La Civil (2021)
Never underestimate a mother's wrath.

Synopsis:
IMDb 7.2/10 Rotten Tomatoes 86%
ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်ကတော့
ဘယ်လ်ဂျီယံ ၊ ရိုမေးနီးယား ၊ မက္ကဆီကို သုံးနိုင်ငံပေါင်း
ထုတ်လုပ်ထားတဲ့ La Civil လို့ အမည်ရတဲ့ ရုပ်ရှင်ကား
တစ်ခုပဲဖြစ်ပြီး ၂၀၂၁ ကိန်းရုပ်ရှင်ပွဲတော်မှာ Prize of Courage
ကို ရရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ် ။
ဇာတ်လမ်းမှာတော့ သမီးပျောက်အမေတစ်ယောက်ရဲ့
မိခင်သောကကို အဓိကထား ရိုက်ကူးထားတာဖြစ်ပြီး
မက္ကဆီကို မြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ ၊
မတရားမှုတွေအကြောင်းကို မီးမောင်းထိုးပြထားပါတယ် ။
ခင်ပွန်းဖြစ်သူနဲ့ကွဲပြီး အမေတစ်ခု သမီးတစ်ခု ဘဝမှာ နေနေတဲ့
စီယယ်လိုနဲ့ လော်ရာ…အဲဒီလိုကနေ တစ်ရက်မှာတော့ လော်ရာဟာ
ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တဲ့အခါမှာတော့ မိခင်ဖြစ်တဲ့
စီယယ်လိုတစ်ယောက် သောကပွေရပါတော့တယ် ။
ပိုက်ဆံပေးရင် သမီးဖြစ်သူကို ပြန်ခေါ်လာပေးမယ်လို့
ငွေညှစ်ခဲ့ပေမယ့် တကယ်တမ်း ပိုက်ဆံပေးတော့လည်း
လော်ရာကတော့ အိမ်ကို ပြန်ရောက်မလာခဲ့ပါဘူး ။
အဲဒီအခါမှာတော့ စီယယ်လိုတစ်ယောက် သမီးဖြစ်သူအတွက်
တစ်ကိုယ်တည်း လှုပ်ရှားရပါတော့တယ် ။
သမီးဇောကပ်နေတဲ့ မိခင်တစ်ယောက် သမီးပျောက်ရှာပုံတော်မှာ
ဘယ်လိုကိစ္စတွေ ကြုံရမလဲ ၊
နောက်ဆုံးကျရင်ရော လော်ရာနဲ့ ပြန်ဆုံစည်းနိုင်မှာလား
ဆိုတာကို အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်ပါ ။
File size…2.14GB / 906MB
Quality…WEB-Rip 1080p / 720p
Format…mp4
Duration….2h 20m
Genre ….. Drama , Thriller , Crime
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Ashley
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။