Exit print mode Print Data A+ A- Undo all

Magic Town (2021)

Magic Town (2021)

Synopsis:

Magic Town (2021)

အရာအားလုံးက ကံစီမံရာအတိုင်းပဲဆို ဘာမှကြိုးစားစရာမလိုတော့ဘူးလား
ဒါမှမဟုတ် ကံစီမံတာထက် ပိုပြီးကောင်းအောင် ကြိုးစားလို့ရောရရဲ့လား ။
တကယ့်ကို အတွေးများစေတဲ့ ကားလေးတစ်ကားပါ ။

442

ဇာတ်လမ်းလေးကတော့ ချန်လူကြီးမင်းအိမ်ရဲ့ လူသတ်မှုနဲ့စပါတယ် ။
ထင်ကြေးပေးကြတာတော့ မကောင်းဆိုးဝါးဝင်ပူးလို့ပါ ။
ဒါပေမဲ့လည်း ချန်အိမ်တော်မှာ လူပေါင်း ၂၀ လောက် ထပ်ပြီးသေဖို့ကျန်ပါသေးတယ် ။ တကယ်လည်း သေကြမှာပါ ။
သွေးရိုးသားရိုး သေမှာ မဟုတ်တာ တစ်ခုပဲ ။

ဘယ်လိုပဲသေသေ သူများရဲ့ ကြံစည်မှုကြောင့်သေဆုံးရင် လူသတ်မှုမြောက်တယ်မလား ။
ဒါကို ဖြေရှင်းချင်သူကတော့ လူဆိုးထိန်းမမ လီကျောင်းရန် ။
နောက်ကွယ်က အောက်လမ်းနည်းနဲ့ တိုက်ခိုက်နေတဲ့လူကို လိုက်လံရှာဖွေချင်ပေမဲ့
ချန်အိမ်က လူပေါင်း ၂၀ က ဒီလိုအောက်လမ်းနဲ့ သေဖို့ကံကြမ္မာပါလာပြီးသားဖြစ်နေပါတယ် ။
ဒါကြောင့် ငယ်သူငယ်ချင်း ပရောဟိတ်ဆရာ ကျုံးခွန်း ကတော့ သူတို့တွေ သေကိုသေကြရမှာဖြစ်ပြီး
ဘယ်လိုမှ ကယ်တင်လို့မရနိုင်ပါဘူးလို့ အတင်းငြင်းနေခဲ့ပါတယ် ။

ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားတဲ့ လီကျောင်းရန် တစ်ယောက်
သူ့ရဲ့ ကံကောင်းမှုကို အပြစ်ဒဏ်အနေနဲ့ နှုတ်ယူခံခဲ့ရပါတယ်။
ဒါကိုသိလိုက်တဲ့ ပရောဟိတ်ဆရာကတော့ လီကျောင်းရန် ရဲ့ ကံကောင်းမှု ကိုပြန်လည်ရှာဖွေပေးနိုင်ပါ့မလား
ဒါမှမဟုတ် ကံကြမ္မာစေရာအတိုင်း လက်လျော့ပြီး
နှစ်ယောက်သား ပေါင်းစည်းသွားမလားဆိုတာတော့ ဆက်ပြီးကြည့်ရှုပေးပါဦး။

File size… 1.5GB and 700MB
Quality….WEB-DL 1080p and 720p
Format…mp4
Duration…. 1hr 26min
Genres: Action, Mystery, Romance, Fantasy, Investigation
Subtitle….Myanmar Subtitle (Hardsub)

Translator ….. JoJoVa
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
麒麟幻镇
Release Date
21 Jan 2021
Runtime
1hr 26min
Country
China
IMDB Rating
8.7
IMDB votes
5