Exit print mode Print Data A+ A- Undo all

Love on the Right Course (2024)

Love on the Right Course (2024)Love on the Right Course (2024)

Synopsis:

Love on the Right Course (2024)

~ IMDb – 6.2/10, Rotten Tomatoes – 60% ~

442

Pro Golfer တစ်ယောက်ရဲ့ ဖိအားတွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကိုယ်လိုချင်တဲ့အရာကို နောက်ဆုံးမှာ ရှာတွေ့သွားတဲ့ Romance ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် ဝှစ်တနီက သူ့‌အမေလိုပဲ Pro Golfer ဖြစ်ပြီး မိခင်ဖြစ်သူ အဲလစ်စ်က နည်းပြအဖြစ်နဲ့ ပွဲစဉ်တွေတစ်လျှောက် အနိုင်ယူခဲ့ပါတယ်။ သို့ပေမဲ့ အဲလစ်စ်ဆုံးသွားပြီးတည်းက ဝှစ်တနီက အလုပ်မှာ မပျော်တော့ဘဲ လက်ရည်ကျလာပါတယ်။ နောက်တော့ သူ့အဖေရှိတဲ့ ဘူတာပက်စ်မြို့နားမှာ လုပ်မယ့် ချန်ပီယံပွဲမှာ ပြိုင်ဖို့ ကပ်သီလေးပါသွားပါတယ်။

ဖိအားတွေများပြီး Golfer အဖြစ် ဆက်လုပ်ချင်သေးလားဆိုတာ အဖြေရှာဖို့ ဝှစ်တနီက လေ့ကျင့်တဲ့ကာလကို ဖခင်ရှိတဲ့အိမ်ကို ပြန်လာခဲ့ပါတယ်။ ဝှစ်တနီရဲ့ဖခင်က ဂေါက်ကွင်းဖွင့်ထားတာဖြစ်ပြီး ဇနီးဖြစ်သူကို သတိရစိတ်နဲ့ အကုန်ရောင်းချပြီး တခြားနေရာမှာသွားနေဖို့ စီစဉ်နေတာပါ။ အထီးကျန်နေတဲ့ ဖခင်ကို အဖော်ရအောင်လုပ်ပေးပြီး ပြိုင်ပွဲအတွက် ကွင်းမှာလေ့ကျင့်ရင်း ကက်ဒီ ဒယ်နီရယ်နဲ့ဆုံခဲ့ပါတယ်။ ဒယ်နီရယ်က ဝှစ်တနီကို ကိုယ်လုပ်တဲ့အရာကို ချစ်ဖို့ လမ်းညွှန်ပေးရင်း ပြိုင်ပွဲအတွက် ကူပေးခဲ့ပါတယ်။

အတားအဆီး‌တွေကိုကျော်ဖြတ်လို့ နောက်ဆုံးမှာ ဝှစ်တနီတစ်ယောက် အမေ့ခြေ‌ရာနင်းပြီး ချန်ပီယံဆုဖလားအနိုင်ရရုံမက အချစ်ကိုပါ တွေ့သွားတာကို ကြည့်ကြရပါလိမ့်မယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.69GB, 695MB
Quality – 1080p, 720p
IMDb Rating – 6.2/10
Format – mp4
Duration – 1H 24Min
Genre – Comedy, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by Shune Lai KK
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Stefan Scaini
Stars
Adam Boncz, Ashley Newbrough, Barbara Szitás, Barbara Xantus, Brittany Bristow, Evelin Dobos, Joe Horn, Kara Wagland, Katalin Ruzsik, Lorena Santana-Somogyi, Marcus Rosner, Mark Zecchino, Roy McCrerey, Steve Byers, Zsolt Bognár
Release Date
2024
Rated
TV-G
Runtime
1h 24m
Country
Canada, Hungary
Popularity
4.709
Status
Released
ID IMDb.com
tt30143873
IMDB Rating
6.2
IMDB votes
504
ID Themoviedb.org
1212661
TMDb Rating
7.714
TMDb votes
7