Long Live Brij Mohan(2017)
Karma is a B*tch

Synopsis:
Long Live Brij Mohan(2017)
လူတိုင်း လူတိုင်းမှာ လက်ရှိခေါက်ရိုးကျိုးဘဝအနေအထားကနေ ထွက်ပြေးချင်တဲ့အခိုက်အတန့်ဆိုတာရှိမှာပါပဲ။
ပျင်းရိစရာဘဝကြီးကနေ ရုန်းထွက်…အသစ်တစ်ဖန်မွေးဖွားပစ်လိုက်စမ်းမဟဲ့ဆိုပြီးအားခဲနေသူတစ်ဦးကတော့ ဒေလီစျေးက အထည်ဆိုင်ပိုင်ရှင် Brij Mohanပေါ့။
တစ်နေ့မှာတော့ အိမ်ကမိန်းမကြီးနဲ့ အကြွေးတွေကိုထားခဲ့ကာ စကီအသစ်လေးနဲ့ပျော်ပျော်ကြီးဘဝအသစ်ထူမယ်ဆိုပြီး အကြံတစ်ခုကိုအကောင်အထည်ဖော်ပါတော့တယ်။
အဲ့ဒီအကြံကတော့ သူ့ကိုတခြားလူတစ်ယောက်ယောက်သတ်သွားသယောင်ယောင်နဲ့ ခြေရာဖျောက်ဖို့ကြံစည်တာပါပဲ။
အဲ့လိုဘဝဟောင်းကနေထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဘဝအသစ်မှာရောသူဘာတွေပြောင်းလဲသွားနိုင်မှာလဲ?
သူမျှော်လင့်ထားသလိုရောဖြစ်လာပါ့မလား?
ကံကြမ္မာဆိုတာပြောင်းလဲလို့ရနိုင်သလား?
ဆိုတဲ့မေးခွန်းတွေနဲ့ အဆုံးထိမငြီးမငွေ့ကြည့်ရှုသွားရမယ့် အိန္ဒိယကားလေးကတော့ IMDB Rating 7.7/10 တောင်ရရှိထားတဲ့ ဟောဒီက Long Live Brij Mohan(2017)ဆိုတဲ့ကားလေးပါ။
Ratingတွေကြည့်ရုံနဲ့ ကားကောင်းဟုတ်မဟုတ် ဆိုတာ အကဲဖြတ်လို့ရနိုင်တယ်ဆိုပေမယ့်တကယ်ခံစားဆုံးဖြတ်ကြည့်ဖို့အတွက် Downloadလုပ်ကြည့်ရှုကြပါလို့ပဲ ညွှန်းလိုက်ပါတယ်။
Qty – 720p Web DL
Duration – 2hr 10min
Subtitle – Myanmar
Translator – Moon Sandar
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။