Exit print mode Print Data A+ A- Undo all

Love All Over Your Face / Amor En Toda La Cara (2024)

Love All Over Your Face / Amor En Toda La Cara (2024)Love All Over Your Face / Amor En Toda La Cara (2024)

Synopsis:

442

 

IMDb – 6.7/10

၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိခဲ့တဲ့​ စပိန်​စကားပြော Comedy ဟာသ​ရုပ်​ရှင်​တစ်​ခု​ဖြစ်​ပါတယ်။ ရုပ်ရှင်​ရဲ့ အင်္ဂလိပ်နာမည်က Love​ All Over Your Face ဖြစ်​ပါတယ်။ ဇာတ်​ကား​ရဲ့ ထူး​ခြား​ချက်​က scene အားလုံး​ကို Video Call, FaceTime နဲ့ Zoom အစရှိတဲ့ ဗီဒီယို​မြင်​ကွင်း​တွေကနေ ပုံဖော်​ထား​ခြင်း​ဖြစ်​ပါတယ်။

ဇာတ်လမ်း​အကျဥ်းကတော့ ဒန်​နီ ဟာ စပိန်​နိုင်​ငံကနေပြီး အမေရိကန်​ပြည်ထောင်​စု​ LA မှာ အလုပ်​လုပ်​နေတဲ့ စပိန်​နိုင်ငံ​သားဖြစ်​ပြီး အန်နာကတော့ မက္ကဆီကို​နိုင်​ငံကနေ LA ကိုလာပြီး သရုပ်​ဆောင်​ဖြစ်​ဖို့​ ကြိုး​စား​နေသူဖြစ်ပါတယ်။ ဒန်​နီနဲ့ အန်နာတို့ တွဲ​ပြီးမကြာခင်မှာ ဒန်​နီ​တစ်​ယောက်​ ဗီဇာသက်တမ်းတိုးဖို့ စပိန်​နိုင်ငံ​ မက်ဒရစ်မြို့ကို ပြန်​သွားခဲ့ရပါတယ်။ ကိစ္စ​ပြီးလို့ LA ပြန်​မယ်လုပ်တုန်းမှာ Covid ရောဂါ​ကပ် စတင်​ဖြစ်​ပွား​လာခဲ့တဲ့အတွက် အမေရိက​ကို ပြည်ဝင်ခွင့်မရဘဲ စပိန်​မှာပဲ နေနေရပါတော့တယ်။ ဒီလို​နဲ့ ဒန်​နီနဲ့ အန်နာ​တို့​ဟာ လူချင်းတွေ့ခွင့်မရဘဲ video call နဲ့သာ ဆက်​သွယ်​နေရာက​နေ​ ဘယ်​လို​အဖြစ်​အပျက်တွေ ကြုံဆုံရမလဲ ဆိုတာ​ကို ကြည့်​ရှုရမှာပါ။

ကိုဗစ်​ကာလကို အခြေခံ​ဇာတ်​အိမ်​တည်​ထားတာ ဖြစ်​တဲ့အတွက်​ ကြည့်​ရှု​ရတာ ရင်း​နှီး​မှုရှိပြီး ဇာတ်​အိမ်​ကလည်း​ ပေါပေါ့ပါးပါးဖြစ်တဲ့အတွက် ကြည့်​ပျော်​တဲ့ဇာတ်ကားလေး ဖြစ်​ပါတယ်။ လိင်​ပိုင်း​ဆိုင်ရာ​ပြကွက်အချို့ ပါဝင်​တဲ့အတွက် အသက်မပြည့်သေးသူများ ကြည့်​ရှုရန် မသင့်တဲ့ အခန်း​တချို့​ရှိပါတယ်။ ကိုဗစ်​ရောဂါ​ဖြစ်​ပွား​နေခဲ့တဲ့ လွန်​ခဲ့တဲ့​ လေး၊ ငါးနှစ် အချိန်​ကာလကို​ ပြန်​ပြောင်း​သတိရ​လိုသူများ မဖြစ်​မနေကြည့်ရှူသင့်တဲ့ ဟာသကားလေးဖြစ်ပါတယ်။

 

File size…(2 GB)/(1.2 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:39:00
Genre… Comedy, Romance 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfenheim 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
26.241
Status
Released
ID IMDb.com
1285801
ID Themoviedb.org
1285801
TMDb Rating
6.333
TMDb votes
3