Love & Passion


Synopsis:
ပြီးခဲ့တဲ့ နှစ်က ရှာရင်းဖွေရင်း ဒါရိုက်တာကြီး Tinto Brass ရဲ့ လက်ရာ စုစည်းမှု
Tinto Brass Premium Collection ဆိုတဲ့ ဖိုင်ကို ရှာတွေ့ခဲ့ပြီး
ဇတ်ကားကောင်း ၂၂ ကား ပါဝင်ပါတယ် အကုန်လုံးဟာ
ရှားရှားပါးပါးတွေ ဖြစ်ပြီး တစ်ချို့ ရုပ်ရှင်တွေဟာတော့
Video Quality အတော်နိမ့်ပြီး 360P လောက်သာ
ရှိတာတွေ့ရပါတယ် ထပ်မံရှာဖွေသော်လဲ
ယခု ရရှိထားတာလောက် ကောင်းတာကို
ရှာဖွေမတွေ့ခဲ့ပါဘူး…
Tinto Brass ဟာ မိန်းမကျောနပ်သူလားလို့တောင်
ထင်ရအောင် သူရေးသမျှ ရိုက်သမျှ ရုပ်ရှင်ကားတိုင်းဟာ
မိန်းမတွေရဲ့ အကျောကို နားလည်အောင် ဖော်ပြသလို
အိမ်ထောင်ရေး အရှုပ်အရှင်း ဇတ်လမ်းတွေ
မိန်းကလေး အချစ် ယောင်္ကျားလေး အချစ် နဲ့
တစ်ခါတစ်လေ နားလည်ရခက်တဲ့ အရာတွေကို
မြင်ရပါတယ်…
Channel Myanmar မှာလဲ Tinto Brass Special Package ဖြစ်အောင်
နောက်ဆို တစ်ခုချင်းစီ ၂၂ ကားပြည့်အောင် ဘာသာပြန်ရင်း
တင်ဆက်ပေးသွားပါမယ် အခု တော့ ရုပ်ရှင်ကားရဲ့ Review ကို ခနလောက်
ဖတ်ကြည့်ကြစို့…
ဖရတ် နဲ့ ဂျနီဖာ တို့ လင်မယားဟာ ခရီးတစ်ခုကို အတူထွက်လာပြီး
ဂျနီဖာ အစိုးရ၀န်ထမ်းဘ၀ က တာဝန်ကျခဲ့တဲ့ မြို့က စံအိမ်မှာ
နေဖြစ်ကြပါတယ်…
ဒီလင်မယား က လူမြင်ကွင်းမှာတော့ အရမ်းချစ်ကြပြီး
ညကျ ကုတင်ပေါ်မှာ ဖရတ်က ကြိုးစားတိုင်း
ဂျနီဖာ က ရှောင်ထွက်တာ အမြဲလိုလိုဖြစ်နေပါတယ်
ဒီတော့ကာ အိမ်ထောင်ရေးသုခ မရတဲ့ ဖရတ် တစ်ယောက်
ဂျနီဖာ ကို အတော်စိတ်ကုန်နေသလို ဂျနီဖာ ကလဲ
သူ့ယောင်္ကျား ဖရတ်ကို စိတ်ကုန်နေတာဖြစ်ပါတယ်..
ဒါပေမယ့် သူတို့ ၂ ယောက်မှာလဲ အကြံကိုယ်စီနဲ့ရယ်ပါ
ဖရတ်ဟာလဲ သူ့ရည်းစားဟောင်း ကောင်မလေးဆီ
အလည်အပတ် သွားပြီး အလုပ်ကိစ္စနဲ့ ခရီးထွက်တဲ့နေရာကို
လိုက်လည်ဖို့ ဖိတ်ခေါ်ခဲ့သလို ငတ်ပြတ်နေတဲ့ မနက်စာကိုလဲ
သူငယ်ချင်းကောင်မလေးဖြစ်သူက ကျွေးခဲ့လို အူစိုသွားပါတယ် 😛
တစ်ဖက်မှာလဲ ဂျနီဖာက ဖရတ် အလုပ်ကိစ္စနဲ့ ခရီးသွားနေတုန်း
သူမ ယောင်္ကျားမရခင် အပျိုစင်ဘ၀ ကို ပိုင်စိုးပိုင်နင်း ယူသွားခဲ့သူ
ကိုလူရှုပ် တစ်ဦးဆီ တိုးတိုးတိတ်တိတ် စာပို့ ဆက်သွယ်ပြီး
အိမ်ထောင်ရေးသုခ ကုန်ခမ်းသမျှ နှစ်ကိုယ်တူချစ်သမျှ ဇတ်ခင်းပြီး
ပိုင်းလုံး နဲ့ အချစ်တွေ ဝေမျှ ပါတော့တယ်…
အလုပ်ကိစ္စ နဲ့ ခရီးသွားတယ် အကြောင်းပြပြီး သူငယ်ချင်း
ကောင်မလေး နဲ့ ပျော်တော်ဆက်နေတဲ့ ခင်ပွန်းဖြစ်သူ ဖရတ် ဟာ
သူ့မိန်းမ ဂျနီဖာ ကိုတော့ အမြဲလိုလို ဖုန်းဆက်ရှာပါတယ်
မိန်းမ ဖြစ်သူ ဂျနီဖာ မှာလဲ ဖရတ်ကို နေကောင်းလား ကျန်းမာလားတော့
မေးဖြစ်ပါတယ်…
နှစ်ယောက်လုံး ရဲ့ နောက်ကွယ်မှာတော့ မီးလေးတွေ ကိုယ်စီလင်းလျက်
တစ်ယောက်နဲ့တစ်ယောက် ဇတ်ရှုပ်တွေ မသိရှိအောင် ဘယ်လို ဆက်ပြီး
စခန်းသွားကြမယ်ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပါရန်….
(အထူးသတိပေးချင်တာကတော့ ဒီရုပ်ရှင်ကားကို အသက် ၁၈ နှစ်အောင် မကြည့်သင့်ပါ)
Video Quality က မူရင်းသိပ်မကောင်းတာကြောင့် အမြင့်ဆုံး Screen ၁၄ လက်မထက်
ကြည့်ရှုမယ်ဆို ၀ါးတားတား ဖြစ်နေမှာပါ အကောင်းဆုံးကတော့ ဖုန်းနဲ့ ကြည့်တာပါပဲ…
Thit San Khant
File size – ( 550MB )
Quality – DVD Rip 480P
Format – MP4
Duration – 2h
Subtitle – Myanmar Subtitle
Encoder – Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။