Kya Kehna (2000)

Synopsis:
မင်းသမီးချော Preity Zinta ပါဝင်တဲ့ ဒရာမာ ရိုမန့် အမျိုးအစား မိသားစု ပညာပေး ရုပ်ရှင်ကားလေးဖြစ်ပါတယ်..
ဇတ်လမ်း ပုံစံကတော့ ပရီယာ ဆိုတဲ့ ကျောင်းသူလေး ဟာ အိမ်ရဲ့ အချစ်တော်လေး ဖြစ်ပြီး
အကို ၃ ယောက် နှင့် အဖေ အမေ နှင့် အတူ နွေးထွေး လှသော မိသားစုလေးမှာ နေထိုင်နေသူဖြစ်ပါတယ်..
ပရီယာ ကို တစ်ဖက်သက် ချစ်နေတဲ့ ငယ်ပေါင်းသူငယ်ချင်း အာဂျေး ဆိုတဲ့ သူငယ်ချင်းလေးလဲ ရှိနေပြန်ပါတယ်..
တစ်ရက်မှာတော့ ပရီယာ ဟာ အထက်တန်း အောင်မြင်ပြီးစီးလို့ သက္ကသိုလ် တက်ရမယ့် အချိန်မှာ
ကျောင်း ရဲ့ လူချောလေး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်တဲ့ ရာဟူးလ် နဲ့ ချစ်ကြိုက်ခဲ့ပါတယ်…
ရာဟူးလ် ဟာ ရှုပ်ပွေတက်သူ ပီပီ မိန်းကလေးတိုင်းကို အပျော်ကြံရုံသက်သက်ပဲ ချစ်တက်သူပါ
အဲ့ဒီလို လူကိုမှ ပရီယာ လို လိမ္မာရေးခြားရှိပြီး ပွင့်လင်းတက်တဲ့ မိန်းကလေးက ချစ်ကြိုက်မိရာကနေ
ရာဟူးလ် ရဲ့ ကလေးကို ပရီယာ ကိုယ်ဝန်လွယ်ခဲ့ရပါတယ်…
ဒါပေမယ့် ရာဟူးလ် ဟာ တာဝန်ယူရမှာ စိုးတဲ့အတွက် ရှောင်တိမ်းနေပြီး
ရာဟူးလ် မိဘ တွေဟာလဲ ပရီယာ မိဘတွေကို အထက်စီးမှ မိုက်ရိုင်းစွာ ပြောဆိုပြီး သူတို့ သားမှာ တာဝန်မရှိကြောင်း
တာဝန်မယူနိုင်ကြောင်း ပြောပြီး မောင်းထုတ်ပါတယ်….
ထို့ကြောင့်ပဲ ဆွေမျိုးများ အလယ် သူငယ်ချင်းများ အလယ် ပရီယာ တစ်ယောက် လူတကာဖြင့် အိပ်တက်သော
မိန်းကလေး ဆိုပြီး အစော်ကား ခံရကာ ၀ိုင်းဖယ် ခံလိုက်ရပါတော့တယ်…
မိဘ တွေရော အားလုံးကရော ၀ိုင်းဖယ် ခံလိုက်ရတဲ့ ပရီယာ ဟာ ဖြစ်ချင်ရာဖြစ်ဆိုပြီး
အိမ်ကနေ ထွက်သွားခဲ့ပါတယ်…
ပရီယာ တစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ Download ဆွဲကြည့်လိုက်ကြပါနော်…
သီချင်းတွေ ရော စကားလုံးတွေ ရဲ့ ရသတွေ အားလုံးပေါ်လွင်အောင်
CM Translator တစ်ဦးဖြစ်သူ Tariq L Walker မှ ဘာသာပြန်ပေးထားပါတယ်…
Thit San Khant
==============
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။