Last of the Wolves (2021)


Synopsis:
ခပ်မိုက်မိုက် အက်ရှင်ကားကောင်းတွေကိုမှ တောင့်တနေပါတယ်ဆိုတဲ့ CM ပရိတ်သတ်တွေအတွက်
အကြမ်းစားနဲ့ အလန်းကြီးလန်းမဲ့ ဂျပန်ယာခူဇာ ကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်
ဒီဇာတ်ကားလေးဟာ ရုပ်ရှင် နှစ်ကားထွက်ထားတာဖြစ်ပြီး ပထမတွဲမှာတော့ ဟီအိုခါနဲ့အိချီနိုစဲတို့ အတူ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်း ကြားက ရန်ပွဲတွေကို ငြိမ်းချမ်းအောင်လုပ်ပေးခဲ့ပါတယ်
အခု ဒုတိယတွဲမှာတော့ ဟီအိုခါတစ်ယောက် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဂိုဏ်းအကြွင်းအကျန်တွေလက်ထဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပါ
ဇာတ်ကြောင်းလေးကတော့…
ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ
နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်
စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်
ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်
သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ဂိုဏ်းချစ်စိတ်ပြင်းထန်သူဖြစ်တာကြောင့် ငြိမ်းချမ်းရေးကို မလိုလားဘဲ လက်စားချေရန် တစ်ဖက်ဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းဖို့ ကြံပါတော့တယ်
အူအဲဘာယရှီကြောင့် ဟီအိုခါရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်ကြိုးပမ်းမှုတွေ သဲထဲရေသွန် ဖြစ်လာတော့မဲ့အချိန်မှာတော့
ဟီအိုခါအနေနဲ့ စကားသေးသေးလေးမှတောင် အတိမ်းအစောင်းမခံတဲ့ ယာခူဇာ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ ငြိမ်းချမ်းရေးတည်မြဲဖို့ ခက်ခက်ခဲခဲ အသက်နဲ့ရင်းပြီး ဘယ်လိုမျိုးတွေ ကာကွယ်သွားမလဲဆိုတာကို အက်ရှင်အလန်းစားတွေတစ်ပုံကြီးနဲ့ ရင်တဖိုဖို ဆက်လက်ကြည့်ရှုကြရမှာပါနော် ။
( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )
Quality__1080p ,720p ,360p
IMDb Rating__6.1/10
Format__mp4
Duration__02:20:00
Type__Crime
Subtitle__Myanmar Subtitle (Hardsub)
Translated by Yamin Ei
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။