Lost in Hong Kong (2015)
IMDb – 5.4/10_____Rotten – 60%
ဒီနေ့တော့ ရယ်ရယ်မောမောလေးကြည့်ရမယ့် တရုတ်ဟာသ ဇာတ်ကားလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
၁၉၉၀ နှစ်လယ်ပိုင်းကာလ မြင်ကွင်းနဲ့အတူ အနုပညာကျောင်းသားလေး ရှုလိုင်နဲ့ ရန်ယိတို့က ချစ်သူတွေဖြစ်ကြပြီး ပထမဆုံး အကြင်နာတောင်မပေးရသေးခင်မှာ ရန်ယိဟာ ဟောင်ကောင်မှာရှိတဲ့ တရုတ်တက္ကသိုလ်တစ်ခုကို ပြောင်းရွှေ့ခဲ့ရကာ ရှန်ဟိုင်းကို လုံးဝပြန်မလာတော့ပါဘူး။ ဒီလိုနဲ့ နှစ်နှစ်ဆယ်နီးပါးကြာသွားပြီးနောက်မှာ ရှုဟာကတုံးပြောင်ပြောင်ပုံစံနဲ့ ဖြစ်နေပြီး အမျိုးသမီးအတွင်းခံ အင်္ကျီဒီဇိုင်နာအလုပ်ကိုလည်း တော်တော်ကို ငြီးငွေ့နေကာ အနုပညာရှင် တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ အရင်က သူ့စိတ်ကူးအိပ်မက်တွေတောင်မေ့ပျောက်ကုန်ပါပြီ။
အခုဆိုရင် သူချစ်ရတဲ့ ဇနီးသည် ချိုင်ဘိုနဲ့ ဘဝလမ်းအတူ လျှောက်နေတာတောင်မှ သူ့စိတ်ထဲမှာတော့ အမြဲအမှတ်ရနေတာကတော့ ရန်ယိကိုပါပဲ။ ရှုလိုင်နဲ့ ချိုင်ဘိုနှစ်ယောက်ဟာ သားသမီး မရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နေကြပါတယ်။
တစ်ရက်မှာတော့ ဟောင်ကောင်မှာရှိတဲ့ ချိုင်ဘိုရဲ့ မိသားစုတွေဆီကို သွားလည်ခဲ့ပြီး ဟောင်ကောင်ကို ရောက်တုန်းရောက်ခိုက် သူစိတ် မကုန်သေးတဲ့ ရန်ယိကို တိတ်တဆိတ်သွားတွေ့ဖို့ ရှုလိုင်ကြံစည်နေခဲ့ပါတယ်။
ဒါပေမဲ့လည်း ရှုလိုင်ရဲ့ စိတ်ကူးတွေဖျက်ဆီးမယ့်သူကတော့ ယောက်ဖငတုံးကောင်လေး ချိုင် လာလာပါ။ ရှုလိုင်သွားရာနောက် တစ်ကောက်ကောက် ပါနေပြီး လက်ထဲမှာ ဗီဒီယိုကင်မရာကိုင် ပြီး မှတ်တမ်းရုပ်ရှင်အတွက် မြင် ကရာ လျှောက်ရိုက်နေတာမို့ ရှု လိုင်အတွက် အတော်ကိုစိတ်ရှုပ် စရာပါ။
ဒီလိုနဲ့ လျှောက်သွားရင်း ဗီဒီယိုကင်မရာကြောင့်ပဲ ပြဿနာစ ပါတော့တယ်။ အဲဒါကတော့ ချိုင် လာလာရဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ လူဆိုးဂိုဏ်းရဲ့ လှုပ်ရှားမှုတွေပါ သွားရာကနေ လူဆိုးအဖွဲ့တွေ သူ တို့နောက်လိုက်လာတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်ကြမလဲ။
ရှုလိုင်တစ်ယောက် အချစ်ဟောင်းနဲ့ကော ပြန်တွေ့ရမလားဆိုတာ စောင့်မျှော်ကြည့်လိုက်ပါဦးနော်။
(ရုပ်ရှင်အညွှန်းကို 7daydaily.com မှကူးယူဖော်ပြပါသည်။)
၂၀၁၂ က Lost in Thailand ကို
https://channelmyanmar.to/lost-in-thailand-2012/
မှာသွားကြည့်လို့ရပါတယ်။
File size…(905 MB)
Quality…BR-Rip 720p
Format…mp4
Duration….01:53:47
Subtitle….Myanmar Subtitle (Hardsub)
Fixed By Min Htet Khant Shar
Encoded By Nyeinsaeya Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။