Mamma Mia! (2008)
Take a trip down the aisle you'll never forget

Synopsis:
Mamma Mia! (2008)
IMDb – 6.4/10_____Rotten – 54%
Blu-Ray 1080p 5.1 CH x 264
ဒီတစ်ခါတော့ 2008 ခုနှစ်က ထွက်ခဲ့တဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
“အရမ်းလေးတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ချင်ဘူး ၊ ပေါ့ပျက်ပျက်ရုပ်ရှင်တွေကိုလည်း ကြည့်မိမှာစိုးတယ်” ဆိုတဲ့ သူတွေအတွက် ဒီဇာတ်ကားကတော့ အဆင်ပြေပါလိမ့်မယ်။
နေ့စဉ်ပင်ပန်းနွမ်းနယ်မှုတွေထဲကရုန်းထွက်ဖို့ ရုပ်ရှင်တစ်ကားကြည့်ပြီး စိတ်ပေါ့ပါးလန်းဆန်းသွားချင်တယ်ဆိုရင် ဒီ ရုပ်ရှင်လေးကို ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။
နာမည်ကတော့ “Mamma Mia!” ဖြစ်ပါတယ်။
Meryl Streep ၊ Pierce Bronsnan ၊ Colin Firth ၊ Stellan Skarsgard ၊ Dominic Cooper ၊ Amanda Seyfried စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။
Lesbian တယောက်ဖြစ်တဲ့ Phyllida Lloyd အတွက် Mamma Mia! ပထမဆုံးဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ရုပ်ရှင်ရဲ့ကုန်ကျစရိတ်က $52 million သာဖြစ်ပြီး တကယ် ရုံတင်ပြသခဲ့တဲ့အခါ $609.8 million အထိဝင်ငွေရရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
Kalokairi လို့ခေါ်တဲ့ ဂရိကျွန်းတစ်ကျွန်းပေါ်မှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။
Mamma Mia ရဲ့ ဇာတ်ကြောင်းကတော့ –
Sophie (Amanda Seyfried) တယောက် သူ ချစ်တဲ့သူ Sky (Dominic Cooper) နဲ့ မင်္ဂလာဆောင်ရတော့မှာ ဖြစ်လို့ သူ ပျော်နေတာပေါ့ ။
ဒါပေမယ့် သူမ မပျော်နိုင်ရှာပါဘူး ။
သူမမှာ ဆန္ဒတစ်ခုရှိနေသေးပါတယ် ။
အဲဒါကတော့ သူမ ရဲ့ မင်္ဂလာဆောင်ကို သူမ အဖေကိုပါ တက်ရောက်ချီးမြှင့်စေချင်တာပဲဖြစ်ပါတယ်။
ဒါပေမယ့်လို့ Sophie ဆန္ဒကို အခက်တွေ့စေတာ တစ်ခုရှိနေပါသေးတယ် ။
အဲဒါကတော့ သူမရဲ့ ဖခင်ဖြစ်သူ ဘယ်သူမှန်း မသိတာပဲဖြစ်ပါတယ်။
တကယ်တော့ Sophie ရဲ့ အမေဖြစ်သူ ဟိုတယ်ပိုင်ရှင်တယောက်ဖြစ်တဲ့ Donna (Meryl Streep)က ငယ်စဉ်ဘဝမှာ ယောကျ်ားလေးတွေ ထည်လဲတွဲခဲ့သူပါ ။
အဲဒီတော့ ဆိုဖီ့အတွက် သူ့ဖခင်ဘယ်သူမှန်း မသိတော့ဘူးပေါ့နော်။
တနေ့တော့ ဆိုဖီဟာ သူ့အမေရဲ့ ဒိုင်ယာရီကို သေတ္တာဟောင်းတွေကြားမှာ ရှာတွေ့သွားပါတယ်။
ဒိုင်ယာရီထဲမှာ ဒိုနာ ဟာ သူမနဲ့ အတူတူအိပ်ဖူးတဲ့ယောက်ျားတွေကို အသေးစိတ်ရေးထားတာပေါ့။
အဲဒီ ဒိုင်ယာရီအရ ဆိုဖီ ဟာ သူမရဲ့ အဖေ ဖြစ်နိုင်တဲ့သူ သုံးယောက်ကို ဆွဲထုတ်လိုက်ပါတယ် ။
အဲဒီ သုံးယောက်ကတော့ အောင်မြင်တဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်နေတဲ့ Sam(Pierce Brosnan) ၊
ဘဏ်ပိုင်ရှင်တယောက်ဖြစ်နေတဲ့ Harry(Colin Firth) ၊ ခရီးသွားစာရေးဆရာတယောက်ဖြစ်နေတဲ့ Bill (Stellan Skarsgård)တို့ပါ ။
အဲဒီသုံးယောက်ဆီကို Sophie က သူမရဲ့ မင်္ဂလာဆောင်ဖိတ်စာကို တစ်စောင်စီပို့လိုက်ပါတယ်။
သူတို့ကို အဖေရှာပုံတော်ဖွင့်ဖို့ခေါ်တာပါလို့ မပြောဘူးပေါ့။
Donna က သတိတရနဲ့ လှမ်းဖိတ်တယ်ဆိုပြီး ဆိုဖီက လိမ်ညာပြီးခေါ်လိုက်တာပေါ့။
သူတို့သုံးယောက်ကလည်း ဒိုနာ အပေါ် အချစ်မလျော့သေးတာကြောင့် ချက်ချင်းကို မင်္ဂလာဆောင်ကို ထွက်လာကြတယ်။
သူတို့သုံးယောက် ကျွန်းပေါ်ရောက်လာတဲ့အခါ ဆိုဖီ နဲ့ တွေ့တော့ သူမ အရမ်းဝမ်းသာသွားပါတယ် ။
အဲဒီသုံးယောက်ထဲကမှ တယောက်က သူ့ဖခင်ဖြစ်တဲ့သူကိုး။
အဲဒါနဲ့ သူတို့သုံးယောက်ကို သူက ဖိတ်တာပါလို့ ဆိုဖီ က ပြောလိုက်ပါတယ် ။
ဆိုဖီက သူ့အမေရဲ့ ချစ်သူဟောင်းတွေဖြစ်တဲ့ Sam,Harry,Bill တို့သုံးယောက်ရောက်လာတာကို မသိစေချင်သေးပါဘူး။
သူတို့ကို သူ့အမေမသိအောင် အခန်းတစ်ခုထဲ ဝှက်ထားလိုက်ပါတယ်။
ဒါပေမယ့် ဘယ်လောက်ဖုံးထားထား သူတို့သုံးယောက်ကို ဒိုနာ တွေ့သွားပါတယ်။ ခါးခါးသီးသီးပါပဲ ။
ဒိုနာက သူတို့သုံးယောက်ကို သူ့ဆီမလာဖို့ ခု ချက်ချင်းထွက်သွားဖို့ ပြောပါတယ်။
အဲဒီလိုနဲ့ သူတို့ဟာ နှင်ထုတ်ခံရလို့ ပြန်တော့မယ်ပေါ့ ။
သူတို့ပြန်ဖို့ပြင်နေတာကို ဆိုဖီက တွေ့သွားပြီး မပြန်သေးဖို့ သွားတားပါတယ် ။
သူ့အမေဖြစ်သူက သူ့ရဲ့မင်္ဂလာဆောင်အတွက်ဖိစီးမှုတွေများလို့အခုလို ပြောရတာဖြစ်ကြောင်း။
မနက်ဖြန် သူ့ရဲ့ မင်္ဂလာဆောင်အထိ နေစေချင်သေးကြောင်း၊တောင်းပန်ကြောင်း သွားပြောတာပေါ့ ။
အဲဒီလိုနဲ့ သူတို့ မပြန်ဖြစ်တော့ပါဘူး ။
အဲဒီနေ့ည ဆိုဖီရဲ့ အပျိုပါတီ(bachelorette party)မှာ သူတို့သုံးယောက်ရောက်လာပြီး ကခုန်နေကြရင်းနဲ့
သူတို့ဟာ ဆိုဖီ့ရဲ့ ဖခင်ဖြစ်နိုင်ကြောင်း သိရှိသွားပါတယ်။
သူတို့သုံးယောက်လုံး ဆိုဖီ့ရဲ့ ဖခင်ဖြစ်ချင်သူတွေချည်းပါပဲ ။
အဲဒီနောက် သူတို့ဘာတွေဆက်ဖြစ်တယ်၊ မနက်ရောက်လို့ ဆိုဖီ ရဲ့ မင်္ဂလာဆောင်မှာ ဘယ်လိုတွေဖြစ်သွားခဲ့တယ် ၊ Sam,Bill,Harry သုံးယောက်ထဲကမှ ဆိုဖီရဲ့ အဖေက ဘယ်သူဖြစ်သွားလည်း ဆိုတာတွေကိုတော့ မပြောပြတော့ပါဘူးနော် . . . . ။
ဒီရုပ်ရှုင်တစ်ကားလုံးကို ABBA အဖွဲ့ရဲ့ သီချင်း ၂၇ ပုဒ် နဲ့ ရိုက်ကူးတင်ဆက်ထားတာမို့လို့ ABBA သီချင်းကြိုက်သူတွေ ရုပ်ရှင်ကြည့်ရင်းသီချင်းတွေ တဝကြီးနားထောင်ရမှာပဲဖြစ်ပါတယ်။
တကယ်တော့ Mamma Mia ဆိုတဲ့ နာမည်က ABBA ရဲ့ သီချင်းခေါင်းစဉ်တစ်ခုလည်းဖြစ်ပါတယ်။
ABBA ဆိုတာ Benny Anderson,Anni-Frid Lyngstad, Agneha Faltskog, Bjorn Ulvaeus တို့ လေးယောက်ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဆွီဒင် Pop Band တခုဖြစ်ပါတယ်။
ABBA ဆိုတဲ့စကားလုံးက သူတို့နာမည်တွေရဲ့ ရှေ့ဆုံးစကားလုံးတွေ A-B-B-A တွေကို ပေါင်းစပ်ထားတာပါ။ 1970-1980 ဝန်းကျင်တဝိုက်မှာ အင်မတန်အောင်မြင်ခဲ့တဲ့ Band တစ်ခုဖြစ်ပါတယ်။
အဲဒီခေတ်ကာလမှာ the Beatles အဖွဲ့ပြီးရင် ABBA အဖွဲ့ကအအောင်မြင်ဆုံးပါ ။
အိမ်ထောင်ရေးအရှုပ်အထွေးကြောင့် ABBA အဖွဲ့ဟာ 1983 ခုနှစ်မှာ ပြိုကွဲခဲ့ပါတယ်။
သူတို့ပြိုကွဲခဲ့ပေမယ့် အခုအချိန်အထိ သူတို့ရဲ့ သီချင်းတွေက နာမည်ကျော်ကြားဆဲပါပဲ။
တကယ်တော့ ABBA အဖွဲ့ရဲ့ သီချင်းတွေကို မြန်မာနိုင်ငံက အဆိုတော် တော်တော်များများပြန်ဆိုခဲ့ဖူးတာဖြစ်လို့ ကျနော်တို့ နားနဲ့ အရမ်းစိမ်းတဲ့ သီချင်းတွေတော့ မဟုတ်ပါဘူး။
ကြည့်ပြီးတဲ့လူတွေလည်း နောက်တစ်ခါပြန်ကြည့်ရင် အဆင်ပြေမယ့် ရုပ်ရှင်တစ်ကားဖြစ်ပြီး မကြည့်ရသေးတဲ့လူတွေအတွက် ကြည့်ဖို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခု ဖြစ်ကြောင်းပါ ။
Admin ~ ရေချမ်း
ဇာတ်လမ်းအညွှန်းကိုတော့ Movie Movies Facebook Page မှ ကူးယူဖော်ပြထားပြီး
ဘာသာပြန်သူကတော့ မေသူစိုးပါ…..
File Size : 1.66 GB
Quality : Blu-Ray 1080p 5.1 CH x264
Running Time : 1hr 48min
Format : Mkv
Genre : Comedy, Musical, Romance
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.BluRay.x264.DTS-SWTYBLZ
Translated by May Thu Soe
Encoded by Thanhtike Zaw File Size : (952 MB)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။