Lies My Sister Told Me (2022)


Synopsis:
ဒီတစ်ခေါက်မှာတော့ Thriller ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရောင်းရဆုံးအချစ်ဝတ္တုစာရေးဆရာမ တစ်ယောက်ဖြစ်သူ ဂျနီဖာရေးရ်က အဖေဖြစ်သူရဲ့ သေဆုံးမှုကြောင့် စိတ်အကြီးအကျယ်ထိခိုက်သွားတဲ့ သူနဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ သူ့ရဲ့အမြွှာညီမဖြစ်သူ ထရေစီရေးရ်ကို မတတ်သာဘဲ စိတ်ကျန်းမာရေးဆေးရုံမှာ တင်ထားခဲ့ရပါတယ်။ လူတိုင်းက လေးစားအားကျပြီး ချစ်ခင်ကြတဲ့ သူမကတော့ အမြွှာညီမဖြစ်သူက စိတ်ကျန်းမာရေးဆေးရုံတက်နေတဲ့အကြောင်း ဘယ်သူ့ကိုမှ အသိမပေးထားခဲ့ပါဘူး။
ဒီလိုနဲ့ တစ်နေ့မှာတော့ ညီမဖြစ်သူ ထရေစီ့ကို ဧည့်တွေ့ဖို့အသွားမှာ သူ့ညီမက သူနဲ့လူချင်းလဲပြီး သူ့ဟန်ဆောင်ကာ ဆေးရုံကနေ
လွတ်မြောက်သွားခဲ့ပါတယ်။ လူစားအလဲခံခဲ့ရသူ ဂျနီဖာရေးရ်ကတော့ စိတ်ကျန်းမာရေး ဆေးရုံထဲ ပိတ်မိနေခဲ့ရတာပေါ့လေ။ သူက သူ့ကိုယ်သူ ဂျနီဖာရေးရ်ပါလို့ သူနာပြုတွေ၊ ဆရာဝန်တွေကို အကြိမ်ကြိမ်ပြောပေမဲ့ အားလုံးက သူ့ကို ထရေစီလို့ပဲထင်ခဲ့ကြပြီး ဘယ်သူကမှ သူပြောတာကို မယုံပေးခဲ့တာမို့ ဆေးရုံကထွက်ပြေးနိုင်ဖို့အရေး နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။
တစ်ဖက်မှာလည်း သူ့ဟန်ဆောင်ပြီး အပြင်ကိုလွတ်မြောက်သွားခဲ့သူ ထရေစီတစ်ယောက်ကတော့ အပျော်ကြီးပျော်ကာ လုပ်ချင်တာလုပ်လို့ရပြီလို့ ထင်ခဲ့ပေမဲ့ သူ ထင်မထားတဲ့ အန္တရာယ်တွေ စိန်ခေါ်မှုတွေက သူ့ကို ဆီးကြိုလို့နေခဲ့ပါတော့တယ်။ အပြင်ကိုရောက်မှ
အံ့ဩစရာကောင်းအောင် သူ သိလိုက်ရတာကတော့ သူ့အစ်မရဲ့ ဘဝဟာ ထင်သလောက်မရိုးရှင်းဘဲ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေခဲ့တယ်ဆိုတာပါပဲ။
လူတင် လျှို့ဝှက်ချက်တွေပြည့်နေတာမဟုတ်ဘဲ အိမ်က အခန်းတစ်ခန်းက သော့ပိတ်ထားပြီး ဖွင့်မရတဲ့အနေအထားမှာ ရှိနေခဲ့ရာကနေ သူ့ဆီကို သူ မဖိတ်ခေါ်ထားတဲ့ သူ့အစ်မရဲ့ဧည့်သည်တစ်ယောက်က ရောက်ရှိလာခဲ့ချိန်မှာတော့… သူသိလိုက်ရတဲ့ သူ့အစ်မရဲ့လျှို့ဝှက်ချက်တွေက ဘာတွေလဲ.. သူ့အစ်မနားက လူတွေကရော သူရဲ့နဂိုနဲ့မတူတဲ့ပုံစံတွေကို သတိထားမိသွားမှာလား.. စိတ်ကျန်းမာရေးဆေးရုံက သူ့အစ်မကရော ထွက်ပြေးလွတ်မြောက်လာနိုင်မှာလား.. ပိတ်ထားတဲ့အခန်းထဲမှာရော ဘာတွေရှိနေမှာလဲ.. နောက်ဆုံးမှာရော သူတို့နှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။
(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)
File size…(870 MB)
Quality….Webrip 720p
Format…mp4
Duration….01:32:00
Genre…TV Movie, Thriller, Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Emily
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။