Lion (2016)
The search begins

Synopsis:
Lion (2016)
IMDb – 8.0/10_____Rotten – 84%
Nominated for 6 Oscars. Another 59 wins & 98 nominations
Lion (2016)
Saroo ဆိုတဲ့ လူငယ်လေးဟာ သူ့အမေ,သူ့အကို တို့နဲ့အတူ အိန္ဒိယနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေထိုင်ပါတယ်။ သူတို့ ညီအကိုနှစ်ယောက်ဟာ ကျောက်မီးသွေးရထားပေါ်က ကျောက်မီးသွေးခဲတွေကို ခိုးယူပီး ပြန်ရောင်းစားတဲ့ အလုပ်ကို လုပ်ကြပါတယ်။ မိခင်ကတော့ ကျောက်တောင်တစ်ခုမှာ ကျောက်ခဲ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ Saroo တို့ညီအကို နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ညီအကိုတွေပါ။ တစ်ရက်မှာတော့ သူ့အကို ညပိုင်းလုပ်တဲ့ အလုပ်ဆီ Saroo ကလိုက်သွားခဲ့ပါတယ်။ အလုပ်ကိုရောက်ဖို့ ရထားတဆင့်စီးရပါတယ်။ ဘူတာရုံရောက်တော့ Saroo အရမ်းအိပ်ချင်နေတဲ့အတွက် သူ့အကိုက ခုံတန်းလေးပေါ်မှာ သူ့ညီကိုထားခဲ့ပီး အလုပ်သွားလုပ်ခဲ့ပါတယ်။ Saroo နိုးလာတဲ့ အချိန်မှာတော့ ဘူတာရုံထဲမှာ သူတစ်ယောက်ထဲရှိနေတာ သိလိုက်ရပီး သူ့အကို ကိုလိုက်ရှာပါတယ်။ အကို ကိုရှာရင်းနဲ့ ရထားတွဲတစ်တွဲပေါ်မှာ Saroo ဝင်ထိုင်ရင်း အိပ်ပျော်သွားပြန်ပါတယ်။ ဒီတစ်ခါ နိုးလာတဲ့အခါမှာတော့ သူအိပ်နေတဲ့ ရထားကြီးက တခြားတစ်နေရာဆီ ခုတ်မောင်းသွားနေပါဘီ။ ရထားပေါ်က ဆင်းဖို့ ကြိုးစားပေမဲ့ ရထားပေါ်မှာ လူတစ်ယောက်မှ မပါဘဲ တံခါးတွေကလည်း ဖွင့်လို့မရခဲ့ပါဘူး။ ရထားရပ်လို့ ရထားတံခါးကြီး ဖွင့်သွားတဲ့အခါမှာတော့ Saroo တစ်ယောက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bengal ပြည်နယ် ရဲ့ မြို့တော် Calcutta ကို ရောက်သွားပါတယ်။ မြို့ထဲ တစ်ယောက်ထဲ လျှောက်သွားနေရင်း ကလေးဖမ်းတဲ့သူတွေ နဲ့တွေ့လို့ ပြေးခဲ့ရပါသေးတယ်။ Noor ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လမ်းမှာ တွေပီး သူမအိမ်ကို လိုက်သွားပါတယ်။ အစကတော့ ဖော်ရွေသလိုရှိပေမဲ့ ကလေးရောင်းဖို့ကြံစဉ်တာကို Saroo က ရိတ်မိပီး ထွက်ပြေးခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ လမ်းပေါ်မှာနေရင်းကနေ ရဲစခန်းကတွေ့ပီး မိဘမဲ့ဂေဟာ ကိုပို့လိုက်ပါတယ်။ သုံးလလောက်အကြာမှာတော့ Mrs.Sood ဆိုတဲ့ အမျိုးသမီးက Saroo နဲ့တွေ့ပီး သူတို့ သတင်းစာထဲမှာ လူပျောက်ကြေငြာခဲ့ပေမဲ့ တစ်ယောက်မှ အကြောင်းမပြန်ခဲ့ကြောင်း, Australia လူမျိုး လင်မယားက Saroo ကိုမွေးစားချင်နေကြောင်း ပြောပြခဲ့ပါတယ်။
မကြာခင်မှာဘဲ Australia နိုင်ငံကို Saroo ရောက်လာပီး မွေးစား အဖေ နဲ့ အမေ ဖြစ်တဲ့ Sue နဲ့ John ကိုတွေ့ခဲ့ပါတယ်။ Saroo ကိုမွေးစားပီး သိပ်မကြာခင်မှာ Mantosh ဆိုတဲ့ ကလေးတစ်ယောက်ကို ထပ်မွေးစားပါတယ်။ Mantosh က သာမန်ကလေးတွေနဲ့မတူဘဲ စိတ်တိုရင် မိမိကိုယ်ကိုနာကျင်အောင်လုပ်တတ်တဲ့ မွေးရာပါ ဦးနှောက်ချို့ယွင်းတဲ့ ရောဂါရှိသူပါ။ Saroo ရဲ့ မွေးစားမိဘ တွေဟာ သူတို့ နှစ်ယောက်အပေါ် သိပ်ကောင်းခဲ့ကြတာပါ။
နှစ်ပေါင်း ၂၀ အကြာမှာတော့ Saroo က မဲဘုန်းလ်မြို့မှာ Hotel Management သင်တန်းတက်ဖို့ ထွက်လာခဲ့ပါတယ်။ Lucy ဆိုတဲ့ အမေရိကန်သူလေးနဲ့ သင်တန်းမှာတွေ့ပီး ချစ်ကြိုက်သွားကြပါတယ်။ တစ်ရက်မှာတော့ သူငယ်ချင်းအိမ်မှာ ညစာစားရင်း သူ ငယ်စဉ်က အရမ်းစားချ င်ခဲ့တဲ့ Jalebi (ဂျလေဘီ) မုန့်ကိုတွေ့ရာကနေ ငယ်ဘဝကို ပြန်အမှတ်ရသွားပါတယ်။ သူ့ဘဝ အကြောင်းကို သူငယ်ချင်းတွေနဲ့ ပြောဖြစ်ရာကနေ သူငယ်ချင်းတစ်ယောက်က Google Earth ကနေ သ့ူ့အိမ်ကို ပြန်ရှာပါ့လားဆိုပီး အကြံပေးလိုက်ပါတယ်။ ထိုအချိန်ကစလို့ မိသားစုကို ပြန်တွေ့ချင်တဲ့စိတ်တွေ Saroo မှာ စွဲကပ်လာပီး Google Earth ကိုသုံးကာ ရှာပုံတော်ဖွင့်ပါတော့တယ်…
—————————————————-
ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ Lion ဇာတ်ကားကို ရုပ်ရှင်ဇာတ်ကား ပထမဆုံးရိုက်ကူးဖူးတဲ့ Director Garth Davis က ရိုက်ကူးခဲ့ပါတယ်။ Saroo အရွယ်ရောက်ချိန်ဇာတ်ကောင် အဖြစ် Slumdog Millionaire နဲ့ နာမည်ရခဲ့တဲ့ မင်းသား Dev Patel က သရုပ်ဆောင်ထားပါတယ်။ အထူးသဖြင့် ကလေးဘဝ Saroo အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Sunny Pawar ဆိုတဲ့ ကလေးသရုပ်ဆောင်လေးရဲ့ သရုပ်ဆောင်ပုံတွေကို အတော်လေး သဘောကျမိခဲ့ပါတယ်။ Nicole Kidman နဲ့ Rooney Mara တို့ကလည်း အားဖြည့်ထားပါတယ်။ လာမယ့် Oscar ဆုပေးပွဲမှာ ဆု ၆ဆု ရာထား ခံထားရပါတယ်။ Saroo ရဲ့ တကယ့်အသံထွက်အမှန်က Sheru ဖြစ်ပီး အဓိပ္ပါယ်ကတော့ Hindi ဘာသာစကားအရ Lion ဖြစ်ပါတယ်။
————————————————————-
မိသားစုနဲ့ ဝေးကွာနေရတဲ့အခါ လွမ်းစွတ်တမ်းတမိတာမျိုး, ဒုက္ခတွေ ကြုံရတဲ့အခါ အိမ်လွမ်းမိတာမျိုးကို ကျွန်တော်တို့တွေ ကြုံဖူးကြမှာပါ။ ဘယ်လောက်ပင် သာယာတဲ့ အခြေအနေမျိုးမှာ ရှိနေပါစေ မိသားစုနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကိုပြန်တမ်းတမိကြမှာပါ။ Saroo ရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်ကို ကျွန်တော် အလွယ်တကူဘဲ ကိုယ်ချင်း စာခံစားလို့ရခဲ့ပါတယ်။ ၂၅နှစ်လောက် ငါ့မိသားစု ငါ့ကို ပူဆွေးစွာလိုက်ရှာ နေခဲ့တဲ့ ခံစားချက်ကို ငါနားလည်တဲ့ ဆိုတဲ့ Saroo ရဲ့ စကားဟာ သူ့မိသားစု အပေါ်မှာထားရှိတဲ့ သံယောဇဉ်ပါ။ Saroo ရဲ့ သူ့အကိုပေါ်မှာ ထားတဲ့ သံယောဇဉ်ဟာ အကိုတစ်ယောက်ထက်ပိုတဲ့ ဖခင်တစ်ယောက်လို အားကိုးတဲ့ သံယောဇဉ်မျိုးဖြစ်ခဲ့မှာပါ။ တကယ်တော့ မိသားစု ရဲ့ မေတ္တာကသာ အနွေးထွေးဆုံးပါ…….
IMDb rating – (8.0/10)………..Rotten Tomatoes (84%)
#ThuYein
” I found Home ” – Saroo
(ရုပ်ရှင်အညွှန်းကို Movie Gods Facebook မှကူးယူဖော်ပြပါသည်။)
Lion (2016)
Saroo ဆိုတဲ့ လူငယ္ေလးဟာ သူ႔အေမ,သူ႔အကို တို႔နဲ႔အတူ အိႏၵိယႏိုင္ငံက ဆင္ေျခဖံုးရပ္ကြက္ေလးမွာ ေနထိုင္ပါတယ္။ သူတို႔ ညီအကိုႏွစ္ေယာက္ဟာ ေက်ာက္မီးေသြးရထားေပၚက ေက်ာက္မီးေသြးခဲေတြကို ခိုးယူပီး ျပန္ေရာင္းစားတဲ့ အလုပ္ကို လုပ္ၾကပါတယ္။ မိခင္ကေတာ့ ေက်ာက္ေတာင္တစ္ခုမွာ ေက်ာက္ခဲ သယ္တဲ့ အလုပ္ကို လုပ္ပါတယ္။ Saroo တို႔ညီအကို ႏွစ္ေယာက္ဟာ တစ္ေယာက္ကို တစ္ေယာက္ သိပ္ခ်စ္ၾကတဲ့ ညီအကိုေတြပါ။ တစ္ရက္မွာေတာ့ သူ႔အကို ညပိုင္းလုပ္တဲ့ အလုပ္ဆီ Saroo ကလိုက္သြားခဲ့ပါတယ္။ အလုပ္ကိုေရာက္ဖို႔ ရထားတဆင့္စီးရပါတယ္။ ဘူတာရံုေရာက္ေတာ့ Saroo အရမ္းအိပ္ခ်င္ေနတဲ့အတြက္ သူ႔အကိုက ခံုတန္းေလးေပၚမွာ သူ႔ညီကိုထားခဲ့ပီး အလုပ္သြားလုပ္ခဲ့ပါတယ္။ Saroo ႏိုးလာတဲ့ အခ်ိန္မွာေတာ့ ဘူတာရံုထဲမွာ သူတစ္ေယာက္ထဲ႐ွိေနတာ သိလိုက္ရပီး သူ႔အကို ကိုလိုက္႐ွာပါတယ္။ အကို ကို႐ွာရင္းနဲ႔ ရထားတြဲတစ္တြဲေပၚမွာ Saroo ဝင္ထိုင္ရင္း အိပ္ေပ်ာ္သြားျပန္ပါတယ္။ ဒီတစ္ခါ ႏိုးလာတဲ့အခါမွာေတာ့ သူအိပ္ေနတဲ့ ရထားႀကီးက တျခားတစ္ေနရာဆီ ခုတ္ေမာင္းသြားေနပါဘီ။ ရထားေပၚက ဆင္းဖို႔ ႀကိဳးစားေပမဲ့ ရထားေပၚမွာ လူတစ္ေယာက္မွ မပါဘဲ တံခါးေတြကလည္း ဖြင့္လို႔မရခဲ့ပါဘူး။ ရထားရပ္လို႔ ရထားတံခါးႀကီး ဖြင့္သြားတဲ့အခါမွာေတာ့ Saroo တစ္ေယာက္ အိႏၵိယႏိုင္ငံ အေ႐ွ႕ပိုင္း Bengal ျပည္နယ္ ရဲ႕ ၿမိဳ႕ေတာ္ Calcutta ကို ေရာက္သြားပါတယ္။ ၿမိဳ႕ထဲ တစ္ေယာက္ထဲ ေလ်ွာက္သြားေနရင္း ကေလးဖမ္းတဲ့သူေတြ နဲ႔ေတြ႔လို႔ ေျပးခဲ့ရပါေသးတယ္။ Noor ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႔ လမ္းမွာ ေတြပီး သူမအိမ္ကို လိုက္သြားပါတယ္။ အစကေတာ့ ေဖာ္ေရြသလို႐ွိေပမဲ့ ကေလးေရာင္းဖို႔ၾကံစဥ္တာကို Saroo က ရိတ္မိပီး ထြက္ေျပးခဲ့ရျပန္ပါတယ္။ ဒီလိုနဲ႔ လမ္းေပၚမွာေနရင္းကေန ရဲစခန္းကေတြ႔ပီး မိဘမဲ့ေဂဟာ ကိုပို႔လိုက္ပါတယ္။ သံုးလေလာက္အၾကာမွာေတာ့ Mrs.Sood ဆိုတဲ့ အမ်ိဳးသမီးက Saroo နဲ႔ေတြ႔ပီး သူတို႔ သတင္းစာထဲမွာ လူေပ်ာက္ေၾကျငာခဲ့ေပမဲ့ တစ္ေယာက္မွ အေၾကာင္းမျပန္ခဲ့ေၾကာင္း, Australia လူမ်ိဳး လင္မယားက Saroo ကိုေမြးစားခ်င္ေနေၾကာင္း ေျပာျပခဲ့ပါတယ္။
မၾကာခင္မွာဘဲ Australia ႏိုင္ငံကို Saroo ေရာက္လာပီး ေမြးစား အေဖ နဲ႔ အေမ ျဖစ္တဲ့ Sue နဲ႔ John ကိုေတြ႔ခဲ့ပါတယ္။ Saroo ကိုေမြးစားပီး သိပ္မၾကာခင္မွာ Mantosh ဆိုတဲ့ ကေလးတစ္ေယာက္ကို ထပ္ေမြးစားပါတယ္။ Mantosh က သာမန္ကေလးေတြနဲ႔မတူဘဲ စိတ္တိုရင္ မိမိကိုယ္ကိုနာက်င္ေအာင္လုပ္တတ္တဲ့ ေမြးရာပါ ဦးေႏွာက္ခ်ိဳ႕ယြင္းတဲ့ ေရာဂါ႐ွိသူပါ။ Saroo ရဲ႕ ေမြးစားမိဘ ေတြဟာ သူတို႔ ႏွစ္ေယာက္အေပၚ သိပ္ေကာင္းခဲ့ၾကတာပါ။
ႏွစ္ေပါင္း ၂၀ အၾကာမွာေတာ့ Saroo က မဲဘုန္းလ္ၿမိဳ႕မွာ Hotel Management သင္တန္းတက္ဖို႔ ထြက္လာခဲ့ပါတယ္။ Lucy ဆိုတဲ့ အေမရိကန္သူေလးနဲ႔ သင္တန္းမွာေတြ႔ပီး ခ်စ္ႀကိဳက္သြားၾကပါတယ္။ တစ္ရက္မွာေတာ့ သူငယ္ခ်င္းအိမ္မွာ ညစာစားရင္း သူ ငယ္စဥ္က အရမ္းစားခ် င္ခဲ့တဲ့ Jalebi (ဂ်ေလဘီ) မုန္႔ကိုေတြ႔ရာကေန ငယ္ဘဝကို ျပန္အမွတ္ရသြားပါတယ္။ သူ႔ဘဝ အေၾကာင္းကို သူငယ္ခ်င္းေတြနဲ႔ ေျပာျဖစ္ရာကေန သူငယ္ခ်င္းတစ္ေယာက္က Google Earth ကေန သ့ူ့အိမ္ကို ျပန္႐ွာပါ့လားဆိုပီး အၾကံေပးလိုက္ပါတယ္။ ထိုအခ်ိန္ကစလို႔ မိသားစုကို ျပန္ေတြ႔ခ်င္တဲ့စိတ္ေတြ Saroo မွာ စြဲကပ္လာပီး Google Earth ကိုသံုးကာ ႐ွာပံုေတာ္ဖြင့္ပါေတာ့တယ္…
—————————————————-
ျဖစ္ရပ္မွန္အေပၚ အေျခခံထားတဲ့ Lion ဇာတ္ကားကို ႐ုပ္႐ွင္ဇာတ္ကား ပထမဆံုး႐ိုက္ကူးဖူးတဲ့ Director Garth Davis က ႐ိုက္ကူးခဲ့ပါတယ္။ Saroo အရြယ္ေရာက္ခ်ိန္ဇာတ္ေကာင္ အျဖစ္ Slumdog Millionaire နဲ႔ နာမည္ရခဲ့တဲ့ မင္းသား Dev Patel က သ႐ုပ္ေဆာင္ထားပါတယ္။ အထူးသျဖင့္ ကေလးဘဝ Saroo အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Sunny Pawar ဆိုတဲ့ ကေလးသ႐ုပ္ေဆာင္ေလးရဲ႕ သ႐ုပ္ေဆာင္ပံုေတြကို အေတာ္ေလး သေဘာက်မိခဲ့ပါတယ္။ Nicole Kidman နဲ႔ Rooney Mara တို႔ကလည္း အားျဖည့္ထားပါတယ္။ လာမယ့္ Oscar ဆုေပးပြဲမွာ ဆု ၆ဆု ရာထား ခံထားရပါတယ္။ Saroo ရဲ႕ တကယ့္အသံထြက္အမွန္က Sheru ျဖစ္ပီး အဓိပၸါယ္ကေတာ့ Hindi ဘာသာစကားအရ Lion ျဖစ္ပါတယ္။
————————————————————-
မိသားစုနဲ႔ ေဝးကြာေနရတဲ့အခါ လြမ္းစြတ္တမ္းတမိတာမ်ိဳး, ဒုကၡေတြ ၾကံဳရတဲ့အခါ အိမ္လြမ္းမိတာမ်ိဳးကို ကြၽန္ေတာ္တို႔ေတြ ၾကံဳဖူးၾကမွာပါ။ ဘယ္ေလာက္ပင္ သာယာတဲ့ အေျခအေနမ်ိဳးမွာ ႐ွိေနပါေစ မိသားစုနဲ႔ ျဖတ္သန္းခဲ့ရတဲ့ အခ်ိန္ေတြကိုျပန္တမ္းတမိၾကမွာပါ။ Saroo ရဲ႕ ရင္ထဲမွာ႐ွိတဲ့ ခံစားခ်က္ကို ကြၽန္ေတာ္ အလြယ္တကူဘဲ ကိုယ္ခ်င္း စာခံစားလို႔ရခဲ့ပါတယ္။ ၂၅ႏွစ္ေလာက္ ငါ့မိသားစု ငါ့ကို ပူေဆြးစြာလိုက္႐ွာ ေနခဲ့တဲ့ ခံစားခ်က္ကို ငါနားလည္တဲ့ ဆိုတဲ့ Saroo ရဲ႕ စကားဟာ သူ႔မိသားစု အေပၚမွာထား႐ွိတဲ့ သံေယာဇဥ္ပါ။ Saroo ရဲ႕ သူ႔အကိုေပၚမွာ ထားတဲ့ သံေယာဇဥ္ဟာ အကိုတစ္ေယာက္ထက္ပိုတဲ့ ဖခင္တစ္ေယာက္လို အားကိုးတဲ့ သံေယာဇဥ္မ်ိဳးျဖစ္ခဲ့မွာပါ။ တကယ္ေတာ့ မိသားစု ရဲ႕ ေမတၱာကသာ အေႏြးေထြးဆံုးပါ…….
IMDb rating – (8.0/10)………..Rotten Tomatoes (84%)
#ThuYein
” I found Home ” – Saroo
(ရုပ္ရွင္အညႊန္းကို Movie Gods Facebook မွကူးယူေဖာ္ျပပါသည္။)
File size…(849 MB)
Quality…WEB-DL Rip 720p
Format…mp4
Duration….01:58:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Little Neo
Translated by Myint Thinzar
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။