King of Thorn (2009)


Synopsis:
IMDb – 6.3/10
My anime list – 7.1 /10
“ဖြစ်ချင်တဲ့ဆန္ဒသာမရှိဘူးဆိုရင်
အိပ်မက်တွေဟာတကယ်ဖြစ်လာမှာမဟုတ်ဘူး”
2009ခုနှစ်ထုတ်ဒီဂျပန် anime လေးဟာပြောရမယ်ဆိုရင်တော့
Netflixကထုတ်တဲ့ Annihilationရုပ်ရှင်ရဲ့
ဇာတ်ကြောင်းနဲ့နည်းနည်းဆင်ပါတယ်
ဇာတ်ကြောင်းကို
ပါးပါးလေးပုတ်ရမယ်ဆိုရင်တော့ဖြင့်
၂၀၁၂ခုနစ်နှစ်လည်ပိုင်းလောက်မှာ
ကမ္ဘာပေါ်မှာရောဂါတစ်မျိုးစတင်ပျံ့နှံ့လာခဲ့ပါတယ်
ရောဂါကူးစက်ခံရသူတွေဟာ နာရီအနည်းငယ်အကြာမှာ
အသွေးအသားတွေတစ်ကိုယ်လုံး
ကျောက်သားပမာ မာကျောပြီးသေဆုံးသွားလေ့ရှိလို့
ဂရိဒဏ္ဍာရီလာ မျက်နှာမြင်တာနဲ့ကျောက်ဖြစ်စေတဲ့
မီဒူဆာနာမည်ကိုပေးထားခဲပါတယ်
ကူးစက်ခံရပြီဆိုတာနဲ့သေဆုံးဖို့
ရာခိုင်နှုန်း၁၀၀ရာခိုင်နှုန်းရှိတာမလို့
တစ်ကမ္ဘာလုံးအုတ်အော်သောင်းနင်းနဲ့
သွေးပျက်ကုန်ကြတယ်လို့ပြောရင်လည်းမမှားပါဘူး
ကုသရေးဆေးတွေကိုမပေါ်သေးပေမယ့်
ရောဂါကူးစက်ခံရလား
မခံရဘူးလားကိုရောဂါပိုးပမာဏကိုတိုင်းတာပြီး
သိနိုင်တဲ့အထိတော့ရောက်လာခဲ့ပါတယ်
ဒါပေမယ့်လည်းရောဂါကိုထိထိ
ရောက်ရောက်မကိုင်တွယ်နိုင်ဖြစ်နေဆဲပါ
အဲ့ဒီအချိန်မှာပဲဆေးဝါးကုမ္ပဏီတစ်ခုဟာ
ရောဂါကူးစက်ခံရတဲ့လူတွေအတွက်ထိရောက်တဲ့
နည်းလမ်းတစ်ခုကိုချပြခဲ့ပါတယ်
အဲ့ဒါကတော့ရောဂါကူးစက်ခံရသူတွေဟာ
Cold sleep capsule center(CSCC)
ပရောဂျက်နဲ့ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေနှေးကွေးသွားအောင်လုပ်ပြီး
ပျောက်ကင်းအောင်ကုသတဲ့ဆေးပေါ်
လာတဲ့အထိအိပ်ပျော်နေစေမယ့်နည်းလမ်းပဲ
ကနဦးအနေနဲ့လူအယောက်၁၆၀ကိုရွေးချယ်ခဲပြီး
ပရောဂျက်ကိုစလုပ်ခဲ့ပါတယ်
ဒါပေမယ့် နှစ်တစ်ရာလောက်ပဲ
အိပ်ပျော်စေဖို့ရည်ရွယ်ထားပေမယ့်
အိပ်ပျော်နေသူတွေပြန်နိုးထလာချိန်မှာတော့
ဆူးပင်ကြီးတွေနဲ့ပြည့်နှက်နေတဲ့
အခြေအနေနဲ့ကြုံတွေ့လိုက်ရပါတယ်
အဲ့ဒီဆူးပင်ကဘယ်ကရောက်လာလဲ
စမ်းသပ်ခံလူတွေဘယ်လောက်
ကြာအောင်အိပ်ပျော်သွားခဲ့တာလဲ
CSSCပရောဂျက်ရဲ့အဓိကရည်ရွယ်ချက်ကရောဘာလဲ
မီဒူဆာရောဂါကရော
ဘယ်ကရောက်လာတာလဲစတာတွေကို
စိတ်ဝင်စားစွာကြည့်ရှုရမှာပါ
ရုပ်ရှင်ကား နဲ့ အညွှန်း ကို
Dr. Nyan မှ ဘာသာပြန်ပြီး ရေးပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။