London Fields(2018)
All of them want her, one of them wants her... dead.

Synopsis:
London Fields(2018)
IMDb 4.5
IMDb..တွေ ဘာညာ Rating တွေအသာထားလိုက်.
..မမရဲ့ ပုံရိပ်တွေကိုတစ်ခမ်းတနားအလေးပေးပြီး စုပေါင်းရိုက်ကူး
ပြထားတာနဲ့တင် ဖြူစင်စွာ”မ”အပေါ်ချစ်မြတ်နိုးတဲ့ကျွန်တော်တို့အဖို့ တရှိုက်မက်မက်ငေးကြည့်ခွင့်ရတဲ့အတွက်
ကျွန်တော်တို့ဘယ်လောက်ကံကောင်းလိုက်လဲ….မမဖြတ်လျှောက်လေးပါခဲ့ရင်တောင် ကျွန်တော်တို့ အားပေးနေဦးမှာပါ….
အခုလိုမျိုး တစ်ကားလုံးမှာ အရောင်အသွေးစုံ ” မ ” ကိုမြင်ရတဲ့အခွင့်အရေးက ကျွန်တော်တို့အတွက် တုနှိုင်းမဲ့ပါ မရေ…
ကိုင်း မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအကြောင်းလေးကိုနည်းနည်းသွားရအောင်……
ဒီဇာတ်ကားထဲမှာ မင်းသမီး Amber Heard က ညှို့အားပြင်းထန်လွန်းတဲ့ Nicola Six အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး
Johnny Depp လည်း အခန်းအနည်းငယ်ပါဝင်ထားပါတယ်…
ဒီဇာတ်ကားမှာ အရမ်းစိတ်ကူးယဉ်ဆန်ပြီး မထင်မှတ်ထားတဲ့
အလှည့်အပြောင်းတွေနဲ့ အရောင်အသွေးစုံလင်တဲ့ ရိုက်ချက်တွေ တွေ့မြင်ရမှာပါ
ဇာတ်လမ်းအစလေးကတော့…
ဆမ်ဆင် ယန်း ဆိုတဲ့ သိပ်မစွံတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ရလိုရငြား
လန်ဒန်ကို ထွက်လာခဲ့ပြီး အသိမိတ်ဆွေစာရေးဆရာတစ်ယောက်ရဲ့ နေအိမ်အလွတ်မှာ နေထိုင်နေခဲ့ပါတယ်…
တစ်နေ့ အရက်ဆိုင်တစ်ခုမှာ အသုဘတစ်ခုက ပြန်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်…
အမျိုးသမီးလေးဟာ စွဲမက်ဖွယ် လှပလွန်းပြီးဖြစ်ချင်တော့ မိန်းကလေးက သူ့တိုက်ခန်းရဲ့အပေါ်တိုက်ခန်းမှ
ာ နေထိုင်တဲ့သူဖြစ်နေတယ်…ဒီထက်ထူးဆန်းတာတစ်ခုက မိန်းကလေးဟာ
အနာဂတ်ကိုကြိုမြင်နိုင်ပြီး သူသေမယ့်နေ့ရက်ကိုပါ သူသိထားပြီးဖြစ်နေတယ်..
ဒီကိစ္စကို စာရေးဆရာသိသွားပြီးနောက်မှာ ကောင်မလေး အသတ်ခံရတဲ့အကြောင်း
ဖြစ်ရပ်မှန်ဝတ္ထုရေးဖို့ ကောင်မလေးကိုတောင်းဆိုပါတော့တယ်….
Amber Heard ရဲ့ Nudity တော်တော်များများပါတဲ့အတွက် မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း…..
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwinပဲဖြစ်ပါတယ်….
File Size : (0.91 GB) and (331 MB)
Quality :720p WEBRip,
Format…mp4
Duration…01:58:00
Genre : Crime, Mystery, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zuel Khant Thwin
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။