Legion (2010)
When the last angel falls, the fight for mankind begins.

Synopsis:
Legion (2010)______IMDb – 5.2/10
ဘုရားသခင်ကလူသားတွေအတွက် ပထမတစ်ခေါက်မျှော်လင့်ချက်ကုန်ဆုံးပြီး
ယုံကြည်မှု့ကင်းမဲ့သွားတဲ့အချိန်မှာ တစ်ကမ္ဘာလုံးကိုရေလွှမ်းမိုးမှု့ဖြစ်စေပြီးတော့
လူသားတွေကိုရှင်းလင်းခဲ့တယ် ပြီးတော့ နောဧကနေမှတစ်ဆင့်
လူသားမျိုးနွယ်တွေကိုတစ်ဖန်ပြန်စတင်စေခဲ့တယ်။အခုဒီဇာတ်ကားထဲမှာလည်း
ဘုရားသခင်ကလူသားတွေကို စိတ်ကုန်လာပြီးတော့
ယုံကြည်မှု့ပျောက်ဆုံးနေတဲ့အချိန်ကာလကနေစတင်ခဲ့ပါတယ်။
သူကပျက်ကပ်တစ်ခုကို စတင်ဖို့အတွက်အမိန့်ပေးထားပြီးနေပါပြီ။
အဲ့လိုအချိန်မှာပဲကန္တာရတစ်ခုကစားသောက်ဆိုင်လေးတစ်ဆိုင်မှာတော့
စားသောက်ဆိုင်ပိုင်ရှင် ဘော့ဘ်တစ်ယောက်တီဗွီတွေကအလုပ်မလုပ်လို့စိတ်ပျက်နေပါတယ်။
သူ့ဆိုင်မှာကလည်း ကားပျက်လို့သူ့သားဖြစ်သူ ဂျီပ်ကိုသူပြင်ခိုင်းထားရတဲ့
စုံတွဲတစ်တွဲကလည်းရှိနေသေးပါတယ်။သူတို့ကလည်း ကားအမြန်ပြီးဖို့ တဂျီဂျီနဲ့ဆိုပါတော့။
သူ့ဆိုင်မှာကတော့ သူရယ် သူ့သားဖြစ်သူရယ် ပြီးတော့ ချာလီဆိုတဲ့ကိုယ်ဝန်သည်ရယ်
ပါစီဆိုတဲ့စားဖိုမှူးကြီးရယ်နဲ့လည်ပတ်နေတာပေါ့။ ဒီလိုနဲ့သူတို့တွေဟာဆိုရင်
ဖုန်းလိုင်းတွေကော ရေဒီယိုလှိုင်းတွေကောဘာတစ်ခုမှအလုပ်မလုပ်ကြောင်
းသတိထားမိလာခဲ့ရာကနေ အဘွားကြီးတစ်ယောက်ရောက်လာတဲ့အချိန်မှာ
အကုန်ဗြောင်းဆန်ကုန်ပါတော့တယ်။ ဆက်လက်ခံစားကြည့်ရှုပါ
File Size – 755 MB
Quality – BrRip 720p
Translated & Review By Mark Miller
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။