Lockout (2012)_____IMDb – 6.1/10

ခေတ်မှီဆန်းပြားတဲ့အမေရိကန်တို့ရဲ့တီထွင်ဖန်တီးမှုနဲ့ အာကာသပေါ်က ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ အကျဉ်းထောင်တစ်ခုကို တည်ဆောက်ထားပါတယ်။ ဒီအကျဉ်းထောင်ထဲမှာ နိုင်ငံတစ်ကာက ဆိုးပေ့ဆိုတဲ့ လူသတ်ကောင်နဲ့ မုဒိမ်းကောင်တွေကို အိပ်ပျော်စေ အောင်ပြုလုပ်ပြီး ထိန်းသိမ်းထားပါတယ်။ အဲဒီထောင်ကို အမေရိကန်သမ္မတရဲ့သမီးက လူသားခြင်းစာနာထောက်ထားမှုအစီအစဉ်အရ လာပြီး အကျဉ်းသားတွေကို အင်တာဗျူးပါတယ်။ အဲဒီမှာ အကျဉ်းသားတွေ လွတ်ထွက်လာကြပြီး ထောင်ကြီးကို အပိုင်စီးလိုက်ကြ ပါတယ်။
မင်းသားကတော့ စီအိုင်အေအေးဂျင့်တစ်ယောက်ပါ။ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယအဝင်ခံနေရပြီး အစစ်ဆေးခံနေရသူပေါ့။ သူအဖမ်းမခံရခင် လျှို့ဝှက်ချက်ကို လက်လွှဲပေးခဲ့တဲ့သူက အဲဒီထောင်ကြီးထဲကိုရောက်
နေတာကြောင့် သမ္မတသမီးကို တစ်ဦးတည်းသွားကယ်ဖို့တာဝန်ကို ယူလိုက်ပါတယ်။ ခေတ်မီတဲ့ထောင်ကြီးထဲမှာ အကျဉ်းသား ၅၀၀ နဲ့ ၁ ယောက်တည်းနဲ့ ဘယ်လိုရင်ဆိုင်မလဲ။ သမ္မတ သမီးလေးကိုရော ကယ်နိုင်မလား။ သူ့ရဲ့အရှုပ်အရှင်းတွေကလည်း ဘာတွေဖြစ် လာမလဲဆိုတာ ကြည့်လိုက်ကြပါ။
Imdb rating 6.1 ရထားတဲ့ကားပါ။ ထုတ်လုပ်သူက Taken ဇာတ်ကားတွေကို ထုတ်လုပ်ခဲ့သူဖြစ်ပြီး Taken ထဲက မင်းသမီးလေး Maggie Grace ကိုပဲ ပြန်သုံးထားပါတယ်။ Action တွေကြည့်နေရင်း စကားလုံးတွေက ရီရမှာ ဖြစ်ပါတယ်။
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို ညီညီကျော်မြင့်ပဲ ဖြစ်ပါတယ်)
@Joker

File Size : 651 MB
Quality : Blu ray 720P
Running Time : 1hr 35 minute
Format : Mp4
Genre : Action, Drama, Sci-fi
Encoder : Joker.phs
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။









![Rangoon (2017) [War] [Saif Ali Khan]](https://www.channelmyanmar.to/wp-content/uploads/2017/05/MV5BZjliMjM4ZWQtZjgxYy00NjE4LTg2NDctYjU2YWJkYjVkNTdmL2ltYWdlL2ltYWdlXkEyXkFqcGdeQXVyNjQ2MjQ5NzM@._V1_SY1000_SX750_AL_-225x300.jpg)






![[James Bond] A View to a Kill (1985)](https://www.channelmyanmar.to/wp-content/uploads/2021/08/MV5BMDFlNDZkMGUtYTk4ZS00MTJlLTgzNjktMTQyN2I0MDE3ZTIzXkEyXkFqcGdeQXVyMTQ4NTI5MjE@._V1_-127x200.jpg)
















