လန်ဒန်ဆွိတီ ကို ဖရန့်ဇုံ နဲ့ အပြိုင် ရုံတင်ခဲ့ပေမဲ့
ဖရန့်ဇုံလောက် လူမသိခဲ့ပါဘူး…
ဘယ်လိုပဲ နေနေ ဖရန့်ဇုံ ထက် ပိုပြီး ဒီရုပ်ရှင်က
ချစ်ဖို့ကောင်းပါတယ်…
ဇတ်လမ်းပုံစံ ကတော့ ပွန်ဆိုတဲ့ကောင်မလေး ဟာ
လန်ဒန်မှာ ရှိတဲ့ အစ်မ ဆီ သွားလည်ဖို့ အကြောင်းဖန်လာပါတယ်
ပွန် ဟာ ချစ်ဖို့အရမ်းကောင်းတဲ့ ကောင်မလေးဖြစ်ပြီး
စနောက်လို့ အင်မတန်ကောင်းပါတယ်…
သူ့ကို တို့ထိမိရင် ယောင်တက်ပြီး အမြဲတမ်း
အူတူတူ အတတ နဲ့ ရိုးသားတဲ့ သူလေးပေါ့
သူ့အပြင် အခြားသူတွေ ရဲ့ အချစ်ဇတ်လမ်းတွေဟာလဲ
ဒီရုပ်ရှင်ထဲ ပါသေးတယ်…
လန်ဒန်မှာ ကျောင်းတက်နေတဲ့ ချစ်သူကိုတွေ့ချင်လို့
ထိုင်းက အိမ်ကိုရောင်းပြီး စွန့်စားလာရှာတဲ့ ကောင်လေးတစ်ယောက်
ထိုင်း လူမျိုးပေမဲ့ လန်ဒန်သား တစ်ယောက်ကို ချစ်မိတဲ့ မိန်းကလေး
သူတို့ အချစ်ဇတ်လမ်းတွေ အပြင် ပွန် ရဲ့ အချစ်ဇတ်လမ်းက
ပိုပြီး ရင်ခုန်ဖို့ကောင်း ချစ်ဖို့ကောင်းနေပြန်ပါတယ်…
စပွိုင်လာ မလုပ်တော့ပါဘူး ကြည့်လိုက်ပါ
ရုံတင်တုန်းက ဆင်ဆာဖြတ်ထားတဲ့ အခန်းလေးတွေ
ပါလာပါတယ်….
သင့် ရဲ့ တစ်ရက်တာ မှာ နောင်တ ရစရာမလိုတဲ့
ရုပ်ရှင်ကားလေး ပါ…
ဆွိ ဖြစ်ပါစေနော်…
Translated By : Little Neo
Encoded By Review : Xcode
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။





















![[18+] Euro Trip (2004)](https://www.channelmyanmar.to/wp-content/uploads/2016/07/eurotrip-poster-156x200.jpg)










