Exit print mode Print Data A+ A- Undo all

Little Forest: Summer/Autumn (2014)

Back to nature.
Little Forest: Summer/Autumn (2014)Little Forest: Summer/Autumn (2014)

Synopsis:

Little Forest : Summer and Autumn (2014)
………………………………….

အချိန်တိုင်းလိုလို ကားသံလူသံဆူညံညံနဲ့
မွန်းကျပ်တဲ့မြို့ပြလူနေမှုကနေ ပြေးထွက်ပြီး
“ခိုမိုရိ”ဆိုတဲ့တောအုပ်ငယ်လေးကို အလည်သွားကြရအောင်။

442

အပေါ်ယံဟန်ဆောင်မျက်နှာဖုံးတွေမတပ်ဘဲ
ရိုးသားကြိုးစားကြတဲ့ရွာသူရွာသားတွေ၊

မျက်စိတစ်ဆုံး စိမ်းစိုလှပနေတဲ့ယာခင်းတွေ၊
ဆောင်းနံနက်ခင်းတွေဆို မြူနှင်းတွေအုံ့မှိုင်းနေတတ်တဲ့တောင်တန်းတွေ၊

ရာသီအလိုက်ပွင့်ဖူးတတ်တဲ့ ထူးဆန်းတဲ့ပန်းလေးတွေ၊
မြင်တွေ့နေကျမဟုတ်တဲ့ အသီးအနှံမျိုးစုံနဲ့

ညညဆိုမဖိတ်ခေါ်ဘဲရောက်လာပြီး အဖော်ပြုပေးတတ်တဲ့ အကောင်ပလောင်လေးတွေ၊

ဒီလိုမျိုး သဘာဝတရားကြီးကို အလှအပကို
အပြည့်အဝခံစားလို့ရနိုင်တဲ့ “ခိုမိုရိ”

ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်။
မြို့ပေါ်မှာနေရတာ မွန်းကျပ်လာတဲ့ကောင်မလေးတစ်ယောက်
သူ့ဇာတိရွာလေးကို ပြန်လာပြီးနေထိုင်စားသောက်ပုံကိုရိုက်ပြထားတာပါ။
နောက်ခံတီးလုံးငြိမ့်ငြိမ့်လေးနဲ့ ချက်ပြုတ်စားသောက်ပြမယ်။
ကျေးလက်ဒေသရဲ့အလှအပနဲ့ဓလေ့တွေကိုရှင်းပြမယ်။
စားပင်သီးပင်တွေ အမျိုးမျိုးစိုက်ပျိုးပြမယ်။
ဒါကြောင့် ဇာတ်အေးအေးလေးနဲ့ အကြည်ဓာတ်ရတဲ့
“Only Yesterday”လိုကားမျိုးကြိုက်တတ်တဲ့သူဆို
ဒီ “Komori” ကိုလည်းသေချာပေါက်သဘောကျမယ်လို့ထင်ပါတယ်။
စိတ်ပင်ပန်းနွမ်းနယ်နေတဲ့သူတွေလည်း
ဒီ Healing Drama လေးကြည့်ပြီး ခဏတဖြုတ်ပဲဖြစ်ဖြစ်
စိတ်သက်သာရာရသွားရင် ဘာသာပြန်ရကျိုးနပ်ပါပြီ။

(*အဘိဓာန်ထဲမှာမရှိတဲ့ ပန်းနာမည်တစ်ချို့နဲ့
အစားအစာတွေကို လက်လှမ်းမီသလောက်ရှာဖွေပြီး
ဆီလျော်အောင် ဘာသာပြန်ဆိုထားရတာဖြစ်လို့
အချို့နေရာတွေမှာ လွဲချော်မှုများရှိခဲ့ရင်
နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတောင်းပန်ထားပါရစေ)

အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။

Genre….. Drama
Quality…. 1080p | 720p | 480p
File size…
Format… mp4
Duration…. 1h 51min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Moe Pwint Phyu
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Ritoru foresuto: Natsu/Aki
Release Date
30 August 2014
Runtime
1h 51min
Awards
1 Nominati
Popularity
9.358
Status
Released
ID IMDb.com
tt3474600
IMDB Rating
7.7
IMDB votes
3K
ID Themoviedb.org
294682
TMDb Rating
7.563
TMDb votes
71