Major Grom: Plague Doctor (2021)


Synopsis:
Mayor Grom 2021
—————————–
IMDb 6.5
သူ့နာမည်က “အီဂေါဂရွန်”၊ ရုရှား စိန့်ပီတာစဘတ်စ်က စုံထောက်တစ်ယောက်
သူ့မှာ လုပ်ထုံးလုပ်နည်းမရှိဘူး၊ အထက်အမိန့်ဆိုတာ သူ့အတွက် အပိုဆာဒါး၊ တရားခံမိဖို့အတွက်ဆို ရှိသမျှ တရားဥပဒေတွေ၊ ဘောင်တွေအကုန်ဖျက်ပြီး ကျားကုတ်ကျားခဲဖမ်းတဲ့သူ
သူ့ရဲ့တရားခံဖမ်းနည်းက တစ်မျိုးဆန်းတယ်၊ တရားခံကို လိုက်ဖမ်းနေတဲ့အချိန်အတွင်းမှာကို ဖြစ်လာနိုင်ချေရှိတဲ့ကိစ္စတိုင်းကို သူ့ရဲ့စိတ်ကူးနန်းတော်ထဲမှာ အရင်စဥ်းစားပြီးမှ အကောင်းဆုံးရှုထောင့်ကို ရွေးပြီး လက်ရဖမ်းတတ်သူမျိုး
တိုက်ရည်ခိုက်ရည်ကလည်းအပြည့်၊ တစ်နည်းပြောရရင် ရှားလော့ဟုမ်းရဲ့ဉာဏ်ရည်နဲ့ ဆားပုလင်းနှင်းမောင်ရဲ့လက်ရည်ပေါင်းစပ်ထားတဲ့ စုံထောက်
Plague Doctorဆိုတဲ့ နာမည်နဲ့လိုက်အောင် စိန့်ပီတာစဘတ်စ်မြို့ကို ကပ်ဘေးဆိုက်အောင်လုပ်နေတဲ့ လူ့မလိုင်အသိုင်းအဝိုင်းတွေကိုပဲ ပစ်မှတ်ထားပြီး သွေးအေးရက်စက်စွာ သတ်ဖြတ်တဲ့သူ၊ ပလိပ်ရောဂါခေတ် မျက်နှာဖုံးတပ်ထားတဲ့သူ့ကို ဘယ်သူဘယ်ဝါမှန်း ဘယ်သူမှမခန့်မှန်းနိုင်ကြသလို သူသတ်ဖြတ်နေတဲ့ ဗီဒီယိုတွေကိုပါ ရုပ်သံကနေလွှင့်ရဲတဲ့အထိ အကြောတင်းတဲ့ လူသတ်သမား
ဒီနှစ်ယောက်ရဲ့ ဉာဏ်ရည် လက်ရည်ယှဥ်ပြိုင်ကြတဲ့အချိန် ဘယ်သူက ဘယ်လိုအသာစီးရသွားမလဲ၊ ဘုံလုံတစ်လှည့် ငါးဖျံတစ်လှည့် တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကတုံးပေါ်ထိပ်ကွက်သွားမလဲ
ဇာတ်လမ်းအစကနေ အဆုံးထိ တစ်ကွက်မှ ပျင်းစရာမကောင်း၊ အီလေးမဆွဲပဲ ရုရှားဇာတ်ကားတို့ထုံးစံအတိုင်း ဇာတ်ရည်သွက်သွက်၊ တိုက်ခန်းခိုက်ခန်းအပြည့်၊ သဘာဝကျတဲ့ဟာသတွေကို ကြည့်ရှုချိန် ၂နာရီအတွင်း မျက်တောင်မခတ်တမ်း ကြည့်စေချင်မယ့် Ratingမြှင့် ရုရှား အက်ရှင်စုံထောက်ကားသစ်ပါ
စုံထောက်ကြီး ဂရွန်နဲ့အတူတူ ဉာဏ်ကစားကြည့်လိုက်ရအောင်ဗျာ။….
Reviewed By : JimX
Translated by : Daniel Lawwei and JimX
Encoded by : YK
File Size : 2.58Gb
Quality : 1080p NF Web DL 5.1Ch
Duration :2h 16min
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။