Leatherface (2017)
The origin story of The Texas Chain Saw Massacre

Synopsis:
Leatherface (2017)_____IMDb – 5.0/10
တက္ကဆက်ပြည်နယ်လူသူမနီးတဲ့နေရာတစ်ခုမှာခြောက်သွေ့ထူးဆန်းပြီးSawyerအိမ်ကြီးတစ်အိမ်ရှိပါတယ်
အဲ့ဒီအိမ်မှာနေကြတဲ့မိသားစုနာမည်ကိုအစွဲပြုပြီးမှည့့်ထားတာပါ Sawyer မိသားစုပေါ့ဗျာ
အဲ့ဒီအိမ်ကြီးကလူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့သိပ်ပတ်သတ်မှုမရှိတဲ့မိသားစုပါ
Antiဖြစ်နေလားတော့မသိ အဲ့ဒီအိမ်ကြီးထဲရောက်လာတဲ့သူမှန်သမျှက နည်းလမ်းအမျိုးမျိုးနဲ့သတ်ဖြတ်ခြင်းခံရပါတယ်
အဲ့ဒီအိမ်ကြီးရဲ့သတင်းကြောင့်လည်း အစိုးရကကလေးသူငယ်များစိတ်ဓာတ်ပျက်ပြားမှုမရှိဖို့နဲ့ဘေးကင်းလုံခြုံဖို့ Gorman အဆောက်အဦးကိုတည်ဆောက်ပေးထားပါတယ်
Gormanအဆောက်အဦးဆိုတာကတော့ပြစ်မှုမှာပါဝင်တယ်လို့ယူဆရတဲ့ကလေးငယ်တွေကိုဘဝသစ်ပြန်စဖို့အခွင့်အရေးပေးတဲ့အနေနဲ့ဆေးကုသမှုပေးထားပြီးစောင့်ရှောက်ထားတဲ့နေရာပါ
တစ်နေ့တော့ အဲ့ဒီအဆောက်အဦးဆီကို Lizzyလို့ခေါ်တဲ့သူနာပြုဆရာမအသစ်လေးတစ်ယောက်ရောက်လာပါတယ်
စောင့်ရှောက်ခံထားတဲ့သူတွေကလည်းဒီအိမ်ကြီးကစည်းကမ်းတင်းကြပ်ပြီးငြီးငွေ့စရာကောင်းတဲ့အတွက် အားလုံးကလွတ်လမ်းရှာနေကြပါတယ်
တစ်နေ့မှာSawyer မိသားစုက ထိန်းသိမ်းခံထားရတဲ့ကောင်လေးJed ကိုတွေ့ခွင့်မပေးတာကြောင့့်ပြသနာတွေတက်ခဲ့ရပြီးထိန်းသိမ်းထားသမျှလူတွေလည်းဝရုန်းသုန်းကားနဲ့လွတ်မြောက်ကုန်တဲ့အထိဆိုးရွားသွားခဲ့ပါတယ်
လွတ်မြောက်သွားတဲ့ထဲမှာ ခပ်အေးအေးနေတတ်တဲ့ Jackson နဲ့ Bud ဆိုတဲ့ကောင်လေး၂ယောက်ရယ် သူနာပြုမလေး Lizzy ရယ် ခပ်ဆိုးဆိုးခပ်ကြမ်းကြမ်း Ike နဲ့Clarice တို့အတွဲရယ်အတူတူထွက်ပြေးဖို့အကြောင်းဖန်လာပါတယ်
ဒီလိုနဲ့ပဲရှေ့ဆက်ပြီးသူတု့ိ ၅ယောက်ဘာတွေဆက်ဖြစ်ကြမလဲ
ဌာနဆိုင်ရာတွေကလည်းဝရမ်းထုတ်ဖမ်းတာကတဖက် Sawyer မိသားစုကလည်းဘယ်လိုတွေစိတ်ဝင်စားစရာပါဝင်ပတ်သတ်လာမလဲဆိုတာစောင့့်ကြည့်ရမယ့် ကြောက်မက်ဖွယ် ခပ်ကြမ်းကြမ်းကားလေးပါ
(စကားလုံးကြမ်းတမ်းမှုများကိုသတိပြုပါရန်)
(ဘာသာပြန်နဲ့အညွှန်းကတော့ Pyae Xeinn Sett ပါ)
File Size : (700 MB)
Quality : WEB-DL 720p
Running Time : 1hr 30min
Format : Mp4
Genre :Horror, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Pyae Xeinn Sett
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။