Channel Myanmar

Kick Me (2022)

ActionComedyHorror

IMDB: /10 votes

26158

Report error

442

စေတနာက ဝေဒနာဖြစ်ဆိုတဲ့စကားလိုပါပဲ။ ဒီဇာတ်လမ်းလေးကရော စောက်ရမ်းခွီရမှာဖြစ်ပြီး အူတက်အောင် ရယ်ရမယ့်ကားလေးပါ။ ၂၀၂၃ ထဲမှာပဲ ထွက်ထားတာမလို့ ခွီချင်ရင် ဒီကားလေးကိုကြည့်စေချင်ပါတယ်။ ဒါရိုက်တာ Gary Huggins က ရိုက်ကူးထားပြီးတော့ ပေါ့ပေါ့ပါးပါးကြည့်ပျော်တဲ့ကားဆိုရင်လည်း မမှားပါဘူး။
ဇာတ်လမ်းအကျဉ်း
ဆန်တီယေဂိုဗားစ်ကွာ့ဇ်ဟာ ကျောင်းလေးတစ်ကျောင်းမှာ စေတနာအရင်းခံပြီး စိတ်အားထက်သန်စွာ အလုပ်လုပ်ကိုင်နေတဲ့ကျောင်းသားအတိုင်ပင်ခံ ဆရာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ လူသာဆိုတဲ့ ဉာဏ်ကောင်းပေမယ့် ဆိုးမိုက်နေတဲ့ကောင်လေးကို ကျောင်းမှာ အတန်းပညာတတ်အောင်သင်ယူဖို့ ချော့ထားပြီး ကျောင်းကိုလည်း လူသာလိမ္မာအောင် ဆုံးမပေးမည်ဖြစ်ကြောင်းအာမခံထားပါတယ်။
တနေ့မှာတော့ လူသာဟာ ကန်းဆက်မြို့မှာရှိတဲ့ ကရာတေးကျောင်းကို လိုက်ကူပေးဖို့ ဆန်တီယေဂိုကို အပူကပ်ပါတော့တယ်။ ဆန်တီယေဂိုကလည်း အဲဒီနေ့မှာ သမီးလေး ဖျော်ဖြေတင်ဆက်မှုရှိတဲ့အတွက် မလိုက်ဖို့ငြင်းပေမယ့် အတင်းခေါ်နေတာနဲ့ လိုက်ကူလိုက်ပါတော့တယ်။ ကန်းဆက်လည်း ရောက်ရော လူသာဟာ ကရာတေးသင်တန်းကို လာတာမဟုတ်ဘဲ ဂိုဏ်းတစ်ခုနဲ့ ငွေကြေးကိစ္စ ညှိနေမှန်းသိလိုက်ရပြီး သူ့ကိုပါ လာအမှုပတ်ပါတော့တယ်။
ဒီအချိန်မှာ သူ့ခမျာ ဒီကောင်တွေလက်ထဲက ဘယ်လိုလွတ်အောင်ပြေးမလဲ၊ လူသာကရော ဘာအရှုပ်ထုပ်တွေလုပ်ထားသလဲ၊ သူရော ဒီအရှုပ်ထုပ်ထဲကလွတ်နိုင်ပါ့မလား၊ ညနေ သူ့သမီးဖျော်ဖြေမှုကိုရော အရောက်ပြန်နိုင်မလားဆိုတဲ့ တစ်နေ့တာအတွင်းမှာ ဖြစ်ပျက်သွားတဲ့ တလွဲပေါင်းချုပ်ကို အူတက်အောင ခွီရင်းကြည့်ရှုရမှာဖြစ်ပါတယ်။

 

File size…(1.6 GB)/(791 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:24:00
Genre…Action, Comedy, Horror
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Matteo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies