Lost in the Pacific 2016

Synopsis:
ဒီကားကို ဇန်န၀ါရီလ ၂၀၁၆မှာဖြန့် ချီခဲ့ပြီး အမျိုးအစားက သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ဇာတ်ကား က IMDb မှာတော့ Rating ၃.၅ သာ ရရှိခဲ့ပါတယ်။ အင်္ဂလိပ်စကားပြော တရုတ်ကားပါ။ ဇာတ်ကားက Rating
နည်း တာကြောင့်ကြိုက်တယ် သူရှိသလိုမကြိုက်တယ့်သူလဲရှိကြပါတယ်။ တစ်ကားလုံး မိနစ် ၉၀ကြာပါတယ်။ဇာတ်အိမ်တည်ထားတာတော့
ဇိမ်ခံလေယာဉ်ကြီးတစ်ခုပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ အဓိကမင်းသား ကတော့ အရင်စူပါမန်း လို့ သိကြတယ့် မင်းသားကြီး Brandon Routh ပါဝင် သရုပ်ဆောင်ထားပြီး ကျန်တယ့်မင်းသမီးတွေ တခြားသရုပ်ဆောင်တွေက တော့ တရုတ်လူမျိုးတွေများပါတယ် ။
ဇာတ်ကားကလေယာဉ်ပေါ်မှာပဲတစ်ကားလုံးလိုလို
ဇာတ်အိမ်တည်ထားပါတယ်။ ၂၀၂၀ခုနှစ်မှာ
ဟောင်ကောင်သန်းကြွယ်သူဌေး တစ်ယောက် က သူလုပ်ငန်းကိုတိုချဲ့တဲ့ အနေနဲ့ ကမ္ဘာပထမဆုံး အာကာသကိုပါ သွားလို့ ရတယ့် ကြယ် ၅ပွင့် အဆင့်ရှိတယ့် ဇိမ်ခံလေယာဉ်ကြီးကို မိတ်ဆက်ပျံသန်းခဲ့ပါတယ်။ ထိပ်တန်း နာမည်ကျော်ကြားသူတွေကိုဘဲရွေး ဖိတ်ပြီး ရီရိုဒီဂျေနေးရိုး ကနေ ဟောင်
ကောင်ကို ပျံသန်လာတယ့်လမ်းမှာ ရာသီဥတုဆိုးရွားမှုနဲ့ တွေ့ ပြီးတော့ စွန့် ပစ်ထားတယ့် ကျွန်းတစ်ကျွန်းပေါ်ဆင်းသက်လိုက်ရပါတယ်။ အဲ့ဒီကျွန်းပေါ်မှာ မျိုးဗီဇပြောင်း ကြောင်တွေ နဲ့ တွေ့ တော့ လူ၂ယောက် ကကယ်တင်လိုက်ပြီး သူတို့ လေယာဉ်နဲ့ လိုက်ပါလာခဲ့ပါတယ်။ ကုလရဲ့ စစ်မှုထမ်းတွေလို ပြော
တယ့်သူတို့ ၂ယောက်က သူတို့ သွားချင်တယ့် စခန်းကို မောင်းခိုင်းပါတယ်။ လေယာဉ်ပိုင်ရှင် တကိုယ်ကောင်းဆန်ပြီး ပိုက်ဆံ
ကိုပဲကြည့်တတ်တဲ့ ကုမ္ပဏီပိုင်ရှင်က သူတို့ ပြောတယ့် အတိုင်းမောင်းပေးမလား၊ အဲ့ဒီကြောင်တွေကရော ဘယ်သူတွေ
ဖန်တီးခဲ့တာလဲ ၊ လေယာဉ်ပေါ် ကို ကယ်တင်ရှင်အနေနဲ့ ပါလာတယ့် သူ၂ယောကကရော သူတို့ သွားခိုင်းတာဘယ်နေရာလဲ သူတို့ ကဘယ်သူတွေ
လဲဆိုတာ ဇာတ်သိမ်းပိုင်းမှာ ရုပ်လုံးပေါ်လာပါတယ်။
တကိုယ်ကောင်းဆန်ပြီး ပိုက်ဆံမျက်နှာသာကြည့်တက်တယ့် သူဌေးကြီးက အဆက်အသွယ်မလုပ်တာကြာတယ့် သားနဲ့ ပြန်တွေ့ တယ့်အခါ အဖေအပေါ်မှာ ဘယ်လို စိတ်မျိုးခံစားနေရလဲဆိုတာဒီ ကားထဲမှာတွေရမှာပါ ။ အထက်တန်းလွှာအသိုင်း အ၀ိုင်းရဲ့ အနာဂတ်မှာ အပန်းဖြေစရာတွေဖြစ်လာနိုင်တယ့် အချက်တွေထဲကတစ်စိတ်တစ်ပိုင်း ကိုရိုက်ကူးထားပါတယ်။
ကျွန်တော်ကြည့်ရသလောက်တော့ သရုပ်ဆောင်တာတွေ ကနည်းနည်းမကောင်းသလိုတော့ခံစားရပါတယ်။ ရိုက်ကွက်တွေ နဲ့ ဇာတ်လမ်းကတော့ Action & Adventure တွေပါ။
File Size : 600/300 Mb
Duration : 1: 29: 50
Quality : Bluray rip
Translator : Htet Lin Kyaw
Encoder : Littleneo
pCloud Link(600Mb)
Small File pCloud(300Mb)
Op Link
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။