Limitless (2011)
What if a pill could make you rich and powerful?

Synopsis:
မင်းသား Bradely Cooper နဲ့ မင်းသားကြီး Robert De Niro တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ ခုနှစ်ထွက် Limitless ဇာတ်ကားကို မကြည့်ဖူးချင်နေမယ် မသိတဲ့သူတော့မရှိလောက်ပါဘူး။
Thriller, Action ဆိုတဲ့အတိုင်း ဇာတ်လမ်းကတော့ Fighting ခန်းများများစားစားမပါဘဲ သွက်သွက်လေးသွားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးနည်းနည်းလောက်ပြန်ပြောပါမယ်။
ပိုက်ဆံကမရှိ ရည်းစားကပစ် အလုပ်ကအဆင်မပြေဖြစ်နေတဲ့ စာရေးဆရာ အက်ဒ်ဝက်မိုရာ အိမ်ခြေရာမဲ့ ပုံပေါက်တဲ့အထိ စုတ်ပြတ်နေလေရဲ့။
လမ်းပေါ်မှာ လျှောက်သွားနေရင်း ဆေးရောင်းသမား ယောက်ဖဟောင်းနဲ့ ပြန်တွေ့တယ်။
သူက ဆေးလုံးတစ်လုံးပေးတယ် NZT တဲ့။ ဦးနှောက်ရဲ့ ၁၀၀% ကို အသုံးချနိုင်အောင်လုပ်ပေးတဲ့ ဆေးလို့ပြောပြီး ဆေးရောင်းသမားထုံးစံ ပထမတစ်လုံးကို အလကားပေးသွားတယ်။
အဲဒီတော့ ဘဝဆုံးပြီးလို့တွက်ထားတဲ့ အက်ဒီ ပေါက်တဲ့နဖူးထူးချင်ထူးလာမှာပဲဆိုပြီး သောက်ကြည့်လိုက်တော့ ညွန်းတဲ့အတိုင်း ဆေးကစွမ်းတာကိုသိလာတယ်။
ဆေးနောက်ထပ်ရဖို့အသွား ယောက်ဖဟောင်းက သတ်ခံရပြီး သူကျန်ခဲ့တဲ့ဆေးတွေ ရလာတော့ စိတ်ကြိုက်သုံးပါလေရော။
အရင်က စာတစ်လုံးမှ ခေါင်းထဲပေါ်မလာတဲ့ စာရေးဆရာ စာတစ်အုပ်လုံးကို ၄ ရက်နဲ့အပြီးရေးနိုင်လာတယ်။
နောက်တော့ သူဒါနဲ့တင်ရပ်မနေနိုင်တော့ဘဲ ရှေ့ကိုပဲဆက်ပြီးသွားချင်နေတော့တယ်။
အဲဒါနဲ့ Stock စျေးကွက်ထဲကို ဝင်ပြီး ခဏလေးအတွင်းမှာပဲ အောင်မြင်လာပါတယ်။
သူနောက်ထပ် ဘယ်ကိုသွားမယ်ဘယ်ကိုရောက်မယ်ဆိုတာတော့ ဇာတ်ကားမှာပဲပြန်ကြည့်လိုက်ပါတော့။
အရမ်းကောင်းတဲ့ဦးနှောက်နဲ့ စာရေးဆရာတစ်ယောက်ရဲ့ ဖန်တီးနိုင်စွမ်းတွေ ပေါင်းစပ်မိသွားတဲ့အချိန်မှာ ဖြစ်နိုင်ချေတွေက အကန့်အသတ်မဲ့ဖြစ်လာတာပေါ့ဗျာ။
*Spoiler Alert*
ဒီဇာတ်ကားထဲမှာပါတဲ့ NZT-48 ဆိုတဲ့ဆေးအကြောင်း နည်းနည်းပြောချင်ပါတယ်။ သူ့ရဲ့မူလဇစ်မြစ်က အိုင်ဘန် ဆေးဝါးဆိုတဲ့ ကုမ္ပဏီက တစ်ခုကလို့ ဇာတ်ကားထဲမှာ စကားနဲ့ ပြောထားပါတယ်။သုံးထားတဲ့အချိန်မှာ ဉာဏ်အရမ်းကောင်းလာပေမဲ့ ဖြစ်နိုင်တဲ့ဆိုးကျိုးတွေကလည်း ရှိနေပါတယ်။ သုံးတဲ့သူရဲ့ ဉာဏ်ရည်နဲ့ တွေးခေါ်မှုပေါ်မူတည်ပြီး အပြောင်းအလဲတော့ရှိတယ်လို့ ယူဆလို့ရပါတယ်။ဒီဇာတ်ကားမှာတော့ ဆေးသုံးတဲ့သူတွေ အားလုံးနီးပါးက ကိုးမားဖြစ်တာ သေတာနဲ့ပဲလမ်းဆုံးကြပါတယ်။ အချိန်မီဖြတ်နိုင်လိုက်တဲ့သူတွေတောင်မှ ဦးနှောက်က ပုံမှန်အခြေအနေမဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဒီလောက်ကောင်းတဲ့ဆေးကို ဘယ်သူကမသုံးချင်ဘဲနေမလဲ။ အက်ဒီတစ်ယောက်ပဲ လွှတ်တော်အမတ်ဖြစ်လာတဲ့အထိ အဆင်ပြေပြေ ကျန်းကျန်းမာမာရှိတာကိုတွေ့ရမှာပါ။ ဒါပေမဲ့ နောက်ထပ် အဆင်ပြေပြေအသုံးချနိုင်တဲ့သူတွေရော ရှိနေဦးမလားဆိုတာ စဉ်းစားစရာပါပဲ။ NZT-48 ကျမှပဲ အောင်မြင်တာလား အဲဒီအရှေ့က Version ထဲကတစ်ခုခုကိုသုံးပြီး အဆင်ပြေသွားတဲ့သူတွေရှိနိင်လား နောက်ထပ် Version သစ်တွေရှိနေနိုင်ဦးမလား။ ဆေးကိုရဖို့ ဘယ်သူတွေက ဘယ်လိုဖန်တီးကြမလဲ။ ဘေးထွက်ဆိုးကျိုးမရှိနိုင်တဲ့ဆေး ထွင်နိုင်လောက်အောင် ဉာဏ်ကောင်းရင် ကောင်းလာနိုင်မှာပဲလေ။ မပြောနိုင်ဘူးပေါ့။ ဖြစ်နိုင်ချေတွေက အကန့်အသတ်မဲ့ရှိနိုင်တာပဲမဟုတ်လား။
File Size : 2 GB, 1 GB
Quality : Blu-Ray (1080p 5.1,720p)
Running Time : 1hr 45min
Format : Mp4
Genre : Action,Scifi,Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated & Encoded by d3mon
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။