Love Again (2023)
Destiny has a plan.

Synopsis:
ဖုန်းထဲကိုမထင်မှတ်ပဲဝင်လာတဲ့ အမည်မသိစာလေးတစ်စောင်ကနေပြီးတော့လည်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာနိုင်ပါတယ်။ မီရာဟာ ကလေးဖတ်ရုပ်ပြစာအုပ်ရေးတဲ့ ကာတွန်းဆရာမတစ်ယောက်ပါ။ သူ့နဲ့စေ့စပ်မဲ့ သတို့သားလောင်းက သူ့ရှေ့မှာတင်ကားတိုက်ခံလိုက်ရလို့ ေ-သဆုံးသွားတဲ့ ဖြစ်ရပ်ဆိုးကြီး ပြီးကတည်းက နှစ်နှစ်လောက်ဘာမှမလုပ်နိုင်ပဲ အတိတ်မှာပဲပိတ်မိနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ညီမဖြစ်သူ ဆူဇီကပြန်ခေါ်တာမလို့ နယူးယော့ခ်ကိုပြန်သွားလိုက်ပြီး အတိတ်ကနေရုန်းထွက်နိုင်ဖို့အတွက် သူ့ကောင်လေးရဲ့ဖုန်းနံပါတ်အဟောင်းကို သူကြုံခဲ့ရတဲ့အတွေ့အကြုံတွေ၊ ခံစားချက်တွေကိုစာပို့ပြီး ရင်ဖွင့်နေခဲ့ပါတယ်။
ဖြစ်ချင်တော့ မီရာရဲ့အရင်ကောင်လေးဖုန်းနံပါတ်ဟာ ရော့ဘ် ဆိုတဲ့သတင်းထောက်ရဲ့ အလုပ်ဖုန်းအသစ်ဖြစ်နေတာပါ။ ဒီလိုနဲ့ပဲ မီရာပို့သမျှစာတွေကို ရော့ဘ်ကဖတ်ကြည့်ရင်း တဖြည်းဖြည်းချစ်မိလာခဲ့ပါတယ်။ ရော့ဘ်ကလည်း စေ့စပ်ခါနီးမှာ ကောင်မလေးကပစ်သွားတာကြောင့် အလုပ်မတွင်ဖြစ်နေသူပါ။ တစ်နေ့မှာတော့သတင်းစာတိုက်ကခိုင်းလို့ အဆိုတော် စလင်း ဒီယွန်ဆီကို သွားပြီးအင်တာဗျူးတဲ့အခါမှာတော့ စလင်းက သူ့ကိုပြန်ပြီးအလင်းဖွင့်ပေးလိုက်တာကြောင့် မီရာကိုအပြင်မှာမြင်ဖူးအောင် စပြီးရှာဖို့လုပ်ပါတော့တယ်။ ဒီလိုနဲ့ ရော့ဘ်ကရော မီရာကိုတွေ့ပြီး အဆင့်တွေတက်နိုင်မလား၊ မီရာကရော အတိတ်ကနေရုန်းထွက်နိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ နာမည်ကြီး တိုင်တန်းနစ် ဇာတ်ဝင်တေး “My Heart Will Go On” ကိုသီဆိုခဲ့တဲ့ အဆိုတော် စလင်း ဒီယွန်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ဘောလီးဝုဒ် မင်းသမီးချော ပရီရန်ကာ ချော်ပရာ နဲ့ ဆမ် ဟျူဂန်တို့ လည်းပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသဇာတ်မြူးကားကောင်းလေးတစ်ကားပါဗျ။
File size…(1.8 GB)/(950 GB)/(480 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:44:00
Genre…Drama, Romance, comedy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by TMTT
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။