KunLun Taoist Scriptures Part 1+2 ( 2017 )

Synopsis:
တရုတ်သိုင်းကားတွေနှစ်ခြိုက်သူတွေအနေနဲ့ သဘောတွေ့မယ့်ကားပါပဲ
၂ကား ထွက်ရှိထားပြီး ကြည့်လို့ရအောင် တပြိုက်တည်း ၂ ကားလုံးတင်ပေးလိုက်ပါတယ်
နှစ်တစ်ထောင်မှတစ်ခါဖြစ်တည်လာတဲ့သန့်စင်တဲ့ရွှမ်ရင်းစွမ်းအင်ကို
စွမ်းအားကျင့်သူတိုင်းက ကိုယ့်စွမ်းအားအဆင့်မြင့်လာဖို့အတွက်လိုချင်တပ်မက်နေကြပါတယ်။
ဒီလိုအစွမ်းထက်တဲ့သန့်စင်တဲ့ရွှမ်ရင်းကိုယ်ပိုင်ရှင်မိန်းကလေးချူ ချူ က
နတ်လောကမှာ ကိုယ့်စောင့်ရှောက်သူဖြစ်တဲ့ရှောင်ပင်းနဲ့ချစ်ကြိုက်မိပြီး
နတ်စည်းကမ်းကိုချိုးဖောက်မိလို့ နှစ်ယောက်စလုံးလူ့လောကကို
ဆင်းဖို့အပြစ်ပေးခံရပြီး ဝမ်းနည်းစရာကောင်းစွာပဲချစ်သူနှစ်ဦးရဲ့
ဇာတ်လမ်းကအဆုံးသတ်သွားခဲ့ရပါတယ်။
နှစ်တစ်ထောင်ကြာပြီးနောက် လူ့လောကကိုရောက်ရှိလာခဲ့တဲ့
သန့်စင်တဲ့ရွှမ်ရင်းကိုယ်ပိုင်ရှင်မိန်းကလေးက သူ့ကိုယ်ထဲမှာရှိတဲ့
သန့်စင်တဲ့ရွှမ်ရင်းသွေးက သူ့အသက်၂၁နှစ်မှာပဲစွမ်းအားပြည့်ဝလာမှာဖြစ်ပါတယ်။
ဒီအကြောင်းတွေကိုသိနေပြီးသန့်စင်တဲ့ရွှမ်ရင်းစွမ်းအင်ကိုတပ်မက်နေတဲ့
ဝမ်ကျားချန်ကလည်းသူ့စွမ်းအားအဆင့်တက်ဖို့အတွက်သန့်စင်တဲ့
ရွှမ်ရင်းကိုယ်ကစွမ်းအင်ကိုယူနိုင်ဖို့အချိန်ကောင်းကိုစောင့်နေခဲ့ပါတယ်…
ဝမ်ကျားချန်လက်ထဲကနေလွတ်အောင်ထွက်ပြေးရင်း
လွန်ခဲ့တဲ့နှစ်တစ်ထောင်ကချစ်သူရှောင်ပင်းနဲ့လူ့ပြည်မှာပြန်ဆုံတွေ့ရသောအခါ…
ပြန်ဆုံတွေ့ချိန်မှာလည်းချူ ချူ ရဲ့စောင့်ရှောက်သူပဲပြန်ဖြစ်လာရသောအခါ
အရင်ဘဝကဖြစ်ခဲ့တဲ့ချစ်သူနှစ်ဦးရဲ့ဝမ်းနည်းစရာအချစ်
ဇာတ်လမ်းကတစ်ကျော့ပြန်ဖြစ်လာဦးမှာလားဆိုတာကတော့….
Kulun Taoist Spictures ဆိုတဲ့ ဇာတ်ကားလေးထဲမှာ
ဆက်လက်ကြည့်ရှူ ကြပါလို့ တိုက်တွန်းလိုက်ရပါစေ…
Translated & Review By Xiao
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။