Channel Myanmar

Mannequin (1987)

ComedyFantasyRomance

6.0
IMDB: 6.0/10 votes

23034

Report error



442

ဂျိုနာသန်ဆွစ်ချာဟာ သူ့ရဲနမော်နမဲ့ နိုင်မှုတွေကြောင့် အလုပ်တွေမကြာခဏပြောင်းရလေ့ရှိတဲ့ အနုပညာဝါသနာရှင်
လူငယ်လေးတစ်ယောက်။ သူ ပထမဆုံးဒီဇိုင်းထွင်ခဲ့ စွဲလန်းခဲ့တဲ့ အရုပ်ကလေးတစ်ရုပ်ကို နောက်ဆုံး သူအလုပ်ရတဲ့
စတိုးဆိုင်မှာ ပြန်တွေ့ရတဲ့ အချိန် အဲ့ဒီအရုပ်မလေးက နှစ်ယောက်တည်းရှိတဲ့အချိန် အသက်ဝင်လာခဲ့ပြီး သူ့ကိုယ်သူ
အမ်မာ လို့ မိတ်ဆက်လာခဲ့ပါတယ်။ အမ်မာကလဲ အီဂျစ်ခေတ်သူတစ်ဦး။ မိဘက သဘောတူတဲ့သူနဲ့ မယူနိုင်ရာကနေ ကျိန်စာသင့်ပြီး ခေတ်တွေ တစ်ခေတ်ပြီး တစ်ခေတ်ဖြတ်သန်းလာရင်း အခုချိန်ထိ သူချစ်နိုင်မယ့်သူကိုရှာဖွေနေဆဲသူတစ်ယောက်။
.
ဂျိနာသန်ဆိုတဲ့သူဟာ
ဘယ်တုန်းကမှ အောင်မြင်မယ့်သူ တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ ယူဆပြီး အဆက်အသွယ်ဖြတ်သွားတဲ့ သူ့ချစ်သူတင်မက သူ့ကိုအမြဲတမ်းအထင်သေးခဲ့တဲ့ ပြိုင်ဘက် နာမည်ကျော် စတိုးဆိုင်က ပိုင်ရှင်တွေပါ အံ့သြသင့်ရတဲ့အထိ ပြူတင်းပေါက်ပြခန်း အလှဆင်ခင်းကျင်းသူအဖြစ် အကြီးအကျယ်အောင်မြင်လာတဲ့အခါ..။
သူ့အောင်မြင်မှုတွေရဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်က ဘာလဲ? ဘယ်သူကမှ ဆေးဖော်ကြောဖက်မလုပ်ခဲ့တဲ့
ကောင်လေးတစ်ယောက်ကို ပံ့ပိုးကူညီခဲ့ကြသူတွေက ဘယ်သူတွေဖြစ်မလဲ?
အစစအရာရာ အဆင်ပြေချောမွေ့နေပြီလို့ပြောလို့ရတဲ့ အချစ်ဇာတ်လမ်းမှာဖြစ်ပေါ်လာမယ့် ဆူးညှောင့်ခလုတ်တွေရယ်။ လူစင်စစ် မဟုတ်တဲ့ သူချစ်ကျွမ်းဝင်မိတဲ့ အရုပ်မလေးနဲ့ ဘယ်လိုပေါင်းဖက်ကြမလဲ?
.
Mannequin ဟာ ဝေဖန်ရေးဆရာတွေက သိပ်အကောင်းမပြောကြပေမယ့်လဲ Cult Classic ဖြစ်တဲ့အထိအောင်မြင်ခဲ့တဲ့ ချစ်စရာ အချစ် ဟာသဇာတ်လမ်းလေး တစ်ပုဒ်ပါ။ အဲ့ဒီခေတ်ကာလရဲ့ ခေတ်ပေါ် ရောင်စုံဖက်ရှင်တွေ ပေါ့ပ်သီချင်းတွေ ပေါ့ပါးတဲ့ဟာသတွေ ချောချောငယ်ငယ် ခေါင်းဆောင်မင်းသားမင်းသမီးနှစ်ယောက်ရဲ့ ဦးဆောင်မှုတွေနဲ့ ဇာတ်လမ်းဟာ အစကနေအဆုံးထိ မြူးပြီးသွက်ပါတယ်။
မြန်မာပြည်က 90s kids တွေအတွက် လဲပြန်ကြည့်မိရင်ငယ်ဘဝကိုသတိရစေမယ့်အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သလို
ပိုစတာကိုမြင်ရုံနဲ့ အဲ့ဒီခေတ်က ဗီဒီယိုအခွေဆိုင်အယ်လ်ဘမ်လေးတွေကို ပြန်အမှတ်ရစေမှာပါ။

File size…(3.4 GB)/(1.2 GB)
Quality….WEB-DL 1080p /720p
Format…mp4
Duration….01:29:54
Subtitle….Myanmar Subtitle(Hardsub)
Encoder….Ka Naung
Translated by Alias



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Mannequin (1987)
Mannequin (1987)
Mannequin (1987)
Mannequin (1987)
Mannequin (1987)
Mannequin (1987)


No downloads available

Genres



Related movies