Love 911 (2012)
A day to heal, a day to love

Synopsis:
ကိုရီးယားတွေကဟာသကားဆိုလဲရယ်ရအောင်ရိုက်သလို
ဟာသကားတွေထဲမှာတစ်ခါတစ်ခါ ဒရာမာအချိုးလေးတွေပစ်ပစ်ထည့်တတ်ပါတယ်။
အဲ့လိုကားမျိုးတွေကြည့်ရတဲ့အခါ ဟင်းမျိုးစုံချထားတဲ့ ထမင်းဝိုင်းထဲမှာ ထမင်းစားရသလိုမျိုးခံစားရပါတယ်။
အချိုလေးလဲပါတယ် အစပ်ကလေးလဲပါတယ် အချဉ်အငန်ကလဲ အပိုအလိုမရှိ
ဒီ Love 911 ဆိုတာကလဲ အဲ့လိုဇာတ်ကားမျိုးပါ
ဇာတ်လမ်းအညွှန်းကတော့ ဂိုမီဆုက နှလုံးခွဲစိတ်ဆရာဝန်မလေးတစ်ယောက်ပါ
အရမ်းကိုတော်ပြီး သွက်သွက်လက်လက်နဲ့ ချစ်ဖို့ကောင်းတဲ့ သူပေါ့
ချောင်ဂန်လီကတော့ မီးသတ်သမားဖြစ်ပြီး လူမှုရေးညံ့ဖျင်း စကားကို အပြောအဆိုမတတ် ဘုဘောက်ပြောပြီးနေတတ်တဲ့သူပါ
တစ်နေ့မှာဂင်မီဆုတို့ဆေးရုံအရေးပေါ်ဌာနကိုလူနာတစ်ယောက် ရောက်လာပါတယ် လူနာက နှလုံးအဆို့ရှင်အစားထိုးထားခဲ့ဖူးတဲ့ လူဖြစ်ပြီး
ခေါင်းကိုက်တာတွေအဆက်မပြတ်ဖြစ်လာတာကြောင့်အရေးပေါ် ရောက်လာတာပါ
ဒီမှာ ဂိုမီဆုကနှလုံးနဲ့ပတ်သက်တယ်လို့ မှားယွင်းစွာ ဆုံးဖြတ်မိပြီး ဆေးပေးပြီးပြန်လွှတ်လိုက်ပါတယ်
ဒီမှာပဲလူနာဟာဆေးရုံရှေ့ပြန်ရောက်ရောက်ချင်းပဲ မေ့လဲသွားပါတယ် သေချာစစ်ကြည့်မှ လူနာဦးနှောက်ထဲမှာသွေးတွေရောက်နေပြီးအရမ်းကို အသက်အန္တရာယ်ရှိတယ်ဆိုတာအဖြေထွက်လာပါတယ်
လူနာရှင်အမျိုးသားကလဲ ဂိုမီဆုကို ပြဿနာရှာဖို့ ပွဲကြမ်းပါပြီ အဲ့မှာပဲ မင်းသားတို့ မီးသတ်တပ်ဖွဲ့ဟာရောက်လာခဲ့ပြီး ဝင်တားရာက ချောင်ဂန်လီဟာ
လူနာရှင်အမျိုးသားကြောင့် ဒဏ်ရာရသွားပါတယ် ဒီနောက်မှတော့လူနာရှင်က ဂိုမီဆိုကိုတရားစွဲဆိုပါတယ် ဆေးရုံကလဲ ဂိုမီဆုကို ၃နှစ်ဆေးကုသခွင့်ပိတ်ထားခဲ့ပြီး ဂိုမီဆု
သူငယ်ချင်းပါ အဆစ်ပါသွားပါတယ် ဒါကိုဂိုမီဆုရှေ့နေက အကြမ်းဖက်ခံရတဲ့ မီးသတ်သမားကိုရှာပြီး ထိုလူကိုပြန်တရားစွဲခိုင်းမှသာ
ဂိုမီဆုတို့ဘက်ကအသာစီးရမယ်လို့ပြောတာကြောင့် ဂိုမီဆုမှာ ချောင်ဂန်လီကို ကပ်ရပါတော့တယ်
အကြံနဲ့ချဉ်းကပ်ခဲ့ပေမယ့် တကယ်တမ်း ချောင်ဂန်လီရဲ့စိတ်ထားကို မြင်လာတဲ့အခါ တကယ်ချစ်မိသွားပါတယ်
နောက်ပိုင်းမှာတော့ ဂိုမီဆုဆေးမှားကုလိုက်တဲ့လူနာကပိုဆိုးလာတဲ့အခါ. ဂိုမီဆုရဲ့ ဆရာဝန်လိုင်စင်ကပြုတ်လုလုဖြစ်လာပါတယ် ဒါကို ဂိုမီဆုဘယ်လိုဖြေရှင်းမလဲဆိုတာကို
ဆက်ကြည့်လိုက်ပါဦး
( ဇာတ်ကား အညွှန်းနဲ့ဘာသာ ပြန်သူကတော့ Waizin ပဲဖြစ်ပါတယ်)
File Size : (1.01GB) & (659 MB)
Quality : .1080p.BluRay
Running Time : 2h
Format : Mp4
Genre : Drama, comedy,Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Waizin
Encoded by Arkar Phyo (Yrfatt)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။