.jpg)
![[18+] Emmanuelle: The Joys of a Woman 2 (1975)](https://www.channelmyanmar.to/wp-content/uploads/2024/05/MV5BMTIzNjU1MjI2MF5BMl5BanBnXkFtZTYwMTMxNzI5._V1_-142x200.jpg)
![[18+]Usotsuki Paradox (2013)](https://www.channelmyanmar.to/wp-content/uploads/2022/09/MV5BYmJmMjliZTMtOTE2OC00YzBhLTkzMTktZDhlOWI0MzRiYzUxXkEyXkFqcGdeQXVyMjQ1MDI1OTU@._V1_-142x200.jpg)
![[21+]Pirates (2005)](https://www.channelmyanmar.to/wp-content/uploads/2022/10/700215h-141x200.jpg)
![[18+] Breathe Again (2022)](https://www.channelmyanmar.to/wp-content/uploads/2022/06/photo_2022-06-06_16-12-32-3-133x200.jpg)
![[21+] The Seduction Game (2011)](https://www.channelmyanmar.to/wp-content/uploads/2023/06/p23747880_v_v9_aa-200x200.jpg)
![(21+) I Can’t Tell My Wife [JUL-984]](https://www.channelmyanmar.to/wp-content/uploads/2023/01/girl-160x200.jpeg)
![[21+] Escape from Pleasure Planet (2016)](https://image.tmdb.org/t/p/w185/m7NpRiGTKyvnM8ZmJyIfgHy9PgL.jpg)

![[18+]The Taste of Ricecake – Director’s Edition(2018)](https://image.tmdb.org/t/p/w185/58Avfr6LiWQRvJXwArbBpl5fJGX.jpg)
![[21+] Widow, Sad Announcement- Miu Shiromine [ATID-566-Decensored]](https://www.channelmyanmar.to/wp-content/uploads/2023/09/atid566pl-142x200.jpg)
![[18+] EKS (2024)](https://www.channelmyanmar.to/wp-content/uploads/2024/03/Cp7o_uFpAcc-133x200.jpg)
![[18+] Confessions of a Brazilian Call Girl (2011)](https://www.channelmyanmar.to/wp-content/uploads/2021/07/Bruna-Surfistinha-film-images-06f335d8-3d28-4b0e-b30a-b2f0358bbb2-133x200.jpg)
![[18+]Mutual Relations (or) Emptiness is Nothing (2015)](https://www.channelmyanmar.to/wp-content/uploads/2016/07/l_p0071619015-143x200.jpg)
![[21+] The Three Days of Defiant-Uta Hayano (SSIS-127-Decensored)](https://www.channelmyanmar.to/wp-content/uploads/2024/04/edsfszgif-5-1a4445ca97-147x200.jpg)
![[18+]Sensual Sister(2020)](https://image.tmdb.org/t/p/w185/1XvODqeljvmh45IO3o4aWTjfZix.jpg)
![[18+] Covet Island of Desire (2017)](https://www.channelmyanmar.to/wp-content/uploads/2017/09/lyijwecqxzm3-140x200.jpg)
![[21+] Living Next Door- Yuko Ono(AOI) [DLDSS-310-Decensored]](https://www.channelmyanmar.to/wp-content/uploads/2024/04/n9fqo1pHsijGoakQ-133x200.jpg)
![[21+]Changed After Drinking-Mei Washio[SSIS-275-Decensored]](https://www.channelmyanmar.to/wp-content/uploads/2023/01/SSIS-275-Mei-Washio-142x200.png)
![[18+] Secretary (2002)](https://www.channelmyanmar.to/wp-content/uploads/2019/02/film-poster-secretary-2002-BPJ79B-147x200.jpg)



![[18+] Ninja She Devil (2009)](https://www.channelmyanmar.to/wp-content/uploads/2018/03/v29517fn7li-139x200.jpg)

![[18+] Young Sister-In-Law (2016)](https://www.channelmyanmar.to/wp-content/uploads/2017/09/d6w7d8vmxjxt-141x200.jpg)

![[18+] Cita (2024)](https://www.channelmyanmar.to/wp-content/uploads/2024/06/WPAOJD_4c-142x200.jpg)