Look Who’s Back


Synopsis:
2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ IMDB 7.2 ရထားတဲ့ဂျာမန် သရော်ဟာသ အမျိုးအစား ရုပ်ရှင်ကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။
ဒီရုပ်ရှင်ဟာ ၂၀၁၂ တုန်းက ဂျာမနီမှာ အုပ်ရေသန်းချီ ရောင်းချခဲ့ရပြီး နိုင်ငံပေါင်းများစွာက ဘာသာပြန်ဆိုခဲ့တဲ့ စာအုပ်တစ်အုပ်ကို
အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရော စာအုပ်ဟာ နှစ်သက်သူ မနှစ်သက်သူများနဲ့ ဝေဖန်သံများ ဆူညံနေခဲ့တာပါ။
ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးမှာ လူသိ်အများဆုံး လူတွေထဲက တစ်ယောက်အကြောင်းဖြစ်နေလို့ပါ။
လက်ရှိခေတ်မှာ ဟစ်တလာ ပြန်ရှင်လာခဲ့တဲ့ အကြောင်းပါပဲ။ ဒီရုပ်ရှင်ထဲမှာ ၂၀၁၄ ခုနှစ် ဘာလင်မြို့မှာ ဟစ်တလာ ပြန်ရှင်လာခဲ့ပါပြီ။
ဟစ်တလာရဲ့ ခေတ်သစ်ကမ္ဘာအပေါ် အမြင် နဲ့ သူ့ရဲ့ အံမဝင်မှုတွေကို ပြသထားတာပါ။ တီဗီအပေါ်အမြင် ကွန်ပြူတာနဲ့ အင်တာနင်အပေါ်အမြင် စသည်ဖြင့်ပေါ့။
ဒါပေမယ့် ဟစ်တလာတစ်ယောက် အခြေအနေ အရပ်ရပ်ကို သုံးသပ်မိလာချိန်မှာတော့ သူရဲ့ မူလရည်မှန်းချက်တွေကို ပြန်ဖော်ဆောင်ဖို့ ဂျာမနီနိုင်ငံသားတွေကို တီဗီ ဖေ့ဘု ယူကျုတွေက
နေ စည်းရုံဖို့ ကြံဆောင်လာတဲ့အခါ….. ဒီလိုရုပ်ရှင်မျိုးဟာ သမိုင်းကို ရင်းနှီးလေလေပိုပြီးရယ်မိလေလေ ဖြစ်လာပါလိမ့်မယ်။
ဟာသအမျိုးအစားလို့ဆိုပေမယ့် ဟစ်တလာရဲ့ အတွေးအမြင်တွေကို လူတွေလက်ခံလာပုံ၊ သူ့ရဲ့ မာန်ဟန်နဲ့ စည်းရုံးနိုင်စွမ်းတွေကတော့
သူများတကယ်ပြန်ရှင်လာခဲ့ရင်လို့ တွေးမိရုံနဲ့ ကျောစိမ့်သွားမယ့် ဟော်ရာရုပ်ရှင်လိုလည်း ခံစားမိနေနိုင်ပါသေးတယ်။ ထပ်ဖြည့်ပြောပြချင်တာက
စာအုပ်အပေါ်အခြေခံပေမယ့် စာအုပ်ထဲကလို ဟစ်တလာရဲ့ အတွေးစိတ်ကူးတွေ အမြင်တွေကို အကုန်မဖော်ပြနိုင်တာမို့ စာအုပ်ကို ဖတ်ဖြစ်ရင်တော့
ပိုစိတ်ဝင်စားဖို့ကောင်းပါလိမ့်မယ်။ဒီအပါတ်ထဲမှာပဲ ဆရာသင့်လူက ဒီစာအုပ်ကို ဘာသာပြန်ပေးထားပြီး NDSP ကနေ ဖြန့်ချီပေးနေပါပြီ။
Little Neo ဘာသာပြန် တင်ဆက်သည်။
File size – ( 830MB )
Quality – DVD Rip 720P
Format – MP4
Duration – 1h 56m
Subtitle – Myanmar Subtitle
Encoder – Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။