Exit print mode Print Data A+ A- Undo all

Left Behind (2014)

The end begins
Left Behind (2014)Left Behind (2014)

Synopsis:

Left Behind (2014)

မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။

442

ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။

တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ လူတွေရုတ်ချည်းဆိုသလို ထပျောက်သွားတာပါပဲ။ သာမန်ဖြစ်ရပ်တွေနဲ့ မတူဘဲ အံ့ဩဖို့ကောင်းတာကတော့ပျောက်သွားတဲ့လူတွေဟာ လူခန္ဓာချည်းပျောက်သွားပြီးတော့ သူတို့ရဲ့အဝတ်အစားတွေကျန်နေခဲ့တာပါပဲ။ ဒီလိုပျောက်ခြင်းမဆုံး ပျောက်ခြင်းတွေဖြစ်ပြီးနောက်ပိုင်း နေရာတစ်ဝှမ်းမှာ မတော်တဆမှုတွေဖြစ် အုတ်​အော်သောင်းနင်တွေ စပြီးဖြစ်လာပါတော့တယ်။

~ ချီဆောင်ခြင်းအကျဉ်း ~

ခရစ်ယာန်တွေရဲ့ Holy Bible လို့ခေါ်တဲ့ သမ္မာကျမ်းစာအုပ်ရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းမှာ “Rapture” လို့ခေါ်တဲ့ ချီဆောင်ခြင်းဆိုတာရှိပါတယ်။ ချုံ့ပြောရရင်တော့ AD ခုနှစ် ၃၃ ခုနှစ်ဝန်းကျင် သခင်ယေရှုက ကောင်းကင်နိုင်ငံတော်ကို မပြန်ခင်မှာ ကမ္ဘာပေါ်ကို နောက်တစ်ကြိမ်ပြန်ကြွလာမယ်လို့ ပြောသွားပါတယ်။ ကျမ်းစာအတော့ သခင်ယေရှုကမ္ဘာပေါ်ကို ပြန်မကြွလာခင်မှာ ဒီရုပ်ရှင်ထဲက Rapture ဆိုတဲ့ဖြစ်စဉ်ကြီးကဖြစ်လာမှာပါ။ ကျမ်းစာထဲမှာ Rapture ဖြစ်မယ့်အချိန်ကို ကျွန်တော်တို့ အခုလက်ရှိသုံးနေတဲ့ ခရစ်သက္ကရာဇ်နဲ့အတိအကျ​တော့ မဖော်ပြထားပေမဲ့ Rapture မဖြစ်လာခင်မှာဖြစ်လာမယ့်နိမိတ်တွေကို ဟောကိန်းထုတ်ထားတာတွေရှိပါတယ်။ Covid လို ကာလနာကပ်ဆိုးတွေ၊ ကမ္ဘာပျက်ကပ်နီးကြောင်းပြနေတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင် ပျက်ကပ်တွေပါသလို အမေရိကန်နဲ့ ရုရှားတို့ တစ်ချိန်မှာ ရန်ဘက်ဖြစ်ပြီး သူတို့ရဲ့မဟာမိတ်တွေအချင်းချင်းနဲ့ ကမ္ဘာစစ်ဖြစ်လာမယ်ဆိုတဲ့အကြောင်းအပြင် တခြားကြောင်းတွေကိုပါ သမ္မာကျမ်းစာစတင်ပြုစုခြင်းခံရတဲ့အချိန်ကတည်းက ဟောကိန်းထုတ်ထားခဲ့တာဖြစ်ပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2GB, 1GB
Quality – 1080p, 720p
Format – mp4
Duration – 1H 50Min
Genre – Action, Fantasy, Sci-Fi
Subtitle – Myanmar Subtitle (Hardsub)
Translated by Mark
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Vic Armstrong
Stars
Alec Rayme, Ashton Leigh, Candice Michele Barley, Cassi Thomson, Chad Michael Murray, Chelsea Bruland, Choppy Guillotte, Gary Grubbs, Georgina Rawlings, Han Soto, Hawn Tran, Heather Rene Hutson, Jordin Sparks, Judd Lormand, Kamryn Johnson, Lance E. Nichols, Lea Thompson, Lolo Jones, Major Dodson, Martin Klebba, Nicky Whelan, Nicolas Cage, Quinton Aaron, Sabrina Gennarino, Shanna Forrestall, Stephanie Honoré, William Ragsdale
Release Date
2014
Rated
PG-13
Runtime
1h 50m
Awards
5 nominations
Country
United States, Canada, Japan, United Kingdom
Budget
USD $16 000 000,00
Revenue
USD $19 682 924,00
Popularity
55.682
Status
Released
ID IMDb.com
tt2467046
IMDB votes
43000
ID Themoviedb.org
218043
TMDb Rating
4.23
TMDb votes
1259