Manorama Six Feet Under (2007)
In The Desert, Nothing Is What it Seems
Synopsis:
IMDb Rating (7.6/10) / Rotten Tomatoes (75%)
ဒီဇာတ်ကားက ဇာတ်ကားနဲ့မတူပါဘူး….
ရုပ်ရှင်ဆိုတဲ့ ရသကို မရစေဘဲ တကယ့်ဖြစ်ပျက်နေသလို ကြည့်နေရင်း ခံစားနေရတာပါ…
ဘာအလှအပ ဘာအကမှလဲ မပါပါဘူး…
ရိုက်ချက်တွေကလဲစားပါတယ်…ကိုယ်က ဇာတ်ဆောင်တွေနောက်ကို လိုက်ချောင်းနေရသလိုမျိုး နစ်ဝင်စေပါတယ်…
ဇာတ်လမ်းကလဲအရှုပ်..ကြည့်နေရင်း ဖြေရှင်းနေရင်း ပိုပိုရှုပ်လာပါတယ်…
နောက်ဆုံး ဒါရိုက်တာက ပုံတွေ နောက်ခံစကားပြောတွေနဲ့ ရှင်းပြလိုက်မှပဲ
ဪ..ဒီလိုပါလားဆိုပြီး သက်ပြင်းချနိုင်ပါတယ်…
ဇာတ်ကောင် တစ်ယောက်စီတိုင်းရဲ့ ကာရိုက်တာတွေက တကယ့်အပြင်ကလိုပါပဲ…အပိုတွေမပါဘူး…
အရှိအတိုင်း တုံးတိတိကြီးပါပဲ…
ဇာတ်လမ်းကတော့ မအောင်မြင်တဲ့စာရေးဆရာတစ်ယောက် နိုင်ငံနဲ့ချီတဲ့အမှုတစ်ခုထဲ မထင်မှတ်ဘဲရောက်သွားတာကို ရိုက်ထားတာပါပဲ..
ရုပ်ရှင်နဲ့မတူတဲ့ရုပ်ရှင်ဆိုတော့ ရုပ်ရှင်ကြိုက်တဲ့လူတွေနဲ့ ကီးမကိုက်လောက်ပါဘူး။
အေးအေးဆေးဆေး တစ်ယောက်ထဲ လွင့်မျောမယ်..ဇာတ်ဆောင်တွေနောက် လိုက်ပါခံစားမယ်ဆိုရင်တော့
ဒီကားက သင့်ကိုသေချာပေါက်ခေါ်ဆောင်သွားမှာပါ။
စုံထောက်ကားတွေထဲတော့ ဒီဇာတ်ကားက အရှိအတိုင်းခံစားရတဲ့ ရှားရှားပါးပါး ဘောလိဝုဒ်ဇာတ်ကားပါပဲ။
Shemaroo Entertainment ကထုတ်လုပ်ဖြန့်ချိထားတာပါ။
File size…(2.4 GB) and (1.5 GB)
Quality…BluRay 1080p and 720p 5.1CH
Format…mp4
Duration….02:18:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by May Zin Oo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။