Exit print mode Print Data A+ A- Undo all

Lola 2 (2022)

Only the strong survive
Lola 2 (2022)Lola 2 (2022)

Synopsis:

အောင်မြင်မှုဆိုတာ ရယူဖို့မလွယ်သလို ထိန်းသိမ်းထားဖို့ ပိုခက်ခဲတဲ့အရာပါ.. ကိုယ်လိုချင်တဲ့အရာတစ်ခုကို မဖြစ်မနေ အရယူနိုင်ခဲ့ပြီးမှ မထင်မှတ်ထားတဲ့ ကံကြမ္မာကြောင့် မလွှဲမရှောင်သာ လက်လွှတ်လိုက်ရမယ်ဆိုရင်.. အခွင့်အရေးရလာတာနဲ့ ပြန်အရယူဖို့ပဲကြိုးစားမလား.. comfort zone မှာ ရေလိုက်ငါးလိုက်ဆက်နေရင်း ဘဝကိုဖြတ်သန်းမလား.. အမျိုးသမီးလက်ဝှေ့ကားတွေ ကြိုက်နှစ်သက်သူတွေအတွက် ၂၀၂၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ Lola 1 ရဲ့ sequelဖြစ်တဲ့ Lola 2 (2022)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အပျော်တမ်းလက်ဝှေ့ချန်ပီယံ လိုလာက ကြိုးကြိုးစားစားနဲ့ ချန်ပီယံဖြစ်လာပြီးနောက်မှာပဲ သူ့အတွက် အမြဲရှိနေခဲ့သူဒေးဗစ်နဲ့ ချစ်သူတွေအဖြစ် အဆင့်တက်ခဲ့ကြပါတယ်။ စိန်ခေါ်သူတွေကို တစ်ပွဲပြီးတစ်ပွဲအနိုင်ယူရင်း ထရီနာဆိုတဲ့ စိန်ခေါ်သူနဲ့ ထိုးတဲ့ပွဲမှာ သူ့ဘဝမှာမမျှော်လင့်ထားတဲ့အရာလေး ဖြစ်လာခဲ့ပါတော့တယ်။ အဲဒါကတော့ သူတို့ဘဝထဲကို ရင်သွေးလေးတစ်ယောက် ရောက်ရှိနေခဲ့တယ်ဆိုတာ သိလိုက်ရတာပါပဲ။ ရုတ်တရက်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဗျာများနေခဲ့ပေမယ့် ဒေးဗစ်ရဲ့အားပေးမှုတွေနဲ့ ချစ်ခြင်းတွေကြောင့် လိုလာက ကလေးလေးကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

442

တစ်ဖက်မှာလည်း သူ့ကို စိန်ခေါ်သူ ထရီနာက မခံမရပ်နိုင်တဲ့ စကားလုံးတွေနဲ့ ကြိုးဝိုင်းထဲပြန်လာဖို့ စိန်ခေါ်နေခဲ့တာကြောင့် လိုလာက စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မမွေးခင်ကလည်း မမွေးခင်မို့လို့ စိတ်ပူရပေမယ့် မွေးပြီးတော့လည်း ပြုစုဖို့ ပူပန်ရပြန်တာကြောင့် လက်ဝှေ့ကိုအသွေးအသားထဲကချစ်သူ လိုလာ့အတွက်တော့ သမီးလား၊ လက်ဝှေ့လားဆိုပြီး တကယ့်ကို ရွေးချယ်ရခက်တဲ့အခြေအနေမျိုး ဖြစ်နေခဲ့ရတာပေါ့။ မိခင်တစ်ယောက်ဖြစ်ရတာက မလွယ်ကူသလို ကလေးတစ်ယောက်အမေအဖြစ် လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်ရဖို့ကလည်း လိုလာ့အတွက်တော့ တကယ့်ကို ဖိအားတွေ၊ စိတ်ဖိစီးမှုတွေနဲ့မို့ သူ့ကိုနားမလည်ပေးနိုင်တဲ့ ခင်ပွန်းသည် ဒေးဗစ်ကိုလည်း ရင်မဖွင့်နိုင်၊ သမီးလေးကိုလည်း မစွန့်ပစ်နိုင်တဲ့ လိုလာတစ်ယောက် နောက်ဆုံးမှာတော့ ခေါင်းမာစွာနဲ့ပဲ ဆုံးဖြတ်ချက်ကြီး တစ်ခုကို ချခဲ့ပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့ကြိုးဝိုင်းထဲကို ရဲရဲဝင့်ဝင့်နဲ့ ပြန်ဝင်လိုက်ဖို့ပါပဲ။ ကလေးတစ်ယောက်အမေ ဖြစ်သွားပြီဖြစ်တဲ့ ခန္ဓာကိုယ်နဲ့ လိုလာတစ်ယောက် ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ခံနိုင်ရည်ရှိပါ့မလား.. ခင်ပွန်းသည်ဒေးဗစ်ကရော ကြည်ကြည်ဖြူဖြူခွင့်ပြုပေးနိုင်ပါ့မလား.. ပြောင်းလဲသွားတဲ့အခြေအနေတွေမှာ စိန်ခေါ်သူ ထရီနာ့ကိုရော ယှဉ်ပြိင်ထိုးသတ် အနိုင်ရနိုင်ပါ့မလား.. ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦးနော်။

 

File size…(1.4 GB)/(550 MB)/(320 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:33:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Emily



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
3.457
Status
Released
ID IMDb.com
1112225
ID Themoviedb.org
1112225