Channel Myanmar

Love, Lost & Found (2021)

ComedyRomance

5.6
IMDB: 5.6/10 1000 votes

, , ,

227370

Report error

Love, Lost & Found (2021)

====================

442

IMDb Rating – 5.6/10

 

မထင်မှတ်ထားတဲ့ အချိန်မှာ အချစ်ဆိုတာ ပေါ်လာတတ်တယ်လို့လူတွေပြောကြတယ်။ တစ်ခါတစ်လေမှာ ကိုယ့်အနားမှာ

တစ်ချိန်လုံးရှိနေပေမယ့်လည်း ဒါဟာ အချစ်စစ်ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ တသစ်ဒင်္ဂလေး တွေ့လိုက်ရုံနဲ့ အချစ်စစ်တွေ

ပေါက်ဖွားလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တစ်ချို့ကျလည်း အချစ်ဦးဆိုတာကို မေ့ပျောက်မရနိုင်ဖြစ်ပြီး ဘယ်သူ့ကိုမှ ဆက်မချစ်တတ်ကြတော့ပါဘူး။

အချစ်ဟာ အဲ့ဒီလောက်ထိကို ဆန်းကြယ်ပါတယ်။

ဒီဇာတ်လမ်းလေးထဲမှာလည်း ဘက်ဖ်ဆိုတဲ့ လူဟာ သူ့ရဲ့ ချစ်သူ ကလဲရ်ရဲ့ ဇာတိမြေလေးကို သွားပြီး လက်ထပ်ခွင့်တောင်းဖို့

ကြံစည်ထားခဲ့ပါတယ်။ နေ၀င်တာကို ကြည့်ရင်း လက်ထပ်ခွင့်တောင်းမယ့် အချိန်မှာပဲ ကံဆိုးစွာနဲ့ ကလဲရ်က တောင်စောင်းပေါ်က

ပြုတ်ကျပြီး မြစ်တစ်လျှောက် ပါသွားပါတော့တယ်။ ချစ်သူကို စိုးရိမ်စိတ်နဲ့ ပြူးပျာနေတဲ့ ဘက်ဖ်လည်း တောင်ပေါ်က တလိမ့်

ခေါက်ကွေး ပြုတ်ကျပြီး နတ်တလီဆိုတဲ့ တောခေါင်းမလေးနဲ့တွေ့…..

ဘက်ဖ်ရဲ့ ချစ်သူ ကလဲရ်နဲ့တွေ့တဲ့ ကယ်ဆယ်ရေးအဖွဲ့က လူဟာလည်း ကလဲရ်ရဲ့ ရည်းစားဟောင်း ကော့တ်ဖြစ်နေပါတော့တယ်။

ဒီအတွဲလေး ၂ တွဲ ဘယ်လိုလဲ ပြန်ဆုံမယ် ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကတော့ စိတ်၀င်စားစရာပါပဲ လူလေးယောက်တည်းနဲ့

တစ်ကားလုံးကို စိတ်၀င်စားအောင် ရိုက်ပြထားတာတော့ တကယ်ချီးကျူးစရာပါ။

ဇာတ်ကားလေးကြည့်ရင်း အချစ်ဦးကို သတိရစေမှာဖြစ်သလို အချစ်ဆိုတာ မမျှော်မှန်းထားတဲ့ အချိန်မှာ ပေါ်လာတတ်တယ်ဆိုတဲ့

သဘောတရားလေးတွေ မြင်တွေ့ရမှာဖြစ်ပါတယ်။

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung ပဲဖြစ်ပါတယ်။)

 

Quality – 1080p, 720p WebRip

Duration – 1h 28min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Comedy, Romance

Source : 1080p.WebRip

Translator –  Yoon Sandi Aung

Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies