Exit print mode Print Data A+ A- Undo all

Let the Dance Begin (2023)

Let the Dance Begin (2023)Let the Dance Begin (2023)

Synopsis:

Let the Dance Begin (2023)

~ IMDb – 6.9/10, Rotten Tomatoes – 100% ~

442

ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်၊ အဲဒါအပြင် ဒရာမာကိုပါ အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ အာဂျင်တီးနားကားကိုသာ ကြည့်လိုက်ပါတော့။

ဒီဇာတ်ကားမှာ အာဂျင်တီးနား နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Dario Grandinetti နဲ့ Mercedes Morán ကနေပြီးတော့ ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် IMDb မှာ 6.9/10 နဲ့ Rotten Tomatoes မှာ 100% ပါရထားပြီး ဆု နှစ်ဆုလည်း ချိတ်ခဲ့ပါသေးတယ်။

ဒီဇာတ်လမ်းဟာဆိုရင်တော့ ငယ်သူငယ်ချင်းသုံးယောက် ခြောက်ဆယ်ကျော်သွားတဲ့အချိန်မှာ ပြန်ဆုံတဲ့အပေါ်ကို ဇာတ်အိမ်တည်ထားတာပါ။ တစ်ပါထဲ “Tango” ဆိုတဲ့ အကတစ်မျိုးအကြောင်းပါ ပြောလိုက်ပါမယ်။ Tango ဆိုတာက ၁၈၈၀ ဝန်းကျင်တုန်းကစပြီး အာဂျင်တီးနားနဲ့ ဥရုဂွေးနှစ်နိုင်ငံကြား ခေတ်စားသွားတဲ့အကတစ်ခုပေါ့။ ဘယ်လောက်ထိခေတ်စားသွားလဲဆိုရင် ၂၀၀၉ မှာ ယူနက်စ်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲပါ ဝင်သွားတဲ့အထိဖြစ်သွားပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတဲ့ သူငယ်ချင်းသုံးယောက်ထဲက နှစ်ယောက်က တစ်ချိန်က နာမည်ကြီးခဲ့တဲ့တန်ဂိုအကပညာရှင်ပေါ့။ ကားလို့စ်ဆိုတဲ့ တစ်ချိန်က နာမည်ကြီး အကလုလင်ဟာ သူ့ရဲ့ အကတွဲဖက်ဖြစ်တဲ့ မာဂရက်ဆိုတဲ့သူ ဆုံးသွားတဲ့သတင်းကိုကြားပြီးတော့ ရေမြေခြားထိ သူ့အသုဘကိုသွားတက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ မာဂရက်က တကယ်မသေသေးဘဲ သူက ကားလို့စ်ကို လျှို့ဝှက်ချက်တစ်ခုရှိလို့ ပြောပြချင်တဲ့ဇောနဲ့ အကြောင်းဖန်လိုက်တာပါ။ လျှို့ဝှက်ချက်ကတော့ ကားလို့စ်က မာဂရက်နဲ့ လမ်းမခွဲခင်မှာပဲ သူနဲ့ ကလေးရခဲ့တဲ့အကြောင်းဖြစ်နေပါတယ်။

ဒါပေမဲ့ ကလေးကိုမွေးမွေးပြီးချင်းမှာ မာဂရက်က ငွေကြေးမပြေလည်တဲ့အတွက် အခြားသူတစ်ယောက်ကို မွေးစားခိုင်းလိုက်ပါတယ်။ မာဂရက်က ကားလို့စ်နဲ့ ပြန်တွေ့တဲ့အချိန်ကျမှ အဲဒီကလေးကို တွေ့ချင်ပါတယ်ဆိုပြီး အတင်းဇောကြီးနဲ့ လိုက်ပို့ခိုင်းပါတော့တယ်။ ဖြစ်ချင်တော့လည်း သူတို့ရဲ့ ကျန်နေတဲ့ တတိယသူငယ်ချင်းဆိုသူကလည်း Third-wheel ကြီးဖြစ်နေပါသေးတယ်။ ဆိုတော့ ဒီသူငယ်ချင်းတွေသုံးယောက် ဘယ်လိုရှာပုံတော်တွေများထွက်ကြမလဲ… လမ်းမှာဘယ်လိုပြဿနာတွေနဲ့ ပက်ပင်းတိုးကြမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ခွီရင်း၊ လွမ်းဆွေးရင်း၊ မိခင်မေတ္တာကို ခံစားရင်းနဲ့ ဇာတ်ကားရဲ့ရသကို အပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.9GB, 840MB
Quality – 1080p, 720p
IMDb Rating – 6.9/10
Format – mp4
Duration – 1H 39Min
Genre – Comedy, Drama, Music
Subtitle – Myanmar Subtitle (Hardsub)
Translated by Mark
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Empieza el baile
Director
Marina Seresesky
Stars
Agostina Pozzi, Carolina Sobisch, Darío Grandinetti, Jorge Marrale, Lautaro Zera, Marcelo Xicarts, Mercedes Morán, Pastora Vega, Pepe Novoa
Release Date
2023
Rated
Unrated
Runtime
1h 39m
Awards
2 wins & 2 nominations
Country
Argentina, Spain
Popularity
4.727
Status
Released
ID IMDb.com
tt18115352
IMDB Rating
6.9
IMDB votes
311
ID Themoviedb.org
924054
TMDb Rating
7.923
TMDb votes
13