Maanaadu (2021)
Stand for what's right, even if it means standing alone.

Synopsis:
Maanaadu Synopsis
===============================
Time-loop ဆိုတဲ့အချိန်ကျော့သံသရာကို Edge of Tomorrow,
Happy Death Day 1& 2, A Day တို့လို ဟောလိဝုဒ်ဗားရှင်း၊
ကိုရီးယားဗားရှင်းမျိုးစုံနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားတာတွေ
ရှိသလို ဒီတစ်ခေါက်မှာတော့ Tamil Time-loopဇာတ်လမ်းလေး
တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် IMDb user၁သောင်းခွဲရဲ့
ratingမှာ 9.1အထိ ရရှိထားပြီး ရုံတင်ရာမှာလည်း Blockbuster
အဆင့်လို့ ပြောလို့ရအောင် ရုံဝင်ငွေများစွာနဲ့ အောင်မြင်မှုတွေ
ရရှိထားတဲ့ကားပါ
ဒူဘိုင်းမှာအလုပ်လုပ်နေတဲ့ အဗ္ဗဒူ ခါလစ်ဟာ သူများမင်္ဂလာဆောင်
ကနေ သူငယ်ချင်းဖြစ်သူ မိန်းမဖြတ်ခုတ်ပြေးရာမှာ ကူညီဖို့အတွက်
အိန္ဒိယကိုပြန်လာခဲ့ပါတယ်၊ လေယာဉ်ပေါ်မှာ သူနဲ့.မင်္ဂလာဆောင်
တစ်ခုတည်းတူတူသွားမယ့် ဆီသာလက်ချမီးနဲ့တွေ့ဆုံခဲ့ပါတယ်၊
ထိုမှတဆင့် မင်္ဂလာပွဲကိုရောက်၊ သတို့သမီးကို ဖြတ်ခုတ်အပြီး
ထွက်ပြေးလာတဲ့လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ခိုးပြေးတဲ့တစ်ဖွဲ့လုံး
ရဲဖမ်းခံလိုက်ရပါတယ်၊ ဒါပေမဲ့ ရဲတွေကပုံမှန်မဟုတ်ဘဲ လျှို့ဝှက်တဲ့
အကြံအစည်တစ်ခုကို ကြံနေကြတာပါ၊ ဒါကတော့ ၁၂ကြိမ်မြောက်
အာဏာရပါတီနှစ်ပတ်လည်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့
အစီအစဉ်ပါ
နဂိုစီစဉ်ထားတဲ့ လုပ်ကြံရေးသမားဟာ အဗ္ဗဒူတို့ကားနဲ့တိုက်မိပြီး
သေသွားလို့ အဗ္ဗဒူကိုခြိမ်းခြောက်ပြီး ကိုယ်စားလုပ်ကြံခိုင်းခဲ့ပါတယ်၊
အဗ္ဗဒူအနေနဲ့ လုပ်ကြံမှုအောင်မြင်ခဲ့ပေမယ့် အခင်းဖြစ်တဲ့နေရာမှာပဲ
သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်၊ ဒါပေမဲ့ တကယ်မသေခဲ့ဘဲ
ဆီသာနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ လေယာဉ်ပေါ်မှာ လန့်နိုးလာခဲ့ပါတယ်၊
စစဖြစ်ချင်းမှာတော့ဝေဝါးနေပေမဲ့ သူ့ကိုယ်သူ အချိန်ထပ်တလဲလဲ
ဖြစ်နေကြောင်း သေချာသွားတဲ့နောက် သူငယ်ချင်းဖြစ်သူရဲ့
မိန်းမခိုးပြေးတဲ့ကိစ္စကို လမ်းကြောင်းတွေ အဖြစ်အပျက်တွေ
အမျိုးမျိုးပြောင်းပြီး စမ်းသပ်ခဲ့ပေမဲ့ နောက်ဆုံးမှာ အဗ္ဗဒူသေပြီး
လေယာဉ်ပေါ် ပြန်နိုးလာတဲ့အဖြစ်နဲ့ပဲ အဆုံးသတ်နေတဲ့အခါ
အဗ္ဗဒူခါလစ်အနေနဲ့ ဒီ Time-loopဘာကြောင့် ဖြစ်နေလဲဆိုတာကို
ရှာဖွေဖော်ထုတ်ရင်း ပြည်နယ်ဝန်ကြီးလုပ်ကြံမှုနောက်ကွယ်က
လျှို့ဝှက်ချက်ကိုပါ တပါတည်းအဖြေရှာဖို့ ကြိုးစားပါတော့တယ်၊
ဘာကြောင့် ရဲတွေက ဝန်ကြီးကိုသတ်ချင်နေကြတာလဲ၊ ဝန်ကြီးရဲ့
လုပ်ကြံမှုနဲ့ အဗ္ဗဒူရဲ့ Time-loopက ဘယ်လိုဆက်သွယ်နေတာလဲ၊
အဲဒီပုစ္ဆာတွေကို အဗ္ဗဒူဖြေရှင်းနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစွာ
ကြည့်ရှုရမယ့် Tamil Sci-fic Action, Drama ကားသစ်ပဲ ဖြစ်ပါတယ်
File size… 658MB / 1.12GB / 2.8GB
Quality… 720p HEVC Small Size / 720p / 1080p AAC 2.0
Format…mkv / mp4
Duration….2h 27min
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by JimX & Amelia
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။