Exit print mode Print Data A+ A- Undo all

La Chimera (2023)

La Chimera (2023)La Chimera (2023)

Synopsis:

442

 

1980ခုနှစ်က Etruscan ရှေးဟောင်းပစ္စည်းရှာဖွေတာတွေပေါ် ဇာတ်အိမ်တည်ထားပြီး IMDB 7.3/10 နဲ့ ဆု 8ဆု ရထားတဲ့ အီတလီရုပ်ရှင်ဖြစ်ပါတယ်။ Critic review ကောင်းတွေပါ ရထားပြီး ကြည့်ရသူတွေလည်း ရသတစ်ခုခုခံစားရမှာသေချာပါတယ်။

လူတိုင်းမှာ ကိုယ့်ရဲ့ Chimera ရှိပါတယ်-ကိုယ်ရယူဖို့ ကြိုးစားနေပေမယ့် လုံးဝမတွေ့နိုင်တဲ့အရာကို ဆိုလိုတာပါ။ စိတ်ကူးယဉ်အိပ်မက်၊ ပုံရိပ်ယောင်ဆိုပြီးလည်း ဘာသာပြန်ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ ထောင်ကလွတ်လာတဲ့ ရှေးဟောင်းသုတေသနပညာရှင် အင်္ဂလိပ်လူမျိုး အာသာဟာ တရားမဝင် အုတ်ဂူခိုးတူးတဲ့သူတွေနဲ့ပေါင်းပြီး သေသူတွေရဲ့ ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားပါတယ်။ အာသာအဖို့ ရှေးဟောင်းပစ္စည်းတွေက အဓိကမဟုတ်ပါဘူး။ သူ့အတွက် Chimera က သူ့ရဲ့ကွယ်လွန်သွားတဲ့ ချစ်သူဖြစ်ပါတယ်။

သူချစ်သူနဲ့ တွေ့ရဖို့ ဒဏ္ဍာရီထဲကအတိုင်း တမလွန်ဆီ တံခါးပေါက်ကို အုတ်ဂူတွေတူးရင်း ရှာနေတာပါ။ လူသေနဲ့သက်ရှိတွေကြားက စွန့်စားခန်းခရီးမှာ အာသာတို့ တူးဖော်ခဲ့တဲ့ အုတ်ဂူပိုင်ရှင်တွေကလည်း သူ့ကိုခြောက်လှန့်နေပါတယ်။ တရားမဝင်အလုပ်ဖြစ်တဲ့အတွက် ကြားထဲမှာ ခေါင်းပုံဖြတ်ခံရတာတွေ လက်တစ်လုံးခြားလုပ်သွားတာတွေလည်း စုံ‌နေတာပါပဲ။ သင်္ချိုင်းပစ္စည်းတူးတဲ့သူတွေအတွက် Chimera က အလုပ်မကြိုးစားဘဲ ‌လွယ်လွယ်နဲ့ချမ်းသာဖို့အိပ်မက်ဆိုရင် အာသာအတွက်ကတော့ သူ့ချစ်သူဖြစ်ပါတယ်။ သူတို့ကိုယ်စီရဲ့ Chimera ကို ရှာတွေ့သွားလားဆိုတာ ဆက်လက်ရှုစားလိုက်ပါနော်။

 

File size…(2.8 GB)/(1.5 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:10:00
Genre…Adventure, Comedy, Fantasy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Shune Lai KK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
74.226
Status
Released
ID IMDb.com
tt14561712
IMDB Rating
7.3
ID Themoviedb.org
837335
TMDb Rating
7.6
TMDb votes
187