ဒီကားလေးတော့ နာမည်အတိုင်း ရထားပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ခရီးသည်တွေအကြောင်းရိုက်ကူးထားတာပါ။ လူး၀စ်က ဆင်ဂယ်အဖေတစ်ယောက်ဖြစ်ပြီး ဆရာ၀န်တစ်ယောက်ဖြစ်ပါတယ်။ အိမ်ပြန်ရထားပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့အသိအကျွမ်းဖြစ်ခဲ့ပါတယ်။
ခရစ်စမတ်အချိန်ဖြစ်တဲ့အတွက် ရထားပေါ်မှာ သူတို့သုံးယောက်နဲ့ အဖွားကြီးတစ်ယောက်ရယ် ဘုကလန့်အဖိုးကြီးတစ်ယောက်ရယ် လူမိုက်လိုလိုရုရှားလူမျိုးတစ်ယောက်ရယ်ပဲကျန်ခဲ့ပါတယ်။ ဆင်းရမယ့်ဘူတာရောက်ပေမဲ့ ရထားကမရပ်တဲ့အခါ အကုန်လုံးခြောက်ခြားပြီး အရေးပေါ်ဘရိတ်တွေအကုန်လိုက်ဆွဲကြည့်ပေမဲ့ တစ်ခုမှအလုပ်မဖြစ်ပါဘူး။
ရထားမောင်းသမားကလည်း တံခါးသွားခေါက်ပေမဲ့ ပြန်မဖြေတဲ့အခါ အကုန်လုံး ရထားမောင်းရဲ့အစီအစဥ်ကို ရိပ်မိပြီး စည်းစည်းလုံးလုံးနဲ့ ရထားပေါ်ကလွတ်မြောက်အောင် ကြံကြပါတော့တယ်။ ဘတ်ဂျက်နည်းကားဖြစ်ပေမဲ့ သည်းထိတ်ရင်ဖိုအရသာအပြည့်ပေးနိုင်တဲ့ကားလေးဖြစ်ပြီး character developmentတွေကအစ ပြီးပြည့်စုံနေတဲ့ကားလေးဖြစ်လို့ အားလုံးပဲကြည့်ရှုခံစားကြပါဦး။
File size…(2.1 GB)/(1.4 GB)
Quality….Blu-Ray 1080p / 720p
Format… mp4
Duration…. 01:37:00
Genre… Action, Mystery, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Soe Thiri Swe
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။